ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ခန့်မှန်းသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ရော်ဘီ ဆားဗေ့ချ်က ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လိဂ်ချန်ပီယံနဲ့ ထိပ်ဆုံး ၄ သင်းတွေကို ရာသီကြိုမှာတင် ကြိုတင် ခန့်မှန်းသွားခဲ့တယ်။

ရော်ဘီဆားဗေ့ချ်က ” အရင်ဘောလုံးရာသီအပြီး ၄၁ ရက် အကြာမှာပဲ ရာသီသစ်ကို ပြန်စပါမယ်။ ပြောဖို့ရာ စောသေးပေမယ့် ကျနော်ရဲ့ အမြင်တွေကို ပြောလိုပါတယ် ” လို့ ထုတ်ဖော်ခဲ့တယ်။ သူခန့်မှန်းသွားတဲ့ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ထိပ်ဆုံး ၄ သင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဆားဗေ့ချ်က ” ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံက လီဗာပူးအသင်းဖြစ်ပါမယ်။

ယာဂင်ကလော့ပ်က သူ့ခြေထောက်အောက်က မြက်တွေကို ကြီးထွားခွင့်ပြုတတ်တဲ့ ခပ်ပျော့ပျော့ မန်နေဂျာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ရမှတ်ပေါင်း ၁၉၆ မှတ် ရယူနိုင်ခဲ့တယ်။ ခံစစ်က သိပ်ကျစ်လစ်ပြီး ဗန်ဒိုက်က ခံစစ်ရဲ့ နှလုံးသားဖြစ်တယ်။ ဒီလို ခံစစ်နဲ့ပဲ အောင်မြင်မှုတွေရဲ့ အခြေခံကောင်းအဖြစ် တည်ဆောက်ခဲ့တယ်။ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၇၇ ပွဲမှာ ၄ ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။ ” လို့ ခန့်မှန်းခဲ့တာဖြစ်တယ်။

ရာသီသစ်အတွင်း ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူးကို အလေးပေးမှုက ၂-၁ ဖြစ်ပါတယ်။ ထိပ်ဆုံး လေးသင်းအတွက် ဆားဗေ့ချ်ရဲ့ ခန့်မှန်းမှုတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။

ချန်ပီယံအဖြစ် အလေးပေးခံရမှု (12-1) ရှိတဲ့ ယူနိုက်တက်ကိုတော့ ချန်ပီယံအဖြစ် စိန်ခေါ်ပြီး ဒုတိယနေရာရမယ့် အသင်းအဖြစ် ခန့်မှန်းခဲ့တယ်။ ချန်ပီယံအဖြစ် အလေးပေးခံရမှု (11-1) မှာရှိတဲ့ ချယ်ဆီးကိုတော့ တတိယနေရာအဖြစ် ခန့်မှန်းခဲ့ကာ၊ ရာသီသစ်မှာ ချန်ပီယံဖြစ်မယ်လို့ ရေပန်းအစားဆုံးသော မန်စီးတီးကိုတော့ စတုတ္ထနေရာမှာပဲ ရပ်တည်နိုင်မယ်လို့ ရော်ဘီ ဆားဗေ့ချ်က ခန့်မှန်းသွားပါတယ်။

Premier League predictions: Robbie Savage

Champions – LIVERPOOL
Runners-up – MANCHESTER UNITED
3rd – CHELSEA
4th – MANCHESTER CITY

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကို ခန္႔မွန္းသံုးသပ္သူ တစ္ဦးျဖစ္တဲ့ ေရာ္ဘီ ဆားေဗ့ခ်္က ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ လိဂ္ခ်န္ပီယံနဲ႔ ထိပ္ဆံုး ၄ သင္းေတြကို ရာသီၾကိဳမွာတင္ ၾကိဳတင္ ခန္႔မွန္းသြားခဲ့တယ္။

ေရာ္ဘီဆားေဗ့ခ်္က ” အရင္ေဘာလံုးရာသီအျပီး ၄၁ ရက္ အၾကာမွာပဲ ရာသီသစ္ကို ျပန္စပါမယ္။ ေျပာဖို႔ရာ ေစာေသးေပမယ့္ က်ေနာ္ရဲ႕ အျမင္ေတြကို ေျပာလိုပါတယ္ ” လို႔ ထုတ္ေဖာ္ခဲ့တယ္။ သူခန္႔မွန္းသြားတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံနဲ႔ ထိပ္ဆံုး ၄ သင္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ဆားေဗ့ခ်္က ” ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံက လီဗာပူးအသင္းျဖစ္ပါမယ္။

ယာဂင္ကေလာ့ပ္က သူ႔ေျခေထာက္ေအာက္က ျမက္ေတြကို ၾကီးထြားခြင့္ျပဳတတ္တဲ့ ခပ္ေပ်ာ့ေပ်ာ့ မန္ေနဂ်ာ မဟုတ္ပါဘူး။ ျပီးခဲ့တဲ့ ႏွစ္ရာသီမွာ ရမွတ္ေပါင္း ၁၉၆ မွတ္ ရယူႏုိင္ခဲ့တယ္။ ခံစစ္က သိပ္က်စ္လစ္ျပီး ဗန္ဒိုက္က ခံစစ္ရဲ႕ ႏွလံုးသားျဖစ္တယ္။ ဒီလို ခံစစ္နဲ႔ပဲ ေအာင္ျမင္မႈေတြရဲ႕ အေျခခံေကာင္းအျဖစ္ တည္ေဆာက္ခဲ့တယ္။ ေနာက္ဆံုး ယွဥ္ျပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ ၇၇ ပြဲမွာ ၄ ပြဲသာ အေရးနိမ့္ခဲ့ပါတယ္။ ” လို႔ ခန္႔မွန္းခဲ့တာျဖစ္တယ္။

ရာသီသစ္အတြင္း ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ လီဗာပူးကို အေလးေပးမႈက ၂-၁ ျဖစ္ပါတယ္။ ထိပ္ဆံုး ေလးသင္းအတြက္ ဆားေဗ့ခ်္ရဲ႕ ခန္႔မွန္းမႈေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္တယ္။

ခ်န္ပီယံအျဖစ္ အေလးေပးခံရမႈ (12-1) ရွိတဲ့ ယူႏုိက္တက္ကိုေတာ့ ခ်န္ပီယံအျဖစ္ စိန္ေခၚျပီး ဒုတိယေနရာရမယ့္ အသင္းအျဖစ္ ခန္႔မွန္းခဲ့တယ္။ ခ်န္ပီယံအျဖစ္ အေလးေပးခံရမႈ (11-1) မွာရွိတဲ့ ခ်ယ္ဆီးကိုေတာ့ တတိယေနရာအျဖစ္ ခန္႔မွန္းခဲ့ကာ၊ ရာသီသစ္မွာ ခ်န္ပီယံျဖစ္မယ္လို႔ ေရပန္းအစားဆံုးေသာ မန္စီးတီးကိုေတာ့ စတုတၳေနရာမွာပဲ ရပ္တည္ႏုိင္မယ္လို႔ ေရာ္ဘီ ဆားေဗ့ခ်္က ခန္႔မွန္းသြားပါတယ္။