လိုင်ယွန်နယ်မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ခွာမှာ မဟုတ်ဘဲ တစ်ရာသီ ဆက်နေသွားတော့မှာပါ။ သူက ဘာစီလိုနာကနေ ထွက်ခွာလိုခဲ့ပေမယ့် ကိစ္စတွေက အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ဘာစီလိုနာက ထွက်ဖို ကြိုးစားခဲ့တဲ့ အကြောင်းရင်းကို ပြောရာမှာ ချန်ပီယံလိဂ်မှာ အရှက်တကွဲ အရေးနိမ့်မှုတွေက အဓိက ကျပါတယ်လို့ မက်ဆီက ဝန်ခံတယ်။

မက်ဆီက ” ဘာစီလိုနာကနေ ထွက်မယ်လို့ ဇနီးနဲ့ သားသမီးတွေကို ပြောဆို ဆွေးနွေးမှုလုပ်ခဲ့တယ်။ မိသားစုတစ်ခုလုံး ငိုကြွေးခဲ့ကြပြီး ကလေးတွေက ဘာစီလိုနာကနေ မထွက်လိုကြဘူး။ သူတို့ ကျောင်းတွေလည်း မပြောင်းချင်ကြဘူး။

ဒါပေမယ့် အနာဂတ်ကို ကြည့်မယ်ဆိုရင် ကျနော် အမြင့်ဆုံးတွေ လိုချင်တယ်။ ဆုဖလားတွေ ချန်ပီယံလိဂ်ဖလားတွေပေါ့။ အနိုင်ရတာတွေ အရေးနိမ့်တာတွေ ရှိနိုင်ပါတယ်။ ဆုဖလားအောင်မြင်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ်က ပြည့်စုံနေဖို့ လိုပါတယ်။

ချန်ပီယံလိဂ်လို ဆုဖလားကို အောင်မြင်ရမှာဖြစ်ပြီး ရိုးမား၊ လီဗာပူး၊ လစ္စဘွန်းမှာ ကျဆုံးခဲ့သလိုတွေ ဖြစ်လို့ မရပါဘူး။ ဒီ အရေးနိမ့်မှုတွေကပဲ ဘာစီလိုနာကနေ ထွက်ခွာဖို့ ကျနော်ကို စဉ်းစားလာစေခဲ့တာပါ ” လို့ ရှင်းပြခဲ့ပါတယ်.

၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ နူးကမ့်ကွင်းအတွင်း ၃-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ လီဗာပူးဟာ အန်ဖီးကွင်းမှာ ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ယူပြခဲ့တယ်။ အဆိုပါ နှစ်ကျော့ပွဲဟာ ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံး comeback တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဆိုပါပွဲကပဲ ဘာစီလိုနာရဲ့ ယုံကြည်မှုတွေကို ရိုက်ချိုးခဲ့ခြင်းဖြစ်ကာ အန်ဖီးကွင်းက အရှက်ရစရာ အရေးနိမ့်မှုအပြီး တစ်နှစ်ကျော်လာတဲ့အထိ ဘာစီလိုနာဟာ ပုံစံကောင်းတွေ မရကာ မနှစ်ကရာသီမှာတော့ ဆုဖလားလက်မဲ့ဖြင့် ရာသီသိမ်းခဲ့တာဖြစ်ပါတယ်။

ZAWGYI

လိုင္ယြန္နယ္မက္ဆီဟာ ဘာစီလိုနာကေန ထြက္ခြာမွာ မဟုတ္ဘဲ တစ္ရာသီ ဆက္ေနသြားေတာ့မွာပါ။ သူက ဘာစီလိုနာကေန ထြက္ခြာလိုခဲ့ေပမယ့္ ကိစၥေတြက ေအာင္ျမင္ခဲ့ျခင္း မရွိပါဘူး။

ဘာစီလိုနာက ထြက္ဖို ၾကိဳးစားခဲ့တဲ့ အေၾကာင္းရင္းကို ေျပာရာမွာ ခ်န္ပီယံလိဂ္မွာ အရွက္တကြဲ အေရးနိမ့္မႈေတြက အဓိက က်ပါတယ္လို႔ မက္ဆီက ဝန္ခံတယ္။

မက္ဆီက ” ဘာစီလိုနာကေန ထြက္မယ္လို႔ ဇနီးနဲ႔ သားသမီးေတြကို ေျပာဆို ေဆြးေႏြးမႈလုပ္ခဲ့တယ္။ မိသားစုတစ္ခုလံုး ငိုေၾကြးခဲ့ၾကျပီး ကေလးေတြက ဘာစီလိုနာကေန မထြက္လိုၾကဘူး။ သူတို႔ ေက်ာင္းေတြလည္း မေျပာင္းခ်င္ၾကဘူး။

ဒါေပမယ့္ အနာဂတ္ကို ၾကည့္မယ္ဆိုရင္ က်ေနာ္ အျမင့္ဆံုးေတြ လိုခ်င္တယ္။ ဆုဖလားေတြ ခ်န္ပီယံလိဂ္ဖလားေတြေပါ့။ အႏုိင္ရတာေတြ အေရးနိမ့္တာေတြ ရွိႏုိင္ပါတယ္။ ဆုဖလားေအာင္ျမင္ဖို႔က ခက္ခဲပါတယ္။ ဒါေပမယ့္ ကိုယ္က ျပည့္စံုေနဖို႔ လိုပါတယ္။

ခ်န္ပီယံလိဂ္လို ဆုဖလားကို ေအာင္ျမင္ရမွာျဖစ္ျပီး ရိုးမား၊ လီဗာပူး၊ လစၥဘြန္းမွာ က်ဆံုးခဲ့သလိုေတြ ျဖစ္လို႔ မရပါဘူး။ ဒီ အေရးနိမ့္မႈေတြကပဲ ဘာစီလိုနာကေန ထြက္ခြာဖို႔ က်ေနာ္ကို စဥ္းစားလာေစခဲ့တာပါ ” လို႔ ရွင္းျပခဲ့ပါတယ္.

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ ႏူးကမ့္ကြင္းအတြင္း ၃-၀ နဲ႔ အေရးနိမ့္ခဲ့တဲ့ လီဗာပူးဟာ အန္ဖီးကြင္းမွာ ဘာစီလိုနာကို ၄-၀ နဲ႔ အႏိုင္ယူျပခဲ့တယ္။ အဆိုပါ ႏွစ္ေက်ာ့ပြဲဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အေကာင္းဆံုး comeback ေတြထဲက တစ္ခုအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အဆိုပါပြဲကပဲ ဘာစီလိုနာရဲ႕ ယံုၾကည္မႈေတြကို ရိုက္ခ်ိဳးခဲ့ျခင္းျဖစ္ကာ အန္ဖီးကြင္းက အရွက္ရစရာ အေရးနိမ့္မႈအျပီး တစ္ႏွစ္ေက်ာ္လာတဲ့အထိ ဘာစီလိုနာဟာ ပံုစံေကာင္းေတြ မရကာ မႏွစ္ကရာသီမွာေတာ့ ဆုဖလားလက္မဲ့ျဖင့္ ရာသီသိမ္းခဲ့တာျဖစ္ပါတယ္။