နော်ဝစ်အသင်းဟာ ၎င်းတို့ လူငယ်ခံစစ်မှူး လူးဝစ်ကို နယူးကာဆယ်အသင်းထံ ပေါင် ၁၃.၅ သန်းဖြင့် ရောင်းထုတ်ဖို့ သဘောတူညီလိုက်ပါပြီ။ လူးဝစ်ကို လီဗာပူးက ကမ်းလှမ်းခဲ့စဉ်က ပေါင် သန်း ၂၀ တောင်းဆိုခံခဲ့ရတာပါ။

အန်ဖီးကွင်းမှာ နောက်ဆုံး ချစ်ကြည်ရေးပွဲအဖြစ် ဘလက်ပူးလ်အသင်းနဲ့ ကစားဖို့ ညိနှိုင်းမှု အောင်မြင်ခဲ့ခြင်းက ဘလက်ပူးလ်မန်နေဂျာ နေးခရစ်ချလေ ကြောင့်ဖြစ်ပါတယ်။ သူဟာ လီဗာပူး ယူ-၂၃ အသင်းနည်းပြအဖြစ်ကနေ ဘလက်ပူးလ်မန်နေဂျာအဖြစ် ပြောင်းရွှေ့သွားသူပါ။

ကိုစတက်ရဲ့ အဖျားကို ဂရိဘက်က ကိုဗစ်ကူးစက်ခံထားရတယ်လို့ သတင်းဖော်ပြမှုတွေရှိနေပေမယ့် အတည်ပြုုသတင်းတွေ မဟုတ်ဘဲ ကောလဟာလတွေပဲ ဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ ဘလက်ပူးလ်နဲ့ပွဲမှာ အဓိကကစားသမားတွေကို ပွဲချိန်ဝက်တွေပဲ အသုံးပြုကာ လူစာရင်း စမ်းသပ်မှုတွေ လုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

နေးခရစ်ချလေက ” ဘောလုံးရာသီသစ် မစတင်ခင်မှာ လီဗာပူးလို အင်္ဂလန်ချန်ပီယံနဲ့ ရင်ဆိုင်ကစားရမှာက ကျနေ်ာတို့အတွက် ကိစ္စကြီးပဲ ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

မက်ဆီ ဘာစီလိုနာကနေ ထွက်ခွာလိုပေမယ့် မထွက်ခွာတော့ဘူးဆိုတဲ့ သတင်းကို အင်တာဗျူးခဲ့တဲ့ Goal သတင်းထောက်က ဘာစီလိုနာမန်နေဂျာ ကိုးမန်းက ဝိုက်နယ်ဒမ်ကို အတော်လေး လိုချင်ကြောင်းနဲ့ ညိနှိုင်းမှုတွေကိုတော့ မစတင်သေးကြောင်း အတည်ပြုပါတယ်။

လီဗာပူးကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ မာတစ်တို့ဟာ လေ့ကျင့်ချိန် ၂ ချိန်လောက်ထိကို အပြည့်အဝ ပြန်ဆင်းထားခဲ့ပြီး ဒီကနေ့ ဘလက်ပူးလ်နဲ့ပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်ရပါမယ်။

သီယေဂိုက “ ကျနော် ထွက်မယ်လို့ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ နှစ်တိုင်းမှာ ကျနေ်ာကို မတူညီတဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ လုပ်ကြတယ်။ ကျနော် ကိုယ်တိုင်ကတော့ စပိန်နဲ့ပွဲကိုပဲ အာရုံစိုက်နေတယ်လို့ ပြောလိုပါတယ်။ ကျနော်ကို စိတ်ဝင်စားနေတယ်ဆိုတာတွေကို ဂရုမစိုက်ပါဘူး။ မနက်ဖြန်ပွဲအတွက်ပဲ အာရုံစိုက်ပါတယ် ” လို့ ပြောပါတယ်။

လီဗာပူးအသင်းဟာ အကယ်ဒမီအသင်း နည်းပြအဖွဲ့ဝင်အဖြစ် အသင်းကစားသမားဟောင်း မိုင်ကယ် သောမက်စ်ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

ZAWGYI

ေနာ္ဝစ္အသင္းဟာ ၄င္းတို႔ လူငယ္ခံစစ္မွဴး လူးဝစ္ကို နယူးကာဆယ္အသင္းထံ ေပါင္ ၁၃.၅ သန္းျဖင့္ ေရာင္းထုတ္ဖို႔ သေဘာတူညီလိုက္ပါျပီ။ လူးဝစ္ကို လီဗာပူးက ကမ္းလွမ္းခဲ့စဥ္က ေပါင္ သန္း ၂၀ ေတာင္းဆိုခံခဲ့ရတာပါ။

အန္ဖီးကြင္းမွာ ေနာက္ဆံုး ခ်စ္ၾကည္ေရးပြဲအျဖစ္ ဘလက္ပူးလ္အသင္းနဲ႔ ကစားဖို႔ ညိႏိႈင္းမႈ ေအာင္ျမင္ခဲ့ျခင္းက ဘလက္ပူးလ္မန္ေနဂ်ာ ေနးခရစ္ခ်ေလ ေၾကာင့္ျဖစ္ပါတယ္။ သူဟာ လီဗာပူး ယူ-၂၃ အသင္းနည္းျပအျဖစ္ကေန ဘလက္ပူးလ္မန္ေနဂ်ာအျဖစ္ ေျပာင္းေရႊ႔သြားသူပါ။

ကိုစတက္ရဲ႕ အဖ်ားကို ဂရိဘက္က ကိုဗစ္ကူးစက္ခံထားရတယ္လို႔ သတင္းေဖာ္ျပမႈေတြရွိေနေပမယ့္ အတည္ျပဳဳသတင္းေတြ မဟုတ္ဘဲ ေကာလဟာလေတြပဲ ျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဘလက္ပူးလ္နဲ႔ပြဲမွာ အဓိကကစားသမားေတြကို ပြဲခ်ိန္ဝက္ေတြပဲ အသံုးျပဳကာ လူစာရင္း စမ္းသပ္မႈေတြ လုပ္ေဆာင္သြားဦးမွာ ျဖစ္ပါတယ္။

ေနးခရစ္ခ်ေလက ” ေဘာလံုးရာသီသစ္ မစတင္ခင္မွာ လီဗာပူးလို အဂၤလန္ခ်န္ပီယံနဲ႔ ရင္ဆိုင္ကစားရမွာက က်ေန္ာတို႔အတြက္ ကိစၥၾကီးပဲ ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

မက္ဆီ ဘာစီလိုနာကေန ထြက္ခြာလိုေပမယ့္ မထြက္ခြာေတာ့ဘူးဆိုတဲ့ သတင္းကို အင္တာဗ်ဴးခဲ့တဲ့ Goal သတင္းေထာက္က ဘာစီလိုနာမန္ေနဂ်ာ ကိုးမန္းက ဝိုက္နယ္ဒမ္ကို အေတာ္ေလး လိုခ်င္ေၾကာင္းနဲ႔ ညိႏိႈင္းမႈေတြကိုေတာ့ မစတင္ေသးေၾကာင္း အတည္ျပဳပါတယ္။

လီဗာပူးကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္နဲ႔ မာတစ္တို႔ဟာ ေလ့က်င့္ခ်ိန္ ၂ ခ်ိန္ေလာက္ထိကို အျပည့္အဝ ျပန္ဆင္းထားခဲ့ျပီး ဒီကေန႔ ဘလက္ပူးလ္နဲ႔ပြဲမွာ ပါဝင္ႏုိင္မလား ေစာင့္ၾကည့္ရပါမယ္။

သီေယဂိုက “ က်ေနာ္ ထြက္မယ္လို႔ ဘယ္သူ႔ကိုမွ မေျပာခဲ့ပါဘူး။ ႏွစ္တိုင္းမွာ က်ေန္ာကို မတူညီတဲ့ အသင္းေတြနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ လုပ္ၾကတယ္။ က်ေနာ္ ကိုယ္တိုင္ကေတာ့ စပိန္နဲ႔ပြဲကိုပဲ အာရံုစိုက္ေနတယ္လို႔ ေျပာလိုပါတယ္။ က်ေနာ္ကို စိတ္ဝင္စားေနတယ္ဆိုတာေတြကို ဂရုမစိုက္ပါဘူး။ မနက္ျဖန္ပြဲအတြက္ပဲ အာရံုစိုက္ပါတယ္ ” လို႔ ေျပာပါတယ္။

လီဗာပူးအသင္းဟာ အကယ္ဒမီအသင္း နည္းျပအဖြဲ႔ဝင္အျဖစ္ အသင္းကစားသမားေဟာင္း မုိင္ကယ္ ေသာမက္စ္ကို ေခၚယူအားျဖည့္ခဲ့ပါတယ္။