ကြာသပတေးနေ့က ဂရိနဲ့ စလိုဗေးနီးယားတို့ ဝ-၀ သရေကျတဲ့ပွဲမှာ လီဗာပူး ဘယ်အစွန်လူ ကိုစတက် ပါဝင်နိုင်ခဲ့ခြင်း မရှိဘဲ သူ့ကို ပွဲနေ့လူစာရင်းမှာပါ မထည့်ခဲ့ပါဘူး။ ဂရိဘက်ကတော့ သတင်းထုတ်ပြန်မှု လုပ်ပေးလာခဲ့ပြီး ကိုစတက် ဖျားနားနေတာကြောင့် ဟိုတယ်မှာပဲ ချန်ထားခဲ့ကာ သီးသန့်ထား စောင့်ကြည့်နေတယ်လို့ သိရတယ်။

စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ သရေကျတဲ့ ပါအြပြီးမှာ သီယေဂိုက ” ယူကရိန်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲကိုပဲ စဉ်းစားထားပါတယ်။ အဲ့တာပြီးရင်တော့ ကြည့်ကြတာပေါ့။ ဘိုင်ယန်က ကျနော်ရဲ့ အိမ်ဖြစ်ပါတယ်။ အဲ့မှာရှိနေရတာကို ပျော်ရွှင်ပါတယ်။ ” ဆိုပြီး ဖြေခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လူစားလဲမှု ၅ ခုထိ လုပ်ပိုင်ခွင့်နဲ့ ပက်သက်လို့ မဲခွဲဆုံးဖြတ်မှုကို မနေ့က ပြုလုပ်ခဲ့ပြီး အဆိုတင်မှု အရေးနိမ့်ခဲ့ပါတယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ပရီးမီးယားလိဂ်ကို ပြောင်းလာနိုင်တာကို မဖြစ်ဖို့ မျှော်လင့်ကြောင်း ဝန်ခံလိုက်ပါတယ်။

ပရီးမီးယားလိဂ်ဟာ တရုတ်ကုမ္ပဏီ Suning Holdings ရယူထားတဲ့ တရုတ်ပြည်တွင်းမှာ ပေါင် ၅၆၄ သန်းဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြသခွင့်စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။ လီဗာပူးအသင်းကလည်း အခြားသော ကလပ် ၂၀ လိုပဲ ရုပ်သံလွှင့်ခ တစိတ်တပိုင်း ဆုံးရံှူးရမှာပါ။

လီဗာပူးကစားသမားတွေဖြစ်တဲ့ ဂျော်ဒန် ဟန်ဒါဆန်၊ ဆာဒီယို မာနေး၊ ဗာဂျယ် ဗန်ဒိုက်၊ ထရန့် အလက်ဇန္ဒား-အာနိုးတို့ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ 𝗣𝗙𝗔 𝗣𝗹𝗮𝘆𝗲𝗿𝘀’ 𝗣𝗹𝗮𝘆𝗲𝗿 𝗼𝗳 𝘁𝗵𝗲 𝗬𝗲𝗮𝗿 ဆုအတွက် ဆန်ကာတင်စာရင်းထဲမှာ ပါဝင်သွားပါတယ်။

ဆွမ်ဆီးမန်နေဂျာ ကူပါက လီဗာပူးတိုက်စစ်သမား ဘရူးစတားကို အငှားခေါ်ယူခွင်ရဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ ကူပါဟာ အင်္ဂလန်လူငယ်အသင်းမှာတည်းက ဘရူးစတားနဲ့ ရင်းနှီးခဲ့သူဖြစ်ကာ သူဦးဆောင်နေတဲ့ ဆွမ်းဆီအသင်းကတောင် အငှားခေါ်ယူခွင့်မရခြင်းက လီဗာပူးက တိုက်စစ်သမား ပရီးမီးယားလိဂ်ကလပ်တွေထံပဲ အငှားချလိုတယ်လို့ ယုံကြည်ရပါတယ်။

လီဗာပူးရဲ့ အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်ရမယ့် ပထမဆုံးပွဲက လာမယ့်လ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့ပွဲပဲ ဖြစ်ပါလိမ့်မယ်လို့ The Athletic က ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းမှာ အသင်းသား ၁၀ ဦးလောက်ထိကို ရှင်းထုတ်ပြီး လာမယ့်ရာသီတွေအတွက် ရည်ရွယ်တဲ့ လူစာရင်း တည်ဆောက်မှု အခြေခံ လုပ်ငန်းကို စတင်သွားလိုနေပါတယ်။

နိုင်ငံတကာပွဲ သီတင်းပတ်အဖြစ် ဖင်လန်နဲ့ ဝေလ်းပွဲမှာတော့ လီဗာပူးလူငယ်တွေဖြစ်တဲ့ ဟယ်ရီဝဲလ်ဆန်နဲ့ ဝီလီယမ်တို့ လူစားဝင်တွေအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဝဲလ်ဆန်က ဂါရတ်ဘေလ်းနေရာမှာ ၄၅ မိနစ် လူစားဝင်ပြီး ဝီလီယမ်က မိနစ် ၃၀ စာ ဝင်ကစားခဲ့တယ်။ ဒီပွဲဟာ ဝီလီယမ်အတွက် ဝေလ်းလက်ရွေးစင်ဘဝ ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။

ZAWGYI

ၾကာသပေတးေန႔က ဂရိနဲ႔ စလိုေဗးနီးယားတို႔ ၀-၀ သေရက်တဲ့ပြဲမွာ လီဗာပူး ဘယ္အစြန္လူ ကိုစတက္ ပါဝင္ႏုိင္ခဲ့ျခင္း မရွိဘဲ သူ႔ကို ပြဲေန႔လူစာရင္းမွာပါ မထည့္ခဲ့ပါဘူး။ ဂရိဘက္ကေတာ့ သတင္းထုတ္ျပန္မႈ လုပ္ေပးလာခဲ့ျပီး ကိုစတက္ ဖ်ားနားေနတာေၾကာင့္ ဟိုတယ္မွာပဲ ခ်န္ထားခဲ့ကာ သီးသန္႔ထား ေစာင့္ၾကည့္ေနတယ္လို႔ သိရတယ္။

စပိန္အသင္းနဲ႔ ဂ်ာမနီအသင္းတို႔ သေရက်တဲ့ ပါျအျပီးမွာ သီေယဂိုက ” ယူကရိန္းနဲ႔ ရင္ဆိုင္ရတဲ့ ပြဲကိုပဲ စဥ္းစားထားပါတယ္။ အဲ့တာျပီးရင္ေတာ့ ၾကည့္ၾကတာေပါ့။ ဘိုင္ယန္က က်ေနာ္ရဲ႕ အိမ္ျဖစ္ပါတယ္။ အဲ့မွာရွိေနရတာကို ေပ်ာ္ရႊင္ပါတယ္။ ” ဆိုျပီး ေျဖခဲ့ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ လူစားလဲမႈ ၅ ခုထိ လုပ္ပိုင္ခြင့္နဲ႔ ပက္သက္လို႔ မဲခြဲဆံုးျဖတ္မႈကို မေန႔က ျပဳလုပ္ခဲ့ျပီး အဆိုတင္မႈ အေရးနိမ့္ခဲ့ပါတယ္။

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီ ပရီးမီးယားလိဂ္ကို ေျပာင္းလာႏုိင္တာကို မျဖစ္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဝန္ခံလိုက္ပါတယ္။

ပရီးမီးယားလိဂ္ဟာ တရုတ္ကုမၸဏီ Suning Holdings ရယူထားတဲ့ တရုတ္ျပည္တြင္းမွာ ေပါင္ ၅၆၄ သန္းျဖင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပသခြင့္စာခ်ဳပ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။ လီဗာပူးအသင္းကလည္း အျခားေသာ ကလပ္ ၂၀ လိုပဲ ရုပ္သံလႊင့္ခ တစိတ္တပိုင္း ဆံုးရံွဴးရမွာပါ။

လီဗာပူးကစားသမားေတြျဖစ္တဲ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္၊ ဆာဒီယို မာေနး၊ ဗာဂ်ယ္ ဗန္ဒိုက္၊ ထရန႔္ အလက္ဇႏၵား-အာႏိုးတို႔ဟာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီ 𝗣𝗙𝗔 𝗣𝗹𝗮𝘆𝗲𝗿𝘀’ 𝗣𝗹𝗮𝘆𝗲𝗿 𝗼𝗳 𝘁𝗵𝗲 𝗬𝗲𝗮𝗿 ဆုအတြက္ ဆန္ကာတင္စာရင္းထဲမွာ ပါဝင္သြားပါတယ္။

ဆြမ္ဆီးမန္ေနဂ်ာ ကူပါက လီဗာပူးတိုက္စစ္သမား ဘရူးစတားကို အငွားေခၚယူခြင္ရဖို႔ မျဖစ္ႏုိင္ဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။ ကူပါဟာ အဂၤလန္လူငယ္အသင္းမွာတည္းက ဘရူးစတားနဲ႔ ရင္းႏွီးခဲ့သူျဖစ္ကာ သူဦးေဆာင္ေနတဲ့ ဆြမ္းဆီအသင္းကေတာင္ အငွားေခၚယူခြင့္မရျခင္းက လီဗာပူးက တိုက္စစ္သမား ပရီးမီးယားလိဂ္ကလပ္ေတြထံပဲ အငွားခ်လိုတယ္လို႔ ယံုၾကည္ရပါတယ္။

လီဗာပူးရဲ႕ အန္ဖီးကြင္းထဲ ပရိသတ္ေတြ ဝင္ခြင့္ရမယ့္ ပထမဆံုးပြဲက လာမယ့္လ ရွက္ဖီးယူႏုိက္တက္နဲ႔ ရင္ဆိုင္ကစားတဲ့ပြဲပဲ ျဖစ္ပါလိမ့္မယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြင္းမွာ အသင္းသား ၁၀ ဦးေလာက္ထိကို ရွင္းထုတ္ျပီး လာမယ့္ရာသီေတြအတြက္ ရည္ရြယ္တဲ့ လူစာရင္း တည္ေဆာက္မႈ အေျခခံ လုပ္ငန္းကို စတင္သြားလိုေနပါတယ္။

ႏိုင္ငံတကာပြဲ သီတင္းပတ္အျဖစ္ ဖင္လန္နဲ႔ ေဝလ္းပြဲမွာေတာ့ လီဗာပူးလူငယ္ေတြျဖစ္တဲ့ ဟယ္ရီဝဲလ္ဆန္နဲ႔ ဝီလီယမ္တို႔ လူစားဝင္ေတြအျဖစ္ ပါဝင္ကစားခဲ့ပါတယ္။ ဝဲလ္ဆန္က ဂါရတ္ေဘလ္းေနရာမွာ ၄၅ မိနစ္ လူစားဝင္ၿပီး ဝီလီယမ္က မိနစ္ ၃၀ စာ ဝင္ကစားခဲ့တယ္။ ဒီပြဲဟာ ဝီလီယမ္အတြက္ ေဝလ္းလက္ေ႐ြးစင္ဘဝ ပထမဆုံးပြဲလည္း ျဖစ္ပါတယ္။