လီဗာပူးဟာ အဓိက တိုက်စစ်အတွဲနဲ့ ပွဲထွက်လာပေမယ့် ပထမပိုင်းမှာ အသာစီး မရခဲ့ပါဘူး။ လီဗာပူးကစားတာ ဆိုးရွားနေတာမျိုး မဟုတ်ဘဲ တိုက်စစ်က ကွင်းလယ်နဲ့ တွဲကစားဖို့ ကြိုးစားနေပြီး မီနာမီနို ကိတ်တာတို့နဲ့ တွဲဘက် အကွက်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်လို့ တစ်ဦးချင်းအမှားတွေက အသင်းကို ဒုက္ခပေးခဲ့တယ်။

ဘယ်အစွန်မှာ မီလ်နာ အရင်လိုတော့ တောင်ပံတစ်ကြော တောက်လျှောက် လိုက်ကစားနိုင်ခြင်း မရှိပါဘူး။ ခံစစ်မှူး ကိုမတ်တီယိုက အဝေးဘောပေးတာ တော်တော်ကောင်းသလို သူက ဘောလုံးကို ခြေထဲ ကိုင်ကစားလိုတယ် လှိမ့်ခေါက်ပြီး တိုက်စစ်လိုက်လိုတယ်။ ဂိုးပေးလိုက်ရတာက သူ့ရဲ့ တစ်ဦးချင်းအမှားကနေ စတင်ပါတယ်။

ကီတာနဲ့ မီနာမီနိုတို့ အသင်းနဲ့ တွဲကစားမှု တက်လာတာကတော့ ကျေနပ်စရာဖြစ်ပေမယ့်လည်း တောင်ပံနှစ်ဘက်က ပံ့ပိုးမှု နည်းချိန်မှာ မာနေးနဲ့ ဆာလက်တို့ရဲ့ ကစားမှုတွေက အကန့်အသတ် ဖြစ်နေပါတယ်။ သူတို့တွေက တောင်ပံကနေ ထိုးဖောက်လိုပေမယ့် ပထမပိုင်း ကစားပုံအရ စိတ်ရှိတိုင်း မကစားနိုင်ကြပါဘူး။ ဘောလုံး အပျက်များခြင်းက ထင်ရှားလွန်းခဲ့တယ်။

ပထမပိုင်းမှာ အသင်းက ပွဲကို လွှမ်းမိုးထားပေမယ့် အသင်းသားတွေက အာရုံစိုက်မှုမှာ ညံ့နေပါတယ်။ တိုက်စစ်ကို အဓိက ကစားနေချိန်မှာ ဘောလုံးပျက်ကာ ခံစစ်ကို ကာကွယ်ချိန်မှာ ပြိုင်ဘက်ခြေထဲက ဘောလုံးကို ပြန်မယူနိုင်ဘူး။ အခွင့်အရေး ဖန်တီးမှုတွေမှာ တုံ့ဆိုင်းနေတယ် ချိန်သားကိုက် လုပ်ဆောင်မှုတွေ မရှိခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီးမှာတော့ မာတစ်က ခြေပဂိုး ပြန်သွင်းပေးခဲ့ပြီး ၁-၂ နဲ့ အရေးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မာတစ်၊ ကိုမတ်တီယိုနဲ့ ဖာဘင်ညိုနေရာတွေမှာ နက်ဖီးလစ်၊ ဗန်ဒန်ဘယ်ရာနဲ့ ဂျုံးတို့ ဝင်ကစားပါတယ်။ ပထမပိုင်းမှာ ဖာဘင်ညိုက ကစားပုံ မဆိုးပေမယ့် ဂျုံးကို ဝင်ကစားစေကာ ကီတာကို နံပါတ် ၆ နေရာ တာဝန်ယူစေခဲ့ပါတယ်။

ဒုတိယပိုင်း စကတည်းက လီဗာပူးက တင်ကစားလာပြီး ကစားပုံ ငြိမ်ပါတယ်။ ဘောလုံးအပျက် နည်းပါးခြင်းကြောင့် ကစားပုံသွက်ပြီး တိုက်စစ်ဖွင့်တာ လှပါတယ်။ နက်ဖီးလစ်ဟာ အထိုင်ခံစစ်မှူးအဖြစ် နည်းစနစ်အမြင် ကောင်းပါတယ်။ လွတ်တဲ့နေရာကို အထိုင်နေပေးနိုင်သလို ဘောလုံးပေးနိုင်စွမ်းရှိတယ်။ ကီတာကလည်း ဖီးလစ်နဲ့ ဗန်ဒန်ဘယ်ရာကြားထဲ ဝင်ပြီး ခံစစ်ကို ငြိမ်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

ဆာလက်၊ မာနေးတို့အပြင် မီနာမီနိုပါ တိုက်စစ်ကို ပိုမို ပါဝင်ပေးလာပြီး ဘယ်တောင်ပံ ညာတောင်ပံ အလယ်ကြော နေရာစုံကို ဆက်တိုက် ဖောက်ပါတယ်။ ကီတာက ခံစစ်ကို ပိုအားပြုကာ မီနာမီနိုက တိုက်စစ်ကို ပိုလိုက်ရတဲ့ အနေအထားက ဆက်တိုက် အလုပ်ဖြစ်ပြီး မာနေးနဲ့ ဖာမင်နိုတို့ ဒုတိယဂိုးနဲ့ တတိယဂိုးတွေ သွင်းပါတယ်။

ဦးဆောင်ဂိုးရပြီးတဲ့နောက် မန်နေဂျာကလော့ပ်က ဆာလက်၊ မာနေးနဲ့ ဂိုးသမား အယ်လီဆန်တို့ကို ထုတ်ပြီး အီလီးယော့၊ အိုရီဂီ၊ အတ်ဒရီယန်တို့ကိုထည့်ကာ သူသုံးလိုတဲ့ နည်းစနစ်ကို စသုံးပါတယ်။ ၄-၃-၃ အစား ၄-၂-၁-၃ ပုံစံကို ကစားကာ ကီတာကို နံပါတ် ၆ နေရာ သုံးခဲ့တယ်။ မီနာမီနိုက နံပါတ် ၈ နဲ့ နံပါတ် ၁၀ နေရာမှာ ပူတွဲတာဝန်ယူပြီး ဖာမင်နိုနဲ့ နေရာချိန်းကစားပါတယ်။ ဒီကစားကွက်က တစ်ပွဲလုံးရဲ့ အဓိက စိတ်ဝင်စားစရာ နည်းဗျူဟာလို့ ပြောလို့ရပါတယ်။

လီဗာပူး ကစားကွက်ဟာ အစွန်သမား နှစ်ဦးကို တိုက်စစ်သမား သုံးဦးနဲ့ ပူးတွဲကစားစေတဲ့ ကစားကွက်ပါ။ ကွင်းလယ် သုံးဦးက အစွန်သမားတွေနေရာကို ဖြည့်ဖို့နဲ့ အသင်းကစားကွက်ကို ဟန်ချက်ညီဖို့ပဲ သုံးပါတယ်။ ဒါကြောင့်လည်း အသင်း ကွင်းလယ်လူတွေက ဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေ နည်းပါးလှတာဖြစ်တယ်။ ကလော့ပ် စမ်းသုံးလိုက်တဲ့ နည်းစနစ်ကတော့ ခြားနားလွန်းပါတယ်။

အစွန်သမား နှစ်ဦးကို ကွင်းတစ်ဝက်လောက် တက်စေတာကလွဲလို့ တိုက်စစ်ကို လုံးဝ မကူစေပါဘူး။ ကီတာကလည်း ခံစစ်မှာပဲ အထိုင်သမားအဖြစ် ပါဝင်နေခဲ့တယ်။ လီဗာပူးရဲ့ တိုက်စစ်တစ်ခုလုံးကို ခံစစ်တန်းနဲ့ ကွင်းလယ်နံပါတ် ၆ ဖြစ်သူ ကီတာရှေ့က ကစားသမား ၅ ဦးကပဲ တာဝန်ယူပါတယ်။ ဘယ်တောင်ပံ အိုရီဂီ၊ ညာတောင်ပံ အီလီးယော့၊ တိုက်စစ်မှူး ဖာမင်နို၊ နောက်ချန် မီနာမီနိုဖြစ်ကာ ဂျုံးက သူတို့လေးဦးရဲ့ နောက်က ထောက်တိုင်ဖြစ်ပါတယ်။

ဒီစနစ်က အလုပ်လည်းဖြစ်ခဲ့ပြီး ဆာလက်၊ မာနေးတို့နဲ့ တွဲဘက်ရာမှာ လေးလံနေတဲ့ ဖာမင်နိုဟာ ထူးထူးခြားခြားကို ခြေပေါ်လာပါတယ်။ အသင်းလိုက် ကစားကွက်က တက်လာခဲ့ပြီး ကီတာ နောက်ဆင်းကစားပေးကတည်းက မီနာမီနိုရဲ့ လုပ်နိုင်စွမ်းက ထင်ထင်ရှားရှား ပေါ်လာပါတယ်။ ခံစစ်ကလည်း ကီတာရဲ့ ဘောလုံးဖြန့်နိုင်မှုမှာ သိသိသာသာကို ငြိမ်ကျသွားတယ်။ ကီတာ၊ ဂျုံး၊ မီနာမီနိုနဲ့ ဖာမင်နိုတို့ဟာ အတန်းလိုက် ရှိနေပြီး ကစားကွက်ရဲ့ ကျောရိုးဖြစ်သွားတာက ထူးခြားမှု ဖြစ်ပါတယ်။

သွင်းဂိုးတွေ ဆက်တိုက်ရလာခဲ့ကာ ပွဲကို ဦးဆောင်မှု၊ လွှမ်းမိုးမှု၊ ဧရိယာထဲ အဆုံးသတ်မှု၊ နေရာလွတ် ထွက်ပေါ်မှုတွေက သိသိသာသာကို ကွာခြားသွားခဲ့ပါတယ်။

အကယ်လို့ ပုံမှန် လူစာရင်း အပြည့်ရှိနေရင် ထရန်နဲ့ ရော်ဘတ်ဆန်ကို ထည့်ပြီး ဖာမင်နို၊ မာနေး၊ ဆာလက်တို့နဲ့ တိုက်စစ်ကစားတဲ့ ပုံစံကို သုံးလို့ရသလို၊ အစွန်သမားတွေကို တိုက်စစ်မလိုက်စေဘဲ ကီတာ၊ မီနာမီနိုတို့နဲ့လည်း တိုက်စစ်ကစားလို့ ရနိုင်ပါတယ်။ နည်းစနစ်မျိုးစုံကို ပြောင်းကစားပြခဲ့တာက ကျေနပ်ဖို့ကောင်းပြီး ဘလက်ပူးလ်နဲ့ပွဲမှာ ပြသခဲ့တဲ့ ကီတာနဲ့ မီနာမီနိုတို့ရဲ့ ခြေစွမ်းက လီဗာပူးပရိသတ်တွေကို ကျေနပ် ပျော်ရွှင်စေပါလိမ့်မယ်။

ZAWGYI

လီဗာပူးဟာ အဓိက တိုက္စစ္အတြဲနဲ႔ ပြဲထြက္လာေပမယ့္ ပထမပိုင္းမွာ အသာစီး မရခဲ့ပါဘူး။ လီဗာပူးကစားတာ ဆိုး႐ြားေနတာမ်ိဳး မဟုတ္ဘဲ တိုက္စစ္က ကြင္းလယ္နဲ႔ တြဲကစားဖို႔ ႀကိဳးစားေနၿပီး မီနာမီႏို ကိတ္တာတို႔နဲ႔ တြဲဘက္ အကြက္ေဖာ္ဖို႔ ႀကိဳးစားခဲ့ၾကတယ္။ ဒါေပမယ့္လို႔ တစ္ဦးခ်င္းအမွားေတြက အသင္းကို ဒုကၡေပးခဲ့တယ္။

ဘယ္အစြန္မွာ မီလ္နာ အရင္လိုေတာ့ ေတာင္ပံတစ္ေၾကာ ေတာက္ေလွ်ာက္ လိုက္ကစားႏိုင္ျခင္း မရွိပါဘူး။ ခံစစ္မႉး ကိုမတ္တီယိုက အေဝးေဘာေပးတာ ေတာ္ေတာ္ေကာင္းသလို သူက ေဘာလုံးကို ေျခထဲ ကိုင္ကစားလိုတယ္ လွိမ့္ေခါက္ၿပီး တိုက္စစ္လိုက္လိုတယ္။ ဂိုးေပးလိုက္ရတာက သူ႔ရဲ႕ တစ္ဦးခ်င္းအမွားကေန စတင္ပါတယ္။

ကီတာနဲ႔ မီနာမီႏိုတို႔ အသင္းနဲ႔ တြဲကစားမႈ တက္လာတာကေတာ့ ေက်နပ္စရာျဖစ္ေပမယ့္လည္း ေတာင္ပံႏွစ္ဘက္က ပံ့ပိုးမႈ နည္းခ်ိန္မွာ မာေနးနဲ႔ ဆာလက္တို႔ရဲ႕ ကစားမႈေတြက အကန္႔အသတ္ ျဖစ္ေနပါတယ္။ သူတို႔ေတြက ေတာင္ပံကေန ထိုးေဖာက္လိုေပမယ့္ ပထမပိုင္း ကစားပံုအရ စိတ္ရွိတိုင္း မကစားႏုိင္ၾကပါဘူး။ ေဘာလံုး အပ်က္မ်ားျခင္းက ထင္ရွားလြန္းခဲ့တယ္။

ပထမပိုင္းမွာ အသင္းက ပြဲကို လႊမ္းမိုးထားေပမယ့္ အသင္းသားေတြက အာ႐ုံစိုက္မႈမွာ ညံ့ေနပါတယ္။ တိုက္စစ္ကို အဓိက ကစားေနခ်ိန္မွာ ေဘာလုံးပ်က္ကာ ခံစစ္ကို ကာကြယ္ခ်ိန္မွာ ၿပိဳင္ဘက္ေျခထဲက ေဘာလုံးကို ျပန္မယူႏိုင္ဘူး။ အခြင့္အေရး ဖန္တီးမႈေတြမွာ တုံ႔ဆိုင္းေနတယ္ ခ်ိန္သားကိုက္ လုပ္ေဆာင္မႈေတြ မရွိခဲ့ပါဘူး။ ပထမပိုင္း ျပီးခါနီးမွာေတာ့ မာတစ္က ေျခပဂိုး ျပန္သြင္းေပးခဲ့ျပီး ၁-၂ နဲ႔ အေရးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ မာတစ္၊ ကိုမတ္တီယိုနဲ႔ ဖာဘင္ညိဳေနရာေတြမွာ နက္ဖီးလစ္၊ ဗန္ဒန္ဘယ္ရာနဲ႔ ဂ်ံဳးတို႔ ဝင္ကစားပါတယ္။ ပထမပိုင္းမွာ ဖာဘင္ညိဳက ကစားပံု မဆိုးေပမယ့္ ဂ်ံဳးကို ဝင္ကစားေစကာ ကီတာကို နံပါတ္ ၆ ေနရာ တာဝန္ယူေစခဲ့ပါတယ္။

ဒုတိယပိုင္း စကတည္းက လီဗာပူးက တင္ကစားလာၿပီး ကစားပုံ ၿငိမ္ပါတယ္။ ေဘာလံုးအပ်က္ နည္းပါးျခင္းေၾကာင့္ ကစားပံုသြက္ၿပီး တိုက္စစ္ဖြင့္တာ လွပါတယ္။ နက္ဖီးလစ္ဟာ အထိုင္ခံစစ္မႉးအျဖစ္ နည္းစနစ္အျမင္ ေကာင္းပါတယ္။ လြတ္တဲ့ေနရာကို အထိုင္ေနေပးႏိုင္သလို ေဘာလုံးေပးႏိုင္စြမ္းရွိတယ္။ ကီတာကလည္း ဖီးလစ္နဲ႔ ဗန္ဒန္ဘယ္ရာၾကားထဲ ဝင္ျပီး ခံစစ္ကို ျငိမ္ေအာင္ လုပ္ေပးႏုိင္စြမ္း ရွိပါတယ္။

ဆာလက္၊ မာေနးတို႔အျပင္ မီနာမီႏိုပါ တိုက္စစ္ကို ပိုမို ပါဝင္ေပးလာျပီး ဘယ္ေတာင္ပံ ညာေတာင္ပံ အလယ္ေၾကာ ေနရာစုံကို ဆက္တိုက္ ေဖာက္ပါတယ္။ ကီတာက ခံစစ္ကို ပိုအားျပဳကာ မီနာမီႏိုက တိုက္စစ္ကို ပိုလိုက္ရတဲ့ အေနအထားက ဆက္တိုက္ အလုပ္ျဖစ္ၿပီး မာေနးနဲ႔ ဖာမင္ႏိုတို႔ ဒုတိယဂိုးနဲ႔ တတိယဂိုးေတြ သြင္းပါတယ္။

ဦးေဆာင္ဂိုးရျပီးတဲ့ေနာက္ မန္ေနဂ်ာကေလာ့ပ္က ဆာလက္၊ မာေနးနဲ႔ ဂိုးသမား အယ္လီဆန္တို႔ကို ထုတ္ျပီး အီလီးေယာ့၊ အိုရီဂီ၊ အတ္ဒရီယန္တို႔ကိုထည့္ကာ သူသံုးလိုတဲ့ နည္းစနစ္ကို စသံုးပါတယ္။ ၄-၃-၃ အစား ၄-၂-၁-၃ ပံုစံကို ကစားကာ ကီတာကို နံပါတ္ ၆ ေနရာ သုံးခဲ့တယ္။ မီနာမီႏိုက နံပါတ္ ၈ နဲ႔ နံပါတ္ ၁၀ ေနရာမွာ ပူတြဲတာဝန္ယူျပီး ဖာမင္ႏိုနဲ႔ ေနရာခ်ိန္းကစားပါတယ္။ ဒီကစားကြက္က တစ္ပြဲလံုးရဲ႕ အဓိက စိတ္ဝင္စားစရာ နည္းဗ်ဴဟာလို႔ ေျပာလို႔ရပါတယ္။

လီဗာပူး ကစားကြက္ဟာ အစြန္သမား ႏွစ္ဦးကို တိုက္စစ္သမား သံုးဦးနဲ႔ ပူးတြဲကစားေစတဲ့ ကစားကြက္ပါ။ ကြင္းလယ္ သံုးဦးက အစြန္သမားေတြေနရာကို ျဖည့္ဖို႔နဲ႔ အသင္းကစားကြက္ကို ဟန္ခ်က္ညီဖို႔ပဲ သံုးပါတယ္။ ဒါေၾကာင့္လည္း အသင္း ကြင္းလယ္လူေတြက ဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြ နည္းပါးလွတာျဖစ္တယ္။ ကေလာ့ပ္ စမ္းသံုးလိုက္တဲ့ နည္းစနစ္ကေတာ့ ျခားနားလြန္းပါတယ္။

အစြန္သမား ႏွစ္ဦးကို ကြင္းတစ္ဝက္ေလာက္ တက္ေစတာကလြဲလို႔ တိုက္စစ္ကို လံုးဝ မကူေစပါဘူး။ ကီတာကလည္း ခံစစ္မွာပဲ အထိုင္သမားအျဖစ္ ပါဝင္ေနခဲ့တယ္။ လီဗာပူးရဲ႕ တိုက္စစ္တစ္ခုလံုးကို ခံစစ္တန္းနဲ႔ ကြင္းလယ္နံပါတ္ ၆ ျဖစ္သူ ကီတာေရွ႔က ကစားသမား ၅ ဦးကပဲ တာဝန္ယူပါတယ္။ ဘယ္ေတာင္ပံ အိုရီဂီ၊ ညာေတာင္ပံ အီလီးေယာ့၊ တိုက္စစ္မွဴး ဖာမင္ႏို၊ ေနာက္ခ်န္ မီနာမီႏိုျဖစ္ကာ ဂ်ံဳးက သူတို႔ေလးဦးရဲ႕ ေနာက္က ေထာက္တိုင္ျဖစ္ပါတယ္။

ဒီစနစ္က အလုပ္လည္းျဖစ္ခဲ့ျပီး ဆာလက္၊ မာေနးတို႔နဲ႔ တြဲဘက္ရာမွာ ေလးလံေနတဲ့ ဖာမင္ႏိုဟာ ထူးထူးျခားျခားကို ေျခေပၚလာပါတယ္။ အသင္းလိုက္ ကစားကြက္က တက္လာခဲ့ျပီး ကီတာ ေနာက္ဆင္းကစားေပးကတည္းက မီနာမီႏိုရဲ႕ လုပ္နုိင္စြမ္းက ထင္ထင္ရွားရွား ေပၚလာပါတယ္။ ခံစစ္ကလည္း ကီတာရဲ႕ ေဘာလံုးျဖန္႔ႏုိင္မႈမွာ သိသိသာသာကို ျငိမ္က်သြားတယ္။ ကီတာ၊ ဂ်ံဳး၊ မီနာမီႏိုနဲ႔ ဖာမင္ႏိုတို႔ဟာ အတန္းလိုက္ ရွိေနျပီး ကစားကြက္ရဲ႕ ေက်ာရိုးျဖစ္သြားတာက ထူးျခားမႈ ျဖစ္ပါတယ္။

သြင္းဂိုးေတြ ဆက္တုိက္ရလာခဲ့ကာ ပြဲကို ဦးေဆာင္မႈ၊ လႊမ္းမိုးမႈ၊ ဧရိယာထဲ အဆံုးသတ္မႈ၊ ေနရာလြတ္ ထြက္ေပၚမႈေတြက သိသိသာသာကို ကြာျခားသြားခဲ့ပါတယ္။

အကယ္လို႔ ပံုမွန္ လူစာရင္း အျပည့္ရွိေနရင္ ထရန္နဲ႔ ေရာ္ဘတ္ဆန္ကို ထည့္ျပီး ဖာမင္ႏို၊ မာေနး၊ ဆာလက္တို႔နဲ႔ တိုက္စစ္ကစားတဲ့ ပံုစံကို သံုုးလို႔ရသလို၊ အစြန္သမားေတြကို တိုက္စစ္မလိုက္ေစဘဲ ကီတာ၊ မီနာမီႏိုတို႔နဲ႔လည္း တိုက္စစ္ကစားလို႔ ရႏုိင္ပါတယ္။ နည္းစနစ္မ်ိဳးစံုကို ေျပာင္းကစားျပခဲ့တာက ေက်နပ္ဖို႔ေကာင္းျပီး ဘလက္ပူးလ္နဲ႔ပြဲမွာ ျပသခဲ့တဲ့ ကီတာနဲ႔ မီနာမီႏိုတို႔ရဲ႕ ေျခစြမ္းက လီဗာပူးပရိသတ္ေတြကို ေက်နပ္ ေပ်ာ္ရႊင္ေစပါလိမ့္မယ္။