လီဗာပူးအသင်းဟာ လာမယ့် ဘောလုံးရာသီအတွင်း ကစားသမား ၁၀ ဦးထိကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားကြောင်း သိထားရပြီဖြစ်ပါတယ်။ နွေဈေးကွက်နဲ့ ဆောင်းရာသီ ဈေးကွက်နှစ်ခုမှာ အဆိုပါ ကစားသမား ၁၀ ဦးကို ရှင်းထုတ်ဖို့ ကြိုးစားမှာပါ။

သတင်းထွက်ထားတဲ့ ၁၀ ဦးထဲမှာတော့ ကားရီးယက်စ်၊ ဂရုဂျစ်၊ အိုရီဂီ၊ ရှာကွီရီတို့လည်း ပါဝင်နေတယ်။ လီဗာပူးက သူတို့ကို ရောင်းထုတ်ဖို့ ကြိုးစားနေရခြင်းက non-homegrown ကစားသမားစာရင်း ပြည့်နေခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ဘောလုံးရာသီတစ်ခုအတွက် နှစ်ကြိမ် ကစားသမား မှတ်ပုံတင်ခွင့်ပေးထားပြီး တစ်ကြိမ်မှာ homegrown ကစားသမား ၈ ဦးနဲ့ non-homegrown ကစားသမား ၁၇ ဦးဖြင့် စုစုပေါင်း ၂၅ ဦး မှတ်ပုံတင်ခွင့်ရှိကာ ယူ-၂၁ ကစားသမားတွေကတော့ နာမည်စာရင်း သွင်းစရာမလိုပါဘူး။

လီဗာပူးအသင်းမှာ homegrown ကစားသမား အလုံအလောက်ရှိကာ non-homegrown ကစားသမား ၁၇ ဦးနေရာကလည်း အပြည့်ဖြစ်နေပါတယ်။ ဥပမာအားဖြင့် သီယေဂိုလို ကစားသမား ရောက်လာခဲ့ရင် ဒီ ၁၇ ဦးထဲက တစ်ဦးက နေရာဖယ်ပေးရာမှာဖြစ်ကာ မှတ်ပုံတင်ခွင့်မှာ ပါဝင်မှာ မဟုတ်ပါဘူး။

Goalkeepers: Alisson, Adrian, Karius

Defenders: Van Dijk, Robertson, Matip, Tsimikas

Midfielders: Fabinho, Wijnaldum, Keita, Grujic

Forwards: Firmino, Mane, Salah, Minamino, Origi, Shaqiri

လက်ရှိ လူစာရင်းမှာ ကစားသမားသစ် ခေါ်ယူရေးမှာ နာမည်စာရင်းသွင်းဖို့က non-homegrown လူစာရင်း ပြည့်နေပြီဖြစ်တယ်။ ဒါကြောင့်လည်း ကလပ်က ကားရီးယက်စ်၊ ဂရုဂျစ်၊ အိုရီဂီနဲ့ ရှာကွီရီတို့ကို ရောင်းထုတ်ဖို့ကို အရင်ကြိုးစားလာရခြင်းဖြစ်တယ်။ သူတို့ကို ရောင်းထုတ်ခြင်း (သို့) အငှားချခြင်း လုပ်မှပဲ နာမည်စာရင်းသွင်းချိန်မှာ နေရာလွတ်မှာဖြစ်ကာ မဟုတ်ရင်တော့ ကစားသမားသစ် ရောက်လာခဲ့ရင် မှတ်ပုံတင်မှုထဲ မပါတဲ့ ကစားသမားတွေက ပွဲကစားခွင့်ရမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းမှာ အထက်က ကစားသမား ၁၇ ဦးအပြင် နိုင်ဂျီးရီးယား တိုက်စစ်သမား အဝန်နီယီကလည်း အသက် ၂၃ နှစ်ကို ကျော်ပြီဖြစ်လို့ ရာသီသစ်မှာ ရောင်းမထုတ်နိုင်တဲ့အခါ ယူ-၂၁ အသင်းသားအဖြစ် သုံးလို့မရနိုင်ဘဲ မှတ်ပုံတင်စာရင်းထဲ ထည့်ရမှာ ဖြစ်ပါတယ်။

သတိပြုစရာကတော့ ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ homegrown ကစားသမားစာရင်းမှာ မပါဝင်ကာ လူငယ်လေး ထရန့်ကတော့ အသက် ၂၁ နှစ်ပဲ ရှိသေးတာကြောင့် ယူ-၂၁ အသင်းသားအဖြစ်ပဲ နာမည်စာရင်း ပါဝင်ဦးမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာမယ့္ ေဘာလံုးရာသီအတြင္း ကစားသမား ၁၀ ဦးထိကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ထားေၾကာင္း သိထားရျပီျဖစ္ပါတယ္။ ေႏြေစ်းကြက္နဲ႔ ေဆာင္းရာသီ ေစ်းကြက္ႏွစ္ခုမွာ အဆိုပါ ကစားသမား ၁၀ ဦးကို ရွင္းထုတ္ဖို႔ ၾကိဳးစားမွာပါ။

သတင္းထြက္ထားတဲ့ ၁၀ ဦးထဲမွာေတာ့ ကားရီးယက္စ္၊ ဂရုဂ်စ္၊ အိုရီဂီ၊ ရွာကီြရီတို႔လည္း ပါဝင္ေနတယ္။ လီဗာပူးက သူတို႔ကို ေရာင္းထုတ္ဖို႔ ၾကိဳးစားေနရျခင္းက non-homegrown ကစားသမားစာရင္း ျပည့္ေနျခင္းကလည္း အေၾကာင္းရင္းတစ္ခ်က္ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ ေဘာလံုးရာသီတစ္ခုအတြက္ ႏွစ္ၾကိမ္ ကစားသမား မွတ္ပံုတင္ခြင့္ေပးထားျပီး တစ္ၾကိမ္မွာ homegrown ကစားသမား ၈ ဦးနဲ႔ non-homegrown ကစားသမား ၁၇ ဦးျဖင့္ စုစုေပါင္း ၂၅ ဦး မွတ္ပံုတင္ခြင့္ရွိကာ ယူ-၂၁ ကစားသမားေတြကေတာ့ နာမည္စာရင္း သြင္းစရာမလိုပါဘူး။

လီဗာပူးအသင္းမွာ homegrown ကစားသမား အလံုအေလာက္ရွိကာ non-homegrown ကစားသမား ၁၇ ဦးေနရာကလည္း အျပည့္ျဖစ္ေနပါတယ္။ ဥပမာအားျဖင့္ သီေယဂိုလို ကစားသမား ေရာက္လာခဲ့ရင္ ဒီ ၁၇ ဦးထဲက တစ္ဦးက ေနရာဖယ္ေပးရာမွာျဖစ္ကာ မွတ္ပံုတင္ခြင့္မွာ ပါဝင္မွာ မဟုတ္ပါဘူး။

Goalkeepers: Alisson, Adrian, Karius

Defenders: Van Dijk, Robertson, Matip, Tsimikas

Midfielders: Fabinho, Wijnaldum, Keita, Grujic

Forwards: Firmino, Mane, Salah, Minamino, Origi, Shaqiri

လက္ရွိ လူစာရင္းမွာ ကစားသမားသစ္ ေခၚယူေရးမွာ နာမည္စာရင္းသြင္းဖို႔က non-homegrown လူစာရင္း ျပည့္ေနျပီျဖစ္တယ္။ ဒါေၾကာင့္လည္း ကလပ္က ကားရီးယက္စ္၊ ဂရုဂ်စ္၊ အိုရီဂီနဲ႔ ရွာကီြရီတို႔ကို ေရာင္းထုတ္ဖို႔ကို အရင္ၾကိဳးစားလာရျခင္းျဖစ္တယ္။ သူတို႔ကို ေရာင္းထုတ္ျခင္း (သို႔) အငွားခ်ျခင္း လုပ္မွပဲ နာမည္စာရင္းသြင္းခ်ိန္မွာ ေနရာလြတ္မွာျဖစ္ကာ မဟုတ္ရင္ေတာ့ ကစားသမားသစ္ ေရာက္လာခဲ့ရင္ မွတ္ပံုတင္မႈထဲ မပါတဲ့ ကစားသမားေတြက ပြဲကစားခြင့္ရမွာ မဟုတ္ပါဘူး။

လီဗာပူးအသင္းမွာ အထက္က ကစားသမား ၁၇ ဦးအျပင္ ႏုိင္ဂ်ီးရီးယား တိုက္စစ္သမား အဝန္နီယီကလည္း အသက္ ၂၃ ႏွစ္ကို ေက်ာ္ျပီျဖစ္လုိ႔ ရာသီသစ္မွာ ေရာင္းမထုတ္ႏုိင္တဲ့အခါ ယူ-၂၁ အသင္းသားအျဖစ္ သံုးလို႔မရႏုိင္ဘဲ မွတ္ပံုတင္စာရင္းထဲ ထည့္ရမွာ ျဖစ္ပါတယ္။

သတိျပဳစရာကေတာ့ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ homegrown ကစားသမားစာရင္းမွာ မပါဝင္ကာ လူငယ္ေလး ထရန္႔ကေတာ့ အသက္ ၂၁ ႏွစ္ပဲ ရွိေသးတာေၾကာင့္ ယူ-၂၁ အသင္းသားအျဖစ္ပဲ နာမည္စာရင္း ပါဝင္ဦးမွာျဖစ္ပါတယ္။