ဆွမ်ဆီးမန်နေဂျာ ကူပါက လီဗာပူးတိုက်စစ်သမား ဘရူးစတားကို အငှားခေါ်ယူခွင်ရဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

ကူပါဟာ အင်္ဂလန်လူငယ်အသင်းမှာတည်းက ဘရူးစတားနဲ့ ရင်းနှီးခဲ့သူဖြစ်ကာ သူဦးဆောင်နေတဲ့ ဆွမ်းဆီအသင်းကတောင် အငှားခေါ်ယူခွင့်မရခြင်းက လီဗာပူးက တိုက်စစ်သမားအတွက် မျှော်လင့်မှုက ချန်ပီယံရှစ်အဆင့်လောက်တင် မဟုတ်တော့ဘူးလို့ ယူဆရတယ်။

အငှားကမ်းလှမ်းမှုတွေကို လက်ခံရင်တောင်မှ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုကိုပဲ လက်ခံဖွယ်ရှိပြီး အခြားတစ်နည်းဖြင့် အပြီးသတ် ကမ်းလှမ်းမှုမျိုးကို လက်ခံမယ်လို့ ယူဆရပါတယ်။ လီဗာပူးက ဘရူးစတားအတွက် ပရီးမီးယားလိဂ်ကလပ် ၆ သင်းလောက်ကနေ ကမ်းလှမ်းမှုတွေ လက်ခံရထားပြီး ဖြစ်ပါတယ်။

ကူပါက ” ဘရူးစတားက လီဗာပူးကစားသမားပါ။ ရာသီကုန်မှာ သူ့ကို အငှားပြန်ခေါ်ခွင့် ရချင်ခဲ့တယ်။ ကျနော် သူ့ကို ပြန်ခေါ်လိုတာက ပြောစရာတောင် မလိုတဲ့ ကိစ္စဖြစ်ပါတယ်။ သူက လီဗာပူးကစားသမားပါ။ လီဗာပူးအသင်းရဲ့ အစီအစဉ်တွေမှာလည်း ပါဝင်နေတယ်။ ကျနေ်ာတို့မှာ လာကစားတုန်းက သူအတော်လေး ကောင်းခဲ့ပါတယ်။

ဘရူးစတားနဲ့ ပက်သက်ပြီး မှတ်ချက်တွေ အများကြီး ကျနော် ပြောခဲ့တယ်လို့ မထင်ပါဘူး။ ကျနေ်ာတို့ တိုက်စစ်သမားလိုပါတယ်။ ဘရူးစတားကို ခေါ်ယူလိုရမယ်ဆိုရင် ကျနေ်ာတို့လည်း ခေါ်ယူလိုပါတယ်။ ဒါပေမယ့် အခုအခြေအနေထိတော့ သူ့ကို အငှားခေါ်ယူလို့ ရမယ်လို့ မထင်ပါဘူး။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘရူးစတားဟာ မနှစ်တုန်းက ဆွမ်ဆီးမှာ ရာသီဝက် အငှားထွက်ကစားခဲ့ပြီး ပွဲပေါင်း ၂၂ ပွဲအတွင်း သွင်းဂိုး ၁၁ ဂိုး သွင်းယူခဲ့တယ်။ သူဟာ လက်ရှိမှာ အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ပူးပေါင်းနေပြီး အနာဂတ်ကိစ္စ သိရဖို့ စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

ZAWGYI

ဆြမ္ဆီးမန္ေနဂ်ာ ကူပါက လီဗာပူးတိုက္စစ္သမား ဘရူးစတားကို အငွားေခၚယူခြင္ရဖို႔ မျဖစ္ႏုိင္ဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

ကူပါဟာ အဂၤလန္လူငယ္အသင္းမွာတည္းက ဘရူးစတားနဲ႔ ရင္းႏွီးခဲ့သူျဖစ္ကာ သူဦးေဆာင္ေနတဲ့ ဆြမ္းဆီအသင္းကေတာင္ အငွားေခၚယူခြင့္မရျခင္းက လီဗာပူးက တိုက္စစ္သမားအတြက္ ေမွ်ာ္လင့္မႈက ခ်န္ပီယံရွစ္အဆင့္ေလာက္တင္ မဟုတ္ေတာ့ဘူးလို႔ ယူဆရတယ္။

အငွားကမ္းလွမ္းမႈေတြကို လက္ခံရင္ေတာင္မွ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ကမ္းလွမ္းမႈကိုပဲ လက္ခံဖြယ္ရွိျပီး အျခားတစ္နည္းျဖင့္ အျပီးသတ္ ကမ္းလွမ္းမႈမ်ိဳးကို လက္ခံမယ္လို႔ ယူဆရပါတယ္။ လီဗာပူးက ဘရူးစတားအတြက္ ပရီးမီးယားလိဂ္ကလပ္ ၆ သင္းေလာက္ကေန ကမ္းလွမ္းမႈေတြ လက္ခံရထားျပီး ျဖစ္ပါတယ္။

ကူပါက ” ဘရူးစတားက လီဗာပူးကစားသမားပါ။ ရာသီကုန္မွာ သူ႔ကို အငွားျပန္ေခၚခြင့္ ရခ်င္ခဲ့တယ္။ က်ေနာ္ သူ႔ကို ျပန္ေခၚလိုတာက ေျပာစရာေတာင္ မလိုတဲ့ ကိစၥျဖစ္ပါတယ္။ သူက လီဗာပူးကစားသမားပါ။ လီဗာပူးအသင္းရဲ႕ အစီအစဥ္ေတြမွာလည္း ပါဝင္ေနတယ္။ က်ေန္ာတို႔မွာ လာကစားတုန္းက သူအေတာ္ေလး ေကာင္းခဲ့ပါတယ္။

ဘရူးစတားနဲ႔ ပက္သက္ျပီး မွတ္ခ်က္ေတြ အမ်ားၾကီး က်ေနာ္ ေျပာခဲ့တယ္လို႔ မထင္ပါဘူး။ က်ေန္ာတို႔ တိုက္စစ္သမားလိုပါတယ္။ ဘရူးစတားကို ေခၚယူလိုရမယ္ဆိုရင္ က်ေန္ာတို႔လည္း ေခၚယူလိုပါတယ္။ ဒါေပမယ့္ အခုအေျခအေနထိေတာ့ သူ႔ကို အငွားေခၚယူလို႔ ရမယ္လို႔ မထင္ပါဘူး။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဘရူးစတားဟာ မႏွစ္တုန္းက ဆြမ္ဆီးမွာ ရာသီဝက္ အငွားထြက္ကစားခဲ့ျပီး ပြဲေပါင္း ၂၂ ပြဲအတြင္း သြင္းဂိုး ၁၁ ဂိုး သြင္းယူခဲ့တယ္။ သူဟာ လက္ရွိမွာ အဂၤလန္ ယူ-၂၁ အသင္းနဲ႔ ပူးေပါင္းေနျပီး အနာဂတ္ကိစၥ သိရဖို႔ ေစာင့္ၾကည့္ေနဆဲျဖစ္ပါတယ္။