ကြာသပတေးနေ့က ဂရိနဲ့ စလိုဗေးနီးယားတို့ ဝ-၀ သရေကျတဲ့ပွဲမှာ လီဗာပူး ဘယ်အစွန်လူ ကိုစတက် ပါဝင်နိုင်ခဲ့ခြင်း မရှိဘဲ သူ့ကို ပွဲနေ့လူစာရင်းမှာပါ မထည့်ခဲ့ပါဘူး။

ဂရိဘက်ကတော့ သတင်းထုတ်ပြန်မှု လုပ်ပေးလာခဲ့ပြီး ကိုစတက်နဲ့ ဗဟိုခံစစ်မှူး Vasilis တို့ ဖျားနားနေတာကြောင့် ဟိုတယ်မှာပဲ ချန်ထားခဲ့တယ်လို့ သိရတယ်။ သူတို့ နှစ်ဦးကို အင်္ဂါနေ့တုန်းက ကိုဗစ် စစ်ဆေးတုန်းက ပိုမတွေးဘူးလို့ ရလဒ်ထွက်ထားခဲ့ပြီး အခုချိန်မှာတော့ ကိုစတက်တို့ နှစ်ဦးကို သီးသန့်ထား စောင့်ကြည့်နေတယ်လို့ သိရတယ်။

ဒီသတင်းဟာ လီဗာပူးအတွက်တော့ စိုးထိတ်စရာသတင်း ဖြစ်လာတယ်။ ကိုစတက်ဟာ ရာသီစကမှ လီဗာပူးအသင်းနဲ့ ပူးပေါင်းထားပြီး သြစတြီးယား ရာသီကြိုမှာ ပါဝင်ခဲ့ပါတယ်။ ကလပ်နဲ့ ပုံမှန် စစ်ဆေးမှုတွေမှာတော့ သူဟာ ဗိုင်းရပ် ကူးစက်ခံထားရခြင်း မရှိသူဖြစ်တယ်။

လက်ရွေးစင်အသင်းတွေထံ ကစားသမားတွေကို မစေလွှတ်ခင်မှာ ကလော့ပ်က ” သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို ကျနေ်ာတို့ ယုံကြည်ပါတယ်။ သူတို့ တာဝန်ယူမှုတွေ ရှိမှာပါ ” ဆိုပြီး မှတ်ချက်ပေးထားတာဖြစ်တယ်။

လီဗာပူးဟာ နောက်ထပ် ၉ ရက်အကြာမှာ လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ကို စတင် ယှဉ်ပြိုင်ရမှာပါ။ ဘယ်အစွန်အတွက် စကော်တလန်နဲ့ ပူးပေါင်းနေတဲ့ ရော်ဘတ်ဆန် ရှိနေသလို လိုအပ်လာမယ်ဆိုရင် အစားထိုးဖို့ မီလ်နာကလည်း မဲဝုဒ်မှာ ရှိနေပါတယ်။

ဂရိရဲ့ လက်ရွေးစင်ပွဲမှာ Vasilis က အချိန်မှီ သက်သာလာခဲ့ပြီး ကိုစတက်ကတော့ သက်သာမလာခဲ့ဘူး။ ဒါပေမယ့် အခြေအနေ ကောင်းမယ်လို့ မျှော်လင့်ထားရဆဲ ဖြစ်ပါတယ်။

ZAWGYI

ၾကာသပေတးေန႔က ဂရိနဲ႔ စလိုေဗးနီးယားတို႔ ၀-၀ သေရက်တဲ့ပြဲမွာ လီဗာပူး ဘယ္အစြန္လူ ကိုစတက္ ပါဝင္ႏုိင္ခဲ့ျခင္း မရွိဘဲ သူ႔ကို ပြဲေန႔လူစာရင္းမွာပါ မထည့္ခဲ့ပါဘူး။

ဂရိဘက္ကေတာ့ သတင္းထုတ္ျပန္မႈ လုပ္ေပးလာခဲ့ျပီး ကိုစတက္နဲ႔ ဗဟိုခံစစ္မွဴး Vasilis တို႔ ဖ်ားနားေနတာေၾကာင့္ ဟိုတယ္မွာပဲ ခ်န္ထားခဲ့တယ္လို႔ သိရတယ္။ သူတို႔ ႏွစ္ဦးကို အဂၤါေန႔တုန္းက ကိုဗစ္ စစ္ေဆးတုန္းက ပိုမေတြးဘူးလို႔ ရလဒ္ထြက္ထားခဲ့ျပီး အခုခ်ိန္မွာေတာ့ ကိုစတက္တို႔ ႏွစ္ဦးကို သီးသန္႔ထား ေစာင့္ၾကည့္ေနတယ္လို႔ သိရတယ္။

ဒီသတင္းဟာ လီဗာပူးအတြက္ေတာ့ စိုးထိတ္စရာသတင္း ျဖစ္လာတယ္။ ကိုစတက္ဟာ ရာသီစကမွ လီဗာပူးအသင္းနဲ႔ ပူးေပါင္းထားျပီး ၾသစၾတီးယား ရာသီၾကိဳမွာ ပါဝင္ခဲ့ပါတယ္။ ကလပ္နဲ႔ ပံုမွန္ စစ္ေဆးမႈေတြမွာေတာ့ သူဟာ ဗိုငး္ရပ္ ကူးစက္ခံထားရျခင္း မရွိသူျဖစ္တယ္။

လက္ေရြးစင္အသင္းေတြထံ ကစားသမားေတြကို မေစလႊတ္ခင္မွာ ကေလာ့ပ္က ” သက္ဆိုင္ရာ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြကို က်ေန္ာတို႔ ယံုၾကည္ပါတယ္။ သူတို႔ တာဝန္ယူမႈေတြ ရွိမွာပါ ” ဆိုျပီး မွတ္ခ်က္ေပးထားတာျဖစ္တယ္။

လီဗာပူးဟာ ေနာက္ထပ္ ၉ ရက္အၾကာမွာ လိဒ္ယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္ ရာသီအဖြင့္ကို စတင္ ယွဥ္ျပိဳင္ရမွာပါ။ ဘယ္အစြန္အတြက္ စေကာ္တလန္နဲ႔ ပူးေပါင္းေနတဲ့ ေရာ္ဘတ္ဆန္ ရွိေနသလို လိုအပ္လာမယ္ဆိုရင္ အစားထိုးဖို႔ မီလ္နာကလည္း မဲဝုဒ္မွာ ရွိေနပါတယ္။

ဂရိရဲ႕ လက္ေရြးစင္ပြဲမွာ Vasilis က အခ်ိန္မွီ သက္သာလာခဲ့ျပီး ကိုစတက္ကေတာ့ သက္သာမလာခဲ့ဘူး။ ဒါေပမယ့္ အေျခအေန ေကာင္းမယ္လို႔ ေမွ်ာ္လင့္ထားရဆဲ ျဖစ္ပါတယ္။