လီဗာပူးကွင်းလယ်လူ မီလ်နာက ဘလက်ပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့တဲ့ အသင်းဖော်တွေကို ချီးကျူးမှု ပြုလုပ်သွားခဲ့တယ်။

တစ်ပါးတည်းမှာပဲ မီလ်နာက ဂိုးသွင်းလိုက်ပြီဆိုတော့ တစ်စုံတစ်ယောက်က ဆံပင် ညှပ်မယ်ဆိုတဲ့ ကတိတည်ဖို့ လိုပါပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ မီလ်နာက အသင်းဖော် အီလီယော့ကို ရည်ရွယ်ပြီး ထုတ်ပြောခြင်းဖြစ်ကာ အင်္ဂလန်သားလေးက ရယ်ရယ်မောမောဖြင့် ဒါကို ဖြေရှင်းကြတာပေါ့လို့ တုန့်ပြန်ပါတယ်။

The Athletic သတင်းဌာနက လီဗာပူးသတင်းထောက် James Pearce နဲ့လုပ်တဲ့ စပယ်ရှယ် အင်တာဗျူးတစ်ခုမှာ အီလီယော့က သူ့ဆံပင်ကေကို အသစ်ညှပ်မယ့်အကြောင်း ဝန်ခံထားပါတယ်။ သြဂုတ်လတုန်းက လုပ်ခဲ့တဲ့ အဆိုပါ အင်တာဗျူးမှာတော့ အီလီယော့က ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံးသွင်းဂိုး ရခဲ့ရင် ဆံပင်ညှပ်ပါမယ်လို့ ကတိပေးခဲ့တာပါ။

အဲ့တုန်းကတော့ အီလီယော့က ” ဒီဆံပင်ပုံစံကို ထားလာတာ ၂ နှစ်လောက် ရှိပါပြီ။ ကျောင်းတုန်းကလည်း အရှည်ထားတိုင်း ဆရာတွေနဲ့ အတိုက်အခံဖြစ်ရတယ်။ ကျောင်းစည်းကမ်းတွေကို လိုက်နာဖို့ လိုတာကြောင့် အရှည်မထားခဲ့ရပါဘူး။

ကျနော်ရဲ့ ဆံပင်ပုံက လူကြိုက်များတဲ့ ဆံပင်ကေတော့ မဟုတ်ဘူး။ လူတိုင်းက သူဘာလို့များ အရှည်ထားလိုလည်း မသိပါဘူးလို့ တွေးထင်ကြတယ်။ ဒါပေမယ့် ကျနော် ကြိုက်တယ်လေ။ ဒီဆံပင်ပုံကို မန်နေဂျာကလော့ပ်ကလည်း သိပ်အားပေးတယ်လို့ မထင်ပါဘူး။ တစ်ခါတစ်လေမှာ ဆံပင်ကို ပုံစံသစ်နဲ့ ထုံးလာတဲ့အခါ သူက ကျနော်ကို ကြည့်ပြီး အော်ရယ်တတ်တယ်။

ကျနော်ရဲ့ ပထမဆုံးသော ပရော်ဖက်ရှင်နယ်ဂိုးကို သွင်းနိုင်ခဲ့ရင် ဆံပင်ညှပ်မယ်လို့ အသင်းဖော်တွေကို ကတိပေးထားပါတယ်။ တကယ်တမ်းကတော့ နှစ်သစ်မှာ ဆံပင်ညှပ်မယ်လို့ စဉ်းစားထားပြီးသားပါ။ ဒါပေမယ့်လို့ တစ်ခုခုသော အမှတ်တရအတွက်ပဲ ဆံပင် ညှပ်လိုပါတယ်။

အကြာကြီး မစောင့်ရဖို့တော့ မျှော်လင့်ပါတယ်။ ရာသီသစ် စတင်မှာကို မစောင့်နိုင်အောင်ပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အီလီယော့တစ်ယောက် သူ့ကတိအတိုင်း ဆံပင်ညှပ်သွားမှာလားဆိုတာကိုတော့ စောင့်ကြည့်ရအောင်ပါဗျာ။

ZAWGYI

လီဗာပူးကြင္းလယ္လူ မီလ္နာက ဘလက္ပူးလ္နဲ႔ပြဲမွာ စြမ္းေဆာင္ရည္ေကာင္းခဲ့တဲ့ အသင္းေဖာ္ေတြကို ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့တယ္။

တစ္ပါးတည္းမွာပဲ မီလ္နာက ဂိုးသြင္းလိုက္ျပီဆိုေတာ့ တစ္စံုတစ္ေယာက္က ဆံပင္ ညွပ္မယ္ဆိုတဲ့ ကတိတည္ဖို႔ လိုပါျပီလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ မီလ္နာက အသင္းေဖာ္ အီလီေယာ့ကို ရည္ရြယ္ျပီး ထုတ္ေျပာျခင္းျဖစ္ကာ အဂၤလန္သားေလးက ရယ္ရယ္ေမာေမာျဖင့္ ဒါကို ေျဖရွင္းၾကတာေပါ့လို႔ တုန္႔ျပန္ပါတယ္။

The Athletic သတင္းဌာနက လီဗာပူးသတင္းေထာက္ James Pearce နဲ႔လုပ္တဲ့ စပယ္ရွယ္ အင္တာဗ်ဴးတစ္ခုမွာ အီလီေယာ့က သူ႔ဆံပင္ေကကို အသစ္ညွပ္မယ့္အေၾကာင္း ဝန္ခံထားပါတယ္။ ၾသဂုတ္လတုန္းက လုပ္ခဲ့တဲ့ အဆိုပါ အင္တာဗ်ဴးမွာေတာ့ အီလီေယာ့က ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ ပထမဆံုးသြင္းဂိုး ရခဲ့ရင္ ဆံပင္ညွပ္ပါမယ္လို႔ ကတိေပးခ့ဲတာပါ။

အဲ့တုန္းကေတာ့ အီလီေယာ့က ” ဒီဆံပင္ပံုစံကို ထားလာတာ ၂ ႏွစ္ေလာက္ ရွိပါျပီ။ ေက်ာင္းတုန္းကလည္း အရွည္ထားတိုင္း ဆရာေတြနဲ႔ အတိုက္အခံျဖစ္ရတယ္။ ေက်ာင္းစည္းကမ္းေတြကို လိုက္နာဖို႔ လိုတာေၾကာင့္ အရွည္မထားခဲ့ရပါဘူး။

က်ေနာ္ရဲ႕ ဆံပင္ပံုက လူၾကိဳက္မ်ားတဲ့ ဆံပင္ေကေတာ့ မဟုတ္ဘူး။ လူတိုင္းက သူဘာလို႔မ်ား အရွည္ထားလိုလည္း မသိပါဘူးလို႔ ေတြးထင္ၾကတယ္။ ဒါေပမယ့္ က်ေနာ္ ၾကိဳက္တယ္ေလ။ ဒီဆံပင္ပံုကို မန္ေနဂ်ာကေလာ့ပ္ကလည္း သိပ္အားေပးတယ္လို႔ မထင္ပါဘူး။ တစ္ခါတစ္ေလမွာ ဆံပင္ကို ပံုစံသစ္နဲ႔ ထံုးလာတဲ့အခါ သူက က်ေနာ္ကို ၾကည့္ျပီး ေအာ္ရယ္တတ္တယ္။

က်ေနာ္ရဲ႕ ပထမဆံုးေသာ ပေရာ္ဖက္ရွင္နယ္ဂိုးကို သြင္းႏုိင္ခဲ့ရင္ ဆံပင္ညွပ္မယ္လို႔ အသင္းေဖာ္ေတြကို ကတိေပးထားပါတယ္။ တကယ္တမ္းကေတာ့ ႏွစ္သစ္မွာ ဆံပင္ညွပ္မယ္လို႔ စဥ္းစားထားျပီးသားပါ။ ဒါေပမယ့္လို႔ တစ္ခုခုေသာ အမွတ္တရအတြက္ပဲ ဆံပင္ ညွပ္လိုပါတယ္။

အၾကာၾကီး မေစာင့္ရဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ ရာသီသစ္ စတင္မွာကို မေစာင့္ႏုိင္ေအာင္ပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အီလီေယာ့တစ္ေယာက္ သူ႔ကတိအတိုင္း ဆံပင္ညွပ္သြားမွာလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရေအာင္ပါဗ်ာ။