လီဗာပူးလူငယ် ကစားသမား ထရန့် အလက်ဇန္ဒား-အာနိုးဟာ လက်ရှိ သူ့မျိုးဆက်ထဲမှာတော့ အကောင်းဆုံးသော ကစားသမားအဖြစ် မှတ်ကျောက်တင်ခဲ့ပြီဖြစ်ပါတယ်။

ထရန့်ဟာ ဒီရာသီအတွက် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက်တင် မကဘဲ၊ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆုအတွက်ပါ ဆန်ကာတင်စာရင်း ဝင်ခဲ့သူပါ။ ထရန့်ဟာ ဒီ ဆုနှစ်ဆုလုံးအတွက် ဆန်ကာတင်စာရင်းဝင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ကာ အနည်းဆုံး ၁ ဆုကို သေချာပေါက် အနိုင်ရဖို့ ရှိလာပါတယ်။

အသက် ၂၁ နှစ်အရွယ် ထရန့်ဟာ ပရီးမီးယားလိဂ်မှာ ခံစစ်သမား တစ်ဦးအဖြစ် ဂိုးထောက်ပံ့မှု အမြင့်ဆုံး စံချိန်ကို နှစ်နှစ်ဆက် ချိုးဖျက်ခဲ့သူဖြစ်တယ်။ မနှစ်ကရာသီမှာ ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်နိုင်ခဲ့ပြီး ဒါက မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနောက် လိဂ်ရဲ့ ဒုတိယအမြင့်ဆုံး ကစားသမားဖြစ်ပါတယ်။

ထရန့်ဟာ အသက် ၂၁ နှစ်အရွယ်မှာတင်ပဲ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတို့ကို အောင်မြင်ခဲ့ပြီး ဥရောပရဲ့ မျိုးဆက်တစ်ခုအတွင်း အကောင်းဆုံး ကစားသမားတွေထဲမှာ အမ်ဘတ်ပီ၊ ဖီလစ်တို့နဲ့အတူ အကောင်းဆုံးဆုတွေအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့သေးသူဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်တင် မဟုတ်ဘဲ ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး ညာအစွန်လူအဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီးသူ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ၂၀၀၁ ခုနှစ်တုန်းက စတီဗင်ဂျရတ် အနိုင်ရပြီးနောက်ပိုင်း PFA အကောင်းဆုံး လူငယ်ဆုကို အနိုင်ရခဲ့တဲ့ ကစားသမား မရှိသေးပါဘူး။ ထရန့်ဟာ စတီဗင်ဂျရတ်၊ အီရန်ရှပ်၊ ရော်ဘီဖောင်လာ၊ မိုင်ကယ်အိုဝင်တို့ရဲ့ ခြေရာကို နင်းနိုင်မယ့် ပထမဆုံးသော လီဗာပူးအသင်းသားလည်း ဖြစ်လာမှာပါ။

ဆုပေးပွဲကိုတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ပေးသွားမှာဖြစ်ပါတယ်။

PFA Players’ Player of the Year shortlisted

Virgil van Dijk, Jordan Henderson, Sadio Mane, Trent Alexander-Arnold, Raheem Sterling, Kevin De Bruyne.

PFA Young Player of the Year awards shortlisted

Alexander-Arnold, Bukayo Saka, Tammy Abraham, Mason Mount, Marcus Rashford, Mason Greenwood.

ZAWGYI

လီဗာပူးလူငယ္ ကစားသမား ထရန္႔ အလက္ဇႏၵား-အာႏိုးဟာ လက္ရွိ သူ႔မ်ိဳးဆက္ထဲမွာေတာ့ အေကာင္းဆံုးေသာ ကစားသမားအျဖစ္ မွတ္ေက်ာက္တင္ခဲ့ျပီျဖစ္ပါတယ္။

ထရန္႔ဟာ ဒီရာသီအတြက္ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုအတြက္တင္ မကဘဲ၊ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး လူငယ္ဆုအတြက္ပါ ဆန္ကာတင္စာရင္း ဝင္ခဲ့သူပါ။ ထရန္႔ဟာ ဒီ ဆုႏွစ္ဆုလံုးအတြက္ ဆန္ကာတင္စာရင္းဝင္တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ကာ အနည္းဆံုး ၁ ဆုကို ေသခ်ာေပါက္ အႏိုင္ရဖို႔ ရွိလာပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ထရန္႔ဟာ ပရီးမီးယားလိဂ္မွာ ခံစစ္သမား တစ္ဦးအျဖစ္ ဂိုးေထာက္ပံ့မႈ အျမင့္ဆံုး စံခ်ိန္ကို ႏွစ္ႏွစ္ဆက္ ခ်ိဳးဖ်က္ခဲ့သူျဖစ္တယ္။ မႏွစ္ကရာသီမွာ ဂိုးေထာက္ပံ့မႈ ၁၃ ၾကိမ္ လုပ္ႏုိင္ခဲ့ျပီး ဒါက မန္စီးတီး ကြင္းလယ္ဖန္တီးရွင္ ဒီဘရိုင္းေနာက္ လိဂ္ရဲ႕ ဒုတိယအျမင့္ဆံုး ကစားသမားျဖစ္ပါတယ္။

ထရန္႔ဟာ အသက္ ၂၁ ႏွစ္အရြယ္မွာတင္ပဲ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားတို႔ကို ေအာင္ျမင္ခဲ့ျပီး ဥေရာပရဲ႕ မ်ိဳးဆက္တစ္ခုအတြင္း အေကာင္းဆံုး ကစားသမားေတြထဲမွာ အမ္ဘတ္ပီ၊ ဖီလစ္တို႔နဲ႔အတူ အေကာင္းဆံုးဆုေတြအတြက္ ဆန္ကာတင္စာရင္းထဲ ပါဝင္ခဲ့ေသးသူျဖစ္တယ္။ သူဟာ ပရီးမီးယားလိဂ္တင္ မဟုတ္ဘဲ ယူအီးအက္ဖ္ေအရဲ႕ အေကာင္းဆံုး ညာအစြန္လူအျဖစ္ မွတ္တမ္းဝင္ထားခဲ့ျပီးသူ ျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ၂၀၀၁ ခုႏွစ္တုန္းက စတီဗင္ဂ်ရတ္ အႏုိင္ရျပီးေနာက္ပိုင္း PFA အေကာင္းဆံုး လူငယ္ဆုကို အႏုိင္ရခဲ့တဲ့ ကစားသမား မရွိေသးပါဘူး။ ထရန္႔ဟာ စတီဗင္ဂ်ရတ္၊ အီရန္ရွပ္၊ ေရာ္ဘီေဖာင္လာ၊ မုိင္ကယ္အိုဝင္တို႔ရဲ႕ ေျခရာကို နင္းႏုိင္မယ့္ ပထမဆံုးေသာ လီဗာပူးအသင္းသားလည္း ျဖစ္လာမွာပါ။

ဆုေပးပြဲကိုေတာ့ စက္တင္ဘာလ ၈ ရက္ေန႔မွာ ေပးသြားမွာျဖစ္ပါတယ္။