မကြာသေးခင်ကပဲ ဂယ်ရီနဗီးက လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို အဓိက စိန်ခေါ်မှာက မန်စီးတီးနဲ့ ယူနိုက်တက်ဖြစ်ပြီး ချန်ပီယံ လီဗာပူးက ထိပ်ဆုံး ၂ သင်းပြင်ပမှာပဲ ရှိနေလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဂယ်ရီနဗီးက ပရီးမီးယားလိဂ်ကို မန်စီးတီးပဲ ရမှာဖြစ်ပေမယ့် မန်စီးတီးကို ယှဉ်ပြိုင်ပြီး အမှတ်ပေးဖလား လုမယ့်အသင်းအဖြစ် လက်ရှိ ချန်ပီယံ လီဗာပူးမဟုတ်ဘဲ ယူနိုက်တက်က စွမ်းဆောင်သွားမယ်လို့ ယုံကြည်နေတာပါ။ သူက အချက်အလက်ကျကျ ခန့်မှန်းမှုဆိုတာထက် တိုးတက်လာတဲ့ ယူနိုက်တက်ရဲ့ အခြေအနေတွေကြောင့် သူ့ရဲ့ အမြင်ကိုပဲ ခန့်မှန်းခြင်းလို့လည်း ဆိုခဲ့သေးတာဖြစ်တယ်။

ကာရေဂါက မနှစ်ကရာသီ အဆင့် သုံးအဆင့်က လက်ရှိ ချန်ပီယံ လီဗာပူးကို ကျော်တက်မယ်ဆိုတဲ့ အယူအဆကို ငြင်းဆန်ပါတယ်။ ကာရေဂါကတော့ နှစ်သင်းကြား မနှစ်တုန်းက ရမှတ် ၃၃ မှတ် ကွာဟမှုကို ထောက်ပြကာ ယူနိုက်တက်ဟာ မန်နေဂျာကလော့ပ်ရဲ့ အသင်းကို စိန်ခေါ်ဖို့က အဝေးကြီးရှိနေပါသေးတယ်လို့ ဆိုခဲ့တယ်။

ဘယ်လို အခြေအနေမှာ ယူနိုက်တက်က လီဗာပူးကို စိန်ခေါ်နိုင်မလဲဆိုတာအတွက် သူ့ရဲ့ အမြင်ကို ပြောရာမှာတော့ ” ယူနိုက်တက်က လူတိုင်း ပြောနေ ထင်နေကြတဲ့ အဆင့်ကို ရောက်ဖို့က အဝေးကြီး လိုပါသေးတယ်။ နောက်ထပ် ခေါ်ယူမှု တစ်ခု နှစ်ခုလောက်ဆိုရင်တော့ ခြားနားသွားမှာပါ။

ဇန်နဝါရီမှာ သူတို့ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူလိုက်တာက ခြားနားတဲ့ အသင်းဖြစ်သွားစေခဲ့တယ်။ ဘရူနို ရောက်လာပြီးနောက်မှာ ယူနိုက်တက်က ကွဲပြားတဲ့ အသင်းတစ်သင်း ဖြစ်သွားပါတယ်။ ဒါက ဘယ်လောက် နီးစပ်သလဲဆိုတာအတွက် အဖြေပါပဲ။ ဆန်ချိုကို ခေါ်လိုက်နိုင်ရင်တော့ အမှတ်ပေးဖလားကို ယူနိုက်တက် စိန်ခေါ်လာနိုင်ကောင်း စိန်ခေါ်နိုင်ပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မၾကာေသးခင္ကပဲ ဂယ္ရီနဗီးက လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို အဓိက စိန္ေခၚမွာက မန္စီးတီးနဲ႔ ယူႏုိက္တက္ျဖစ္ျပီး ခ်န္ပီယံ လီဗာပူးက ထိပ္ဆံုး ၂ သင္းျပင္ပမွာပဲ ရွိေနလိမ့္မယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။

ဂယ္ရီနဗီးက ပရီးမီးယားလိဂ္ကို မန္စီးတီးပဲ ရမွာျဖစ္ေပမယ့္ မန္စီးတီးကို ယွဥ္ျပိဳင္ျပီး အမွတ္ေပးဖလား လုမယ့္အသင္းအျဖစ္ လက္ရွိ ခ်န္ပီယံ လီဗာပူးမဟုတ္ဘဲ ယူႏုိက္တက္က စြမ္းေဆာင္သြားမယ္လို႔ ယံုၾကည္ေနတာပါ။ သူက အခ်က္အလက္က်က် ခန္႔မွန္းမႈဆိုတာထက္ တိုးတက္လာတဲ့ ယူႏုိက္တက္ရဲ႕ အေျခအေနေတြေၾကာင့္ သူ႔ရဲ႕ အျမင္ကိုပဲ ခန္႔မွန္းျခင္းလို႔လည္း ဆိုခဲ့ေသးတာျဖစ္တယ္။

ကာေရဂါက မႏွစ္ကရာသီ အဆင့္ သံုးအဆင့္က လက္ရွိ ခ်န္ပီယံ လီဗာပူးကို ေက်ာ္တက္မယ္ဆိုတဲ့ အယူအဆကို ျငင္းဆန္ပါတယ္။ ကာေရဂါကေတာ့ ႏွစ္သင္းၾကား မႏွစ္တုန္းက ရမွတ္ ၃၃ မွတ္ ကြာဟမႈကို ေထာက္ျပကာ ယူႏုိက္တက္ဟာ မန္ေနဂ်ာကေလာ့ပ္ရဲ႕ အသင္းကို စိန္ေခၚဖို႔က အေဝးၾကီးရွိေနပါေသးတယ္လို႔ ဆိုခဲ့တယ္။

ဘယ္လို အေျခအေနမွာ ယူႏုိက္တက္က လီဗာပူးကို စိန္ေခၚႏုိင္မလဲဆိုတာအတြက္ သူ႔ရဲ႕ အျမင္ကို ေျပာရာမွာေတာ့ ” ယူႏုိက္တက္က လူတိုင္း ေျပာေန ထင္ေနၾကတဲ့ အဆင့္ကို ေရာက္ဖုိ႔က အေဝးၾကီး လိုပါေသးတယ္။ ေနာက္ထပ္ ေခၚယူမႈ တစ္ခု ႏွစ္ခုေလာက္ဆိုရင္ေတာ့ ျခားနားသြားမွာပါ။

ဇန္နဝါရီမွာ သူတို႔ ဘရူႏို ဖာနန္ဒက္စ္ကို ေခၚယူလိုက္တာက ျခားနားတဲ့ အသင္းျဖစ္သြားေစခဲ့တယ္။ ဘရူႏို ေရာက္လာျပီးေနာက္မွာ ယူႏုိက္တက္က ကြဲျပားတဲ့ အသင္းတစ္သင္း ျဖစ္သြားပါတယ္။ ဒါက ဘယ္ေလာက္ နီးစပ္သလဲဆိုတာအတြက္ အေျဖပါပဲ။ ဆန္ခ်ိဳကို ေခၚလိုက္ႏုိင္ရင္ေတာ့ အမွတ္ေပးဖလားကို ယူႏုိက္တက္ စိန္ေခၚလာႏုိင္ေကာင္း စိန္ေခၚႏုိင္ပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။