ရာသီကြိုမှာ လီဗာပူးအတွက် ကစားခွင့်ရတိုင်း ခြေစွမ်းပြနေသူကတော့ ဇန်နဝါရီကမှ အသင်းနဲ့ ပူးပေါင်းခဲ့ကာ ပထမဆုံး ရာသီကြိုကာလကို ကျော်ဖြတ်နေတဲ့ အာရှသား ကစားသမားလေး တာကူမီ မီနာမီနိုပဲ ဖြစ်ပါတယ်။

တာကူမီဟာ အာဆင်နယ်ပွဲမှာ သွင်းဂိုး ရယူခဲ့သလို ဘလက်ပူးလ်နဲ့ ပွဲမှာလည်း သွင်းဂိုးရယူခဲ့တယ်။ ရာသီကြိုကပေးတဲ့ ယုံကြည်မှုကောင်းတွေကြောင့် တာကူမီဟာ စစ်မှန်တဲ့ ပွဲထွက်သမား တစ်ဦးလို ခြေစွမ်းပြ ကစားနေပါတယ်။ ဘလက်ပူးလ်နဲ့ပွဲမှာဆိုရင် သူက ပရိသတ်တွေ သဘောအကျဆုံး ကစားသမားဖြစ်တဲ့အထိ ခြေစွမ်းပြခဲ့ကာ မိနစ် ၉၀ အပြည့် ကစားခွင့်ပါ ရသွားပါတယ်။

မန်နေဂျာကလော့ပ်က ” တာကီကို ငါ အများကြီး မျှော်လင့်ထားပါတယ်။ သူ့နဲ့ ပက်သက်လို့ ငါတို့ ဘာတွေ မျှော်လင့်ထားတယ်ဆိုတာက ရှင်းပါတယ်။ တာကီအတွက်လည်း အရေးကြီးတယ်၊ ငါတို့အတွက်လည်း အရေးကြီးတယ်။ အတူတကွ လုပ်နိုင်ဖို့ကပဲ အရာရာဖြစ်ပါတယ်။ ဒီတော့ စွမ်းဆောင်ရည်တွေအတွက်ပဲ ငါ စဉ်းစားပါတယ်။

အကုန်လုံး အလုပ်ဖြစ်နေချိန်မှာတော့ တစ်ဦးချင်း တောက်ပမှုတွေကို အားလုံးက မြင်ကြပါတယ်။ အကယ်လို့ တစ်ဦးချင်းတွေကို အကောင်းဆုံး လုပ်နိုင်မှုက ခဏတာလေးဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပွဲတွေကို အနိုင်ရအောင် ငါတို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီကနေ့မှာ ဘယ်သူတွေက ဂိုးသွင်းတယ်ဆိုတာက အရေးမကြီးပါဘူး။ ဒါပေမယ့် တာကီအတွက်ကတော့ ဂိုးရယူနိုင်ခဲ့တာ အရေးကြီးပါတယ်။ ၇-၈ ရက်အတွင်း ဂိုးတွေ ဆက်တိုက် သွင်းနိုင်ခဲ့တာက အရေးပါပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

တာကူမီဟာ ဘလက်ပူးလ်နဲ့ပွဲမှာတော့ ဘယ်ခြမ်း ကွင်းလယ်လူအဖြစ် ပွဲထွက်လာခဲ့ပေမယ့် တိုက်စစ်သုံးယောက်တန်ရဲ့ နောက်ချန် ကစားသမားအဖြစ်လည်း ကစားခဲ့တယ်။ သူဟာ ကွင်းလယ် နံပါတ် ၈ နဲ့ နံပါတ် ၁၀ နေရာတွေအပြင် တိုက်စစ်မှူးနေရာတွေပါ ဝင်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။

ကားတစ်ဂျုံးဝင်လာပြီးတဲ့နောက်မှာ တာကူမီက တိုက်စစ်ကို ပြည့်ပြည့်ဝဝ ကစားခွင့်ရခဲ့ပြီး သူနဲ့ ဖာမင်နို ဦးဆောင်တဲ့ တိုက်စစ်ကြောင်း တစ်ခုလုံးက အသက်ဝင် လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ရာသီၾကိဳမွာ လီဗာပူးအတြက္ ကစားခြင့္ရတိုင္း ေျခစြမ္းျပေနသူကေတာ့ ဇန္နဝါရီကမွ အသင္းနဲ႔ ပူးေပါင္းခဲ့ကာ ပထမဆံုး ရာသီၾကိဳကာလကို ေက်ာ္ျဖတ္ေနတဲ့ အာရွသား ကစားသမားေလး တာကူမီ မီနာမီႏိုပဲ ျဖစ္ပါတယ္။

တာကူမီဟာ အာဆင္နယ္ပြဲမွာ သြင္းဂိုး ရယူခဲ့သလို ဘလက္ပူးလ္နဲ႔ ပြဲမွာလည္း သြင္းဂိုးရယူခဲ့တယ္။ ရာသီၾကိဳကေပးတဲ့ ယံုၾကည္မႈေကာင္းေတြေၾကာင့္ တာကူမီဟာ စစ္မွန္တဲ့ ပြဲထြက္သမား တစ္ဦးလို ေျခစြမ္းျပ ကစားေနပါတယ္။ ဘလက္ပူးလ္နဲ႔ပြဲမွာဆိုရင္ သူက ပရိသတ္ေတြ သေဘာအက်ဆံုး ကစားသမားျဖစ္တဲ့အထိ ေျခစြမ္းျပခဲ့ကာ မိနစ္ ၉၀ အျပည့္ ကစားခြင့္ပါ ရသြားပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” တာကီကို ငါ အမ်ားၾကီး ေမွ်ာ္လင့္ထားပါတယ္။ သူ႔နဲ႔ ပက္သက္လို႔ ငါတို႔ ဘာေတြ ေမွ်ာ္လင့္ထားတယ္ဆိုတာက ရွင္းပါတယ္။ တာကီအတြက္လည္း အေရးၾကီးတယ္၊ ငါတို႔အတြက္လည္း အေရးၾကီးတယ္။ အတူတကြ လုပ္ႏုိင္ဖို႔ကပဲ အရာရာျဖစ္ပါတယ္။ ဒီေတာ့ စြမ္းေဆာင္ရည္ေတြအတြက္ပဲ ငါ စဥ္းစားပါတယ္။

အကုန္လံုး အလုပ္ျဖစ္ေနခ်ိန္မွာေတာ့ တစ္ဦးခ်င္း ေတာက္ပမႈေတြကို အားလံုးက ျမင္ၾကပါတယ္။ အကယ္လို႔ တစ္ဦးခ်င္းေတြကို အေကာင္းဆံုး လုပ္ႏုိင္မႈက ခဏတာေလးဆိုရင္ေတာ့ အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း ပြဲေတြကို အႏုိင္ရေအာင္ ငါတို႔ ၾကိဳးစားေနတာ ျဖစ္ပါတယ္။

ဒီကေန႔မွာ ဘယ္သူေတြက ဂိုးသြင္းတယ္ဆိုတာက အေရးမၾကီးပါဘူး။ ဒါေပမယ့္ တာကီအတြက္ကေတာ့ ဂိုးရယူႏုိင္ခဲ့တာ အေရးၾကီးပါတယ္။ ၇-၈ ရက္အတြင္း ဂိုးေတြ ဆက္တုိက္ သြင္းႏုိင္ခဲ့တာက အေရးပါပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

တာကူမီဟာ ဘလက္ပူးလ္နဲ႔ပြဲမွာေတာ့ ဘယ္ျခမ္း ကြင္းလယ္လူအျဖစ္ ပြဲထြက္လာခဲ့ေပမယ့္ တိုက္စစ္သံုးေယာက္တန္ရဲ႕ ေနာက္ခ်န္ ကစားသမားအျဖစ္လည္း ကစားခဲ့တယ္။ သူဟာ ကြင္းလယ္ နံပါတ္ ၈ နဲ႔ နံပါတ္ ၁၀ ေနရာေတြအျပင္ တိုက္စစ္မွဴးေနရာေတြပါ ဝင္ကစားခဲ့ျပီး ေျခစြမ္းျပခဲ့ပါတယ္။

ကားတစ္ဂ်ံဳးဝင္လာျပီးတဲ့ေနာက္မွာ တာကူမီက တိုက္စစ္ကို ျပည့္ျပည့္ဝဝ ကစားခြင့္ရခဲ့ျပီး သူနဲ႔ ဖာမင္နို ဦးေဆာင္တဲ့ တိုက္စစ္ေၾကာင္း တစ္ခုလံုးက အသက္ဝင္ လႈပ္ရွားခဲ့တာျဖစ္ပါတယ္။