ဘလက်ပူးလ်ပွဲမှာ လူစားဝင်ကစားခဲ့ပြီး သွင်းဂိုး တစ်ဂိုးလည်း သွင်းနိုင်ခဲ့တဲ့ အီလီယော့ကို ဖန်တီးရှင်တစ်ဦးနေရာက ကစားစေမယ့်သဘောကို မန်နေဂျာကလော့ပ်က ပြောဆိုလိုက်ပါတယ်။

အသက် ၁၇ နှစ်အရွယ် အင်္ဂလန်သား တောင်ပံတိုက်စစ်သမားက လီဗာပူးရဲ့ အနာဂတ် ကစားသမားအဖြစ် လူသိများသူပါ။ သူဟာ အကယ်ဒမီ စံချိန်တင်ကြေး တစ်ခုဖြင့် လီဗာပူးကို ရောက်လာခဲ့သူဖြစ်တယ်။ လက်ရှိမှာ တောင်ပံနေရာက ကစားနေပေမယ့် အနာဂတ်မှာတော့ ကွင်းလယ် ဖန်တီးရှင်နေရာ ပြောင်းကစားနိုင်သူ ဖြစ်ပါတယ်။

အီလီယော့ရဲ့ ရုပ်ပိုင်းဆိုင်ရာက တိုးတက်နေဆဲဖြစ်ကာ အနာဂတ်မှာ သူဘယ်နေရာက ကစားမယ်ဆိုတာက လာမယ့် တစ်နှစ် နှစ်နှစ်လောက်မှာ သိရမှာပါ။ လီဗာပူးနည်းပြအဖွဲ့ကတော့ ကစားသမားကို တောင်ပံနေရာမှာ သုံးနေပေမယယ့် အနာဂတ်မှာတော့ အဆုံးသတ်ပိုင်းထဲကို ပိုမို ဝင်ရောက်လှုပ်ရှားရတဲ့ ကွင်းလယ် ဖန်တီးရှင်နေရာ ကစားစေမယ်လို့ အသံတွေ ထွက်လာနေတယ်။

ကလော့ပ်ကိုယ်တိုင်ကလည်း အီလီယော့ကို ဖန်တီးရှင်အဖြစ် မြင်ထားကြောင်း ပထမဆုံးအကြိမ် မိတ်ဆက်လိုက်ပါတယ်။ မန်နေဂျာက “ အခွင့်အရေးက သူ့လက်ထဲမှာပါ။ ဒီကနေ့မှာ သူလုပ်ပြသွားတာထက် ကျနော် ပိုပြီး တောင်းဆိုလိုပါတယ်။ သူက ပုံစံကောင်းမှာ ရှိနေတယ်။ သူပုံမှန် လုပ်နေတာနဲ့ မတူတဲ့ ပြေးမှုတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒီကောင်လေး သေးသေးလေးက ဖန်တီးရှင်တစ်ယောက် ဖြစ်ပါတယ်။ သူက ဖန်တီးရှင်တစ်ယောက်လို ကစားနိုင်တယ်။ နောက်ပြီး သူက အဆုံးသတ်လည်း ကောင်းပါတယ်။ ကိုယ်က တိုက်စစ်သမားလို တိုက်စစ်ဆင်နိုင်ရမှာဖြစ်ကာ ခံစစ်သမားလိုလည်း ကာကွယ်နိုင်ရပါမယ်။ အကုန်လုံးကို လုပ်နိုင်ရမှာပါ။

ဒါကိုပဲ ကျနေ်ာတို့အားလုံးက ကွင်းထဲမှာ လုပ်နိုင်ဖို့ ကြိုးစားနေတာပါ။ အဲ့တာက ကောင်းပါတယ်။ သူ ဂိုးသွင်းနိုင်ခဲ့တာလည်း သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အဓိက တိုက်စစ်သမား သုံးယောက်အဖြစ်တော့ ဆာလက်၊ မာနေးနဲ့ ဖာမင်နိုတို့က ဆက်ရှိနေမှာပါ။ ဒါပေမယ့်လို့ အစားထိုးရမယ့် ကစားသမားတွေနဲ့ နည်းစနစ်ဆိုင်ရာ အပြောင်းအလဲအတွက် ကစားသမားတွေကို ကလော့ပ်က စတင် ရှာဖွေနေပြီ ဖြစ်ပါတယ်။

ZAWGYI

ဘလက္ပူးလ္ပြဲမွာ လူစားဝင္ကစားခဲ့ျပီး သြင္းဂိုး တစ္ဂိုးလည္း သြင္းႏုိင္ခဲ့တဲ့ အီလီေယာ့ကို ဖန္တီးရွင္တစ္ဦးေနရာက ကစားေစမယ့္သေဘာကို မန္ေနဂ်ာကေလာ့ပ္က ေျပာဆိုလိုက္ပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ အဂၤလန္သား ေတာင္ပံတိုက္စစ္သမားက လီဗာပူးရဲ႕ အနာဂတ္ ကစားသမားအျဖစ္ လူသိမ်ားသူပါ။ သူဟာ အကယ္ဒမီ စံခ်ိန္တင္ေၾကး တစ္ခုျဖင့္ လီဗာပူးကို ေရာက္လာခဲ့သူျဖစ္တယ္။ လက္ရွိမွာ ေတာင္ပံေနရာက ကစားေနေပမယ့္ အနာဂတ္မွာေတာ့ ကြင္းလယ္ ဖန္တီးရွင္ေနရာ ေျပာင္းကစားႏုိင္သူ ျဖစ္ပါတယ္။

အီလီေယာ့ရဲ႕ ရုပ္ပိုင္းဆိုင္ရာက တိုးတက္ေနဆဲျဖစ္ကာ အနာဂတ္မွာ သူဘယ္ေနရာက ကစားမယ္ဆိုတာက လာမယ့္ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္မွာ သိရမွာပါ။ လီဗာပူးနည္းျပအဖြဲ႔ကေတာ့ ကစားသမားကို ေတာင္ပံေနရာမွာ သံုးေနေပမယယ့္ အနာဂတ္မွာေတာ့ အဆံုးသတ္ပိုင္းထဲကို ပိုမို ဝင္ေရာက္လႈပ္ရွားရတဲ့ ကြင္းလယ္ ဖန္တီးရွင္ေနရာ ကစားေစမယ္လို႔ အသံေတြ ထြက္လာေနတယ္။

ကေလာ့ပ္ကိုယ္တုိင္ကလည္း အီလီေယာ့ကို ဖန္တီးရွင္အျဖစ္ ျမင္ထားေၾကာင္း ပထမဆံုးအၾကိမ္ မိတ္ဆက္လုိက္ပါတယ္။ မန္ေနဂ်ာက “ အခြင့္အေရးက သူ႔လက္ထဲမွာပါ။ ဒီကေန႔မွာ သူလုပ္ျပသြားတာထက္ က်ေနာ္ ပိုျပီး ေတာင္းဆိုလိုပါတယ္။ သူက ပံုစံေကာင္းမွာ ရွိေနတယ္။ သူပံုမွန္ လုပ္ေနတာနဲ႔ မတူတဲ့ ေျပးမႈေတြကိုလည္း လုပ္ေဆာင္ေပးခဲ့ပါတယ္။

ဒီေကာင္ေလး ေသးေသးေလးက ဖန္တီးရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူက ဖန္တီးရွင္တစ္ေယာက္လို ကစားႏုိင္တယ္။ ေနာက္ျပီး သူက အဆံုးသတ္လည္း ေကာင္းပါတယ္။ ကိုယ္က တိုက္စစ္သမားလို တိုက္စစ္ဆင္ႏုိင္ရမွာျဖစ္ကာ ခံစစ္သမားလိုလည္း ကာကြယ္ႏုိင္ရပါမယ္။ အကုန္လံုးကို လုပ္ႏုိင္ရမွာပါ။

ဒါကိုပဲ က်ေန္ာတို႔အားလံုးက ကြင္းထဲမွာ လုပ္ႏုိင္ဖို႔ ၾကိဳးစားေနတာပါ။ အဲ့တာက ေကာင္းပါတယ္။ သူ ဂိုးသြင္းႏုိင္ခဲ့တာလည္း သိပ္ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အဓိက တိုက္စစ္သမား သံုးေယာက္အျဖစ္ေတာ့ ဆာလက္၊ မာေနးနဲ႔ ဖာမင္ႏိုတို႔က ဆက္ရွိေနမွာပါ။ ဒါေပမယ့္လို႔ အစားထိုးရမယ့္ ကစားသမားေတြနဲ႔ နည္းစနစ္ဆိုင္ရာ အေျပာင္းအလဲအတြက္ ကစားသမားေတြကို ကေလာ့ပ္က စတင္ ရွာေဖြေနျပီ ျဖစ္ပါတယ္။