လီဗာပူးဟာ ရာသီကြိုအတွက် နောက်ဆုံးသော ခြေစမ်းပွဲကိုတော့ အန်ဖီးကွင်းမှာ ဘလက်ပူးလ်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ပထမပိုင်းအတွင်း အသင်းရဲ့ ဆန္ဒပြင်းပြခြင်းမရှိတဲ့ ကစားဟန်နဲ့အတူ ပေးဂိုး ၂ ဂိုးလည်း ပေးခဲ့ရတယ်။ အဲ့အတွက် ကလော့ပ်က အသင်းသားတွေကို အမှားတွေ ထပ်မလုပ်ဖို့ သတိပေးပါတယ်။

ကလော့ပ်က ” ပထမပိုင်းက ခက်ခဲခဲ့တယ်။ ဘာကြောင့်လည်းဆိုရင် ကျနော်တို့ အသင်းရဲ့ တိုက်ခိုက်လိုစိတ် ကင်းမဲ့မှုကြောင့် ဖြစ်ပါတယ်။ ဒီပွဲမှာ လိုအင်ဆန္ဒပြင်းပြမှုတွေ အားနည်းခဲ့တယ်။ အဲ့လိုပုံစံနဲ့ ကစားခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးတွေက ရာသီကြိုပွဲတွေမှာ ပုံမှန်လိုဖြစ်နေတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဂိုးပေးလိုက်ရတဲ့ အနေအထားတွေက တူညီမှု ရှိနေပါတယ်။

ကစားကွက် တည်ဆောက်ရာမှာ ဘောလုံး ဆုံးရံှူးတယ်။ အဲ့နောက် ကောင်တာတိုက်စစ်တွေ ခွင့်ပြုလိုက်ရတယ်။ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ်ကို ခွင့်ပြုလိုက်ရတာပါ။ အဲ့တာကို ကျနေ်ာတို့ သိတယ်။ ဒါကို ခွင့်မပြုရဘူးဆိုတာလည်း ကျနေ်ာတို့ သိတယ်။ ကျနေ်ာတို့ တိုးတက်လာဖို့ လိုပါတယ်။

ဒါပေမယ့် ကျနော်တို့ နောက်ထပ် တစ်ပတ် လေ့ကျင့်ရေး လုပ်ခွင့်ရှိပါတယ်။ ပိုလန်းဆန်းတဲ့ ခြေထောက်တွေ ပိုင်ဆိုင်လာမှာပါ။ ဒီအပတ်တွေကို အသုံးပြုရမှာဖြစ်တယ်။ လန်းဆန်းတဲ့ ကောင်လေးတွေနဲ့ လန်းဆန်းတဲ့ ခြေထောက်ပိုင်ရှင်တွေကို ပွဲအတွက် ရတာကို အမြဲတမ်း နှစ်သက်ပါတယ်။ ဒါပေမယ့် ရာသီကြိုမှာ ကျနေ်ာတို့ လုပ်နိုင်တာ တစ်ခုတည်းက ပြင်းပြင်းထန်ထန် ကြိုးစားဖို့ပါ။ ဒါကြောင့်ပဲ ကျနေ်ာတို့ အရမ်း လေ့ကျင့်နေရတာဖြစ်ပါတယ်။

ပထေမပိုင်းအတွင်း ကောင်းမွန်တဲ့ တည်ကန်ဘောကနေ ကျနေ်ာတို့ ဂိုးရယူခဲ့တယ်။ ဒုတိယပိုင်းမှာ အရမ်းကောင်းကောင်း ကစားခဲ့တယ်။ တိုက်ခိုက်လိုစိတ်နဲ့ လန်းဆန်းနေတဲ့ ခြေထောက်ပိုင်ရှင်တွေ ဝင်လာခဲ့တယ်။ ပြိုင်ဘက်ကလည်း အပြောင်းအလဲတွေ ရှိပါတယ်။ နေးခရစ်ချေက အရမ်းကောင်းတဲ့ ပွဲထွက် ၁၁ ဦးကို ထုတ်သုံးခဲ့ပါတယ်။ သူတို့ သိပ်ကောင်းတယ်။ သူတို့မှာ ပွဲအစီအစဉ်ရှိခဲ့တယ်။

ဘလက်ပူးလ် ကစားလိုတဲ့အထဲကို ကျနေ်ာတို့ ဝင်သွားခဲ့တယ်။ ဒါပေမယ့် ဒါက ရာသီကြိုပွဲပါ။ ကျနေ်ာတို့အတွက် အရေးကြီးပါတယ်။ အချို့ ကောင်လေးတွေ မိနစ် ၉၀ ကစားနိုင်ခဲ့တယ်။ အဲ့တာက အကူအညီဖြစ်ပါတယ်။ နောက်အပတ်မှာတော့ လိဒ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ရာသီၾကိဳအတြက္ ေနာက္ဆံုးေသာ ေျခစမ္းပြဲကိုေတာ့ အန္ဖီးကြင္းမွာ ဘလက္ပူးလ္ကို ယွဥ္ျပိဳင္ကစားခဲ့ပါတယ္။ အဆိုပါပြဲမွာေတာ့ ပထမပိုင္းအတြင္း အသင္းရဲ႕ ဆႏၵျပင္းျပျခင္းမရွိတဲ့ ကစားဟန္နဲ႔အတူ ေပးဂိုး ၂ ဂိုးလည္း ေပးခဲ့ရတယ္။ အဲ့အတြက္ ကေလာ့ပ္က အသင္းသားေတြကို အမွားေတြ ထပ္မလုပ္ဖို႔ သတိေပးပါတယ္။

ကေလာ့ပ္က ” ပထမပိုင္းက ခက္ခဲခဲ့တယ္။ ဘာေၾကာင့္လည္းဆိုရင္ က်ေနာ္တို႔ အသင္းရဲ႕ တိုက္ခိုက္လိုစိတ္ ကင္းမဲ့မႈေၾကာင့္ ျဖစ္ပါတယ္။ ဒီပြဲမွာ လိုအင္ဆႏၵျပင္းျပမႈေတြ အားနည္းခဲ့တယ္။ အဲ့လိုပံုစံနဲ႔ ကစားခဲ့ပါတယ္။ ေပးလိုက္ရတဲ့ ဂိုးေတြက ရာသီၾကိဳပြဲေတြမွာ ပံုမွန္လိုျဖစ္ေနတဲ့ အမွားေတြပဲ ျဖစ္ပါတယ္။ က်ေနာ္တို႔ ဂိုးေပးလိုက္ရတဲ့ အေနအထားေတြက တူညီမႈ ရွိေနပါတယ္။

ကစားကြက္ တည္ေဆာက္ရာမွာ ေဘာလံုး ဆံုးရံွဴးတယ္။ အဲ့ေနာက္ ေကာင္တာတိုက္စစ္ေတြ ခြင့္ျပဳလိုက္ရတယ္။ အခြင့္အေရးေတြကို လြတ္လြတ္လပ္လပ္ကို ခြင့္ျပဳလိုက္ရတာပါ။ အဲ့တာကို က်ေန္ာတို႔ သိတယ္။ ဒါကို ခြင့္မျပဳရဘူးဆိုတာလည္း က်ေန္ာတို႔ သိတယ္။ က်ေန္ာတို႔ တိုးတက္လာဖို႔ လိုပါတယ္။

ဒါေပမယ့္ က်ေနာ္တို႔ ေနာက္ထပ္ တစ္ပတ္ ေလ့က်င့္ေရး လုပ္ခြင့္ရွိပါတယ္။ ပိုလန္းဆန္းတဲ့ ေျခေထာက္ေတြ ပိုင္ဆိုင္လာမွာပါ။ ဒီအပတ္ေတြကို အသံုးျပဳရမွာျဖစ္တယ္။ လန္းဆန္းတဲ့ ေကာင္ေလးေတြနဲ႔ လန္းဆန္းတဲ့ ေျခေထာက္ပိုင္ရွင္ေတြကို ပြဲအတြက္ ရတာကို အျမဲတမ္း ႏွစ္သက္ပါတယ္။ ဒါေပမယ့္ ရာသီၾကိဳမွာ က်ေန္ာတို႔ လုပ္ႏုိင္တာ တစ္ခုတည္းက ျပင္းျပင္းထန္ထန္ ၾကိဳးစားဖို႔ပါ။ ဒါေၾကာင့္ပဲ က်ေန္ာတို႔ အရမ္း ေလ့က်င့္ေနရတာျဖစ္ပါတယ္။

ပေထမပိုင္းအတြင္း ေကာင္းမြန္တဲ့ တည္ကန္ေဘာကေန က်ေန္ာတို႔ ဂိုးရယူခဲ့တယ္။ ဒုတိယပိုင္းမွာ အရမ္းေကာင္းေကာင္း ကစားခဲ့တယ္။ တိုက္ခိုက္လိုစိတ္နဲ႔ လန္းဆန္းေနတဲ့ ေျခေထာက္ပိုင္ရွင္ေတြ ဝင္လာခဲ့တယ္။ ျပိဳင္ဘက္ကလည္း အေျပာင္းအလဲေတြ ရွိပါတယ္။ ေနးခရစ္ေခ်က အရမ္းေကာင္းတဲ့ ပြဲထြက္ ၁၁ ဦးကို ထုတ္သံုးခဲ့ပါတယ္။ သူတို႔ သိပ္ေကာင္းတယ္။ သူတို႔မွာ ပြဲအစီအစဥ္ရွိခဲ့တယ္။

ဘလက္ပူးလ္ ကစားလိုတဲ့အထဲကို က်ေန္ာတို႔ ဝင္သြားခဲ့တယ္။ ဒါေပမယ့္ ဒါက ရာသီၾကိဳပြဲပါ။ က်ေန္ာတို႔အတြက္ အေရးၾကီးပါတယ္။ အခ်ိဳ႔ ေကာင္ေလးေတြ မိနစ္ ၉၀ ကစားႏုိင္ခဲ့တယ္။ အဲ့တာက အကူအညီျဖစ္ပါတယ္။ ေနာက္အပတ္မွာေတာ့ လိဒ္နဲ႔ ယွဥ္ျပိဳင္ကစားရပါမယ္။ သိပ္ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။