လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ လက်ရွေးစင်အသင်းကနေ မဲဝုဒ်ထံသို့ မျှော်လင့်ထားတာထက် ပိုစောစော ပြန်လာမယ်လို့ သိရပါတယ်။

ဂလက်စဂိုမှာ အစ္စရေးနဲ့ ယှဉ်ပြိုင်ကစားပြီး ၁-၁ သရေကျတဲ့ပွဲအပြီးမှာ စကော်တလန်ရဲ့ လာမယ့်ပွဲက ချက်အသင်းနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ချက်အသင်းက စလိုဗားကီးယားပွဲအပြီးမှာပဲ ကိုဗစ်ကူးစက်မှုကို ပြင်ဆင်သွားရမှာ ဖြစ်ခြင်းကြောင့် စကော်တလန်နဲ့ ပွဲကို ဆက်ကစားမှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာခဲ့တယ်။

စကော်တလန်အသင်းက လက်ရွေးစင်ပွဲ ဆက်ကစားဖို့ မရှိတော့ခြင်းကြောင့် အသင်းသားတွေကို သက်ဆိုင်ရာကလပ်တွေထံ ပြန်ပို့မှာဖြစ်တယ်။ စကော်တလန် ဘယ်အစွန်လူ ရော်ဘတ်ဆန်က တနင်္လာနေ့မှာပဲ လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းသွားပါမယ်။

အခြားသတင်းအဖြစ် ဂရိနဲ့ သွားရောက် ပူးပေါင်းထားတဲ့ ဘယ်အစွန်လူ ကိုစတက်ဟာ ကိုဗစ် ကူးစက်ခံရတယ်ဆိုတဲ့ သံသယကြောင့် တစ်ဦးတည်းထား စောင့်ကြည့်မှုတွေ လုပ်ထားတယ်။ ဒီမနက်မှာတော့ ဂရိ ပြည်တွင်းသတင်းတွေက ကိုစတက် ကိုဗစ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြလာခဲ့ကြတယ်။

လီဗာပူးဘက်ကတော့ ကိုစတက်နဲ့ ပက်သက်ပြီး သတင်းထုတ်ပြန်ပေးခြင်း မရှိပါဘူး။ နေ့ခင်းပိုင်းကတော့ ကိုစတက်ဟာ အင်စတာဂရမ်မှာ My Day တစ်ခု တင်သွားခဲ့တယ်။ အဆိုပါ ပုံမှာတော့ Mask ကို နှာခေါင်းဖော်ထားတဲ့ ပုံကို တင်ထားတာကြောင့် အခြေအနေ ဝေခွဲရခက်ပေမယ့် ကိုဗစ် ကူးစက်ခံရတဲ့ဆိုတဲ့ သတင်း မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။

ကိုစတက်မှာ ကိုဗစ်ပိုးတွေ့မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိနေမှာဖြစ်ကာ လူမြင်ကွင်းပေါ် ထွက်ခြင်းတွေ လုပ်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သာမာန် ဖျားနာခြင်းလို့ ယူဆရဖွယ်ရှိပြီး ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ လက္ေရြးစင္အသင္းကေန မဲဝုဒ္ထံသို႔ ေမွ်ာ္လင့္ထားတာထက္ ပိုေစာေစာ ျပန္လာမယ္လို႔ သိရပါတယ္။

ဂလက္စဂိုမွာ အစၥေရးနဲ႔ ယွဥ္ျပိဳင္ကစားျပီး ၁-၁ သေရက်တဲ့ပြဲအျပီးမွာ စေကာ္တလန္ရဲ႕ လာမယ့္ပြဲက ခ်က္အသင္းနဲ႔ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ခ်က္အသင္းက စလိုဗားကီးယားပြဲအျပီးမွာပဲ ကိုဗစ္ကူးစက္မႈကို ျပင္ဆင္သြားရမွာ ျဖစ္ျခင္းေၾကာင့္ စေကာ္တလန္နဲ႔ ပြဲကို ဆက္ကစားမွာ မဟုတ္ဘူးလို႔ တရားဝင္ ေၾကညာခဲ့တယ္။

စေကာ္တလန္အသင္းက လက္ေရြးစင္ပြဲ ဆက္ကစားဖို႔ မရွိေတာ့ျခင္းေၾကာင့္ အသင္းသားေတြကို သက္ဆိုင္ရာကလပ္ေတြထံ ျပန္ပို႔မွာျဖစ္တယ္။ စေကာ္တလန္ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က တနလၤာေန႔မွာပဲ လီဗာပူးအသင္းနဲ႔ ျပန္လည္ ပူးေပါင္းသြားပါမယ္။

အျခားသတင္းအျဖစ္ ဂရိနဲ႔ သြားေရာက္ ပူးေပါင္းထားတဲ့ ဘယ္အစြန္လူ ကိုစတက္ဟာ ကိုဗစ္ ကူးစက္ခံရတယ္ဆိုတဲ့ သံသယေၾကာင့္ တစ္ဦးတည္းထား ေစာင့္ၾကည့္မႈေတြ လုပ္ထားတယ္။ ဒီမနက္မွာေတာ့ ဂရိ ျပည္တြင္းသတင္းေတြက ကိုစတက္ ကိုဗစ္ ကူးစက္ခံရတယ္ဆိုတဲ့ သတင္းေတြ ေဖာ္ျပလာခဲ့ၾကတယ္။

လီဗာပူးဘက္ကေတာ့ ကိုစတက္နဲ႔ ပက္သက္ျပီး သတင္းထုတ္ျပန္ေပးျခင္း မရွိပါဘူး။ ေန႔ခင္းပိုင္းကေတာ့ ကိုစတက္ဟာ အင္စတာဂရမ္မွာ My Day တစ္ခု တင္သြားခဲ့တယ္။ အဆိုပါ ပံုမွာေတာ့ Mask ကို ႏွာေခါင္းေဖာ္ထားတဲ့ ပံုကို တင္ထားတာေၾကာင့္ အေျခအေန ေဝခြဲရခက္ေပမယ့္ ကိုဗစ္ ကူးစက္ခံရတဲ့ဆိုတဲ့ သတင္း မျဖစ္ႏိုင္ဘူးလို႔ ယူဆရပါတယ္။

ကိုစတက္မွာ ကိုဗစ္ပိုးေတြ႔မယ္ဆိုရင္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ရွိေနမွာျဖစ္ကာ လူျမင္ကြင္းေပၚ ထြက္ျခင္းေတြ လုပ္ခြင့္ရွိမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သာမာန္ ဖ်ားနာျခင္းလို႔ ယူဆရဖြယ္ရွိျပီး ဆက္လက္ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။