လီဗာပူးအသင်းက non-homegrown ကစားသမားတွေကို ရောင်းထုတ်ဖို့ ဘာကြောင့် ကြိုးစားနေရလဲဆိုတာကို သီသန့် ရေးသားဖော်ပြခဲ့ပြီးပါပြီ။ အခု ဖော်ပြမှာက ဈေးကွက်ထဲမှာ အရောင်းစာရင်းတင်ထားတဲ့ ကစားသမားတွေကို ရောင်းထုတ်နိုင်ရင် လီဗာပူးက ပြောင်းရွှေ့ကြေး ဘယ်လောက်ရမလဲဆိုတဲ့အပိုင်း ဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လီဗာပူးရဲ့ ဦးစားပေးက ကစားသမား ရောင်းထုတ်မှုပိုင်းဖြစ်ပါတယ်။ ဒီနွေဈေးကွက်မှာ ကစားသမားခေါ်ယူမှုက ကစားသမား ရောင်းထုတ်ရာမှာ ရရှိတဲ့ ပြောင်းရွှေ့ကြေးအပေါ် အခြေခံမှာဖြစ်တယ်။ အနာဂတ်အတွက် အခြေခံ အုတ်မြစ်တွေကို ပြန်လည် တည်ဆောက်ဖို့အတွက် ကစားသမား ၁၀ ဦးကို ရှင်းထုတ်မှုလုပ်ဖို့ ရည်ရွယ်ထားတယ်။

အဆိုပါထဲက ထွက်ခွာဖွယ်ရှိနိုင်တဲ့ ကစားသမား ၆ ဦးနဲ့ သူတို့အတွက် လီဗာပူးရနိုင်တဲ့ ပြောင်းရွှေ့ကြေးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Marko Grujic – £15m

ဟာသာဘာလင်ကို ၂ ရာသီ အငှားချခဲ့တဲ့ ဆားဘီးယားသားက ဂျာမနီမှာတော့ ခေါ်လိုတဲ့ ကလပ်တွေ များပါတယ်။ လီဗာပူးက ပေါင် သန်း ၂၀ ဈေးဖြတ်ပေးထားပြီး အဲ့ကြေးအတိုင်း ဒီနွေမှာ ရဖို့ မရှိဘူး။ ၂၄ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် ၁၅ သန်းက အနီးစပ်ဆုံး ရနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြစ်ကာ အဲ့လောက်မှ မရရင်တော့ အသင်းမှာပဲ ၁၂ လ ထပ်ရှိနေပါမယ်။

Harry Wilson – £20m

ဝေလ်းကစားသမားကို အဓိက လိုချင်နေတာက ပရီးမီးယားလိဂ်ကလပ်တွေကဖြစ်တယ်။ လီဗာပူးက ဈေးကွက်ထဲမှာ ပေါင် သန်း ၃၀ ထိ ဈေးခေါ်ထားခဲ့ပြီး ဒီနွေမှာတော့ သန်း ၂၀ က အမြင့်ဆုံးရနိုင်မယ့် ပြောင်းရွှေ့ကြေးဖြစ်ပါတယ်။ ဝဲလ်ဆန်ကို ဆက်ထိန်းဖို့ ကလော့ပ်ဘက်ကလည်း ပျော်ရွှင်သလို ကစားသမားလည်း လီဗာပူးမှာပဲ ဆက်ရှိနေချင်တယ်။ ဒါကြောင့် သန်း ၂၀ ထက် နည်းပါးတဲ့ ကမ်းလှမ်းမှုနဲ့တော့ ဝဲလ်ဆန်ကို လီဗာပူးကနေ ခေါ်ထုတ်နိုင်မှာ မဟုတ်ပါဘူး။

Loris Karius – £6m

လီဗာပူးဘက်က ဝယ်လက်ရှာနေပြီး ပြင်သစ်ကလပ် မောင့်ပယ်လီယာ တစ်သင်းတည်းကပဲ စိတ်ဝင်စားမှု ပြသခဲ့ပါတယ်။ ဂျာမနီဘက်ကလည်း ကလပ် ၂ သင်းလောက်က စိတ်ဝင်စားတယ်လို့ အသံထွက်ထားပြီး ပေါင် ၆ သန်းက လီဗာပူးဘက်က တောင်းဆိုဈေးဖြစ်တယ်။

Yasser Larouci – £5m

အသက် ၁၉ နှစ်အရွယ် ဘယ်အစွန်လူက သက်တမ်းတိုးဖို့ကို ငြင်းဆန်ထားပြီး လာမယ့်နွေမှာ စာချုပ်ကုန်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးက ဘယ်အစွန်နေရာ ရေရှည်အတွက် ရည်ရွယ်ပြီး ကိုစတက်ကို ခေါ်ယူထားခဲ့တယ်။ လီဗာပူးက ဒီနွေမှာတင် လာရိုစီကို ရောင်းထုတ်လိုကာ ပေါင် ၅ သန်း ရလိုပါတယယ်။

Nat Phillips – £5m

နက်ဖီးလစ်ဟာ အသက် ၂၃ နှစ်ကို ကျော်လွန်သွားပြီဖြစ်ကာ ပုံမှန်ပွဲကစားခွင့်ကို စရှာရတော့မှာပါ။ သူ့ကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုစီးတီးက အရေးသားနေပြီး အငှားခေါ်ယူမှု ဖြစ်နိုင်ပါတယ်။ လီဗာပူးဘက်ကတော့ လမ်းဖွင့်ပေးထားဆဲဖြစ်ကာ ကစားသမားကို ခေါ်ယူဖို့တော့ အသင်းကောင်းတွေက စိတ်ဝင်စားလာခြင်း မရှိသေးပါဘူး။

Sheyi Ojo – £7m

တောင်ပံသမားကလည်း အငှားထွက်ဖို့ပဲ သတင်းကြီးနေပါတယ်။ လီဗာပူးကတော့ အပြီးသတ်ဆိုရင်လည်း ရောင်းလိုတယ်။ ရိန်းဂျားအသင်းမှာ ခြေစွမ်းကောင်း ပြသထားတဲ့ အိုဂျိုအတွက် လီဗာပူးက ပေါင် ၇ သန်းထက် မနည်းတဲ့ ကမ်းလှမ်းမှုတွေကိုပဲ နားထောင်လိုပါတယ်။

ZAWGYI

လီဗာပူးအသင္းက non-homegrown ကစားသမားေတြကို ေရာင္းထုတ္ဖို႔ ဘာေၾကာင့္ ၾကိဳးစားေနရလဲဆိုတာကို သီသန္႔ ေရးသားေဖာ္ျပခဲ့ျပီးပါျပီ။ အခု ေဖာ္ျပမွာက ေစ်းကြက္ထဲမွာ အေရာင္းစာရင္းတင္ထားတဲ့ ကစားသမားေတြကို ေရာင္းထုတ္ႏုိင္ရင္ လီဗာပူးက ေျပာင္းေရႊ႔ေၾကး ဘယ္ေလာက္ရမလဲဆိုတဲ့အပိုင္း ျဖစ္ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ လီဗာပူးရဲ႕ ဦးစားေပးက ကစားသမား ေရာင္းထုတ္မႈပိုင္းျဖစ္ပါတယ္။ ဒီေႏြေစ်းကြက္မွာ ကစားသမားေခၚယူမႈက ကစားသမား ေရာင္းထုတ္ရာမွာ ရရွိတဲ့ ေျပာင္းေရႊ႔ေၾကးအေပၚ အေျခခံမွာျဖစ္တယ္။ အနာဂတ္အတြက္ အေျခခံ အုတ္ျမစ္ေတြကို ျပန္လည္ တည္ေဆာက္ဖို႔အတြက္ ကစားသမား ၁၀ ဦးကို ရွင္းထုတ္မႈလုပ္ဖို႔ ရည္ရြယ္ထားတယ္။

အဆိုပါထဲက ထြက္ခြာဖြယ္ရွိႏုိင္တဲ့ ကစားသမား ၆ ဦးနဲ႔ သူတို႔အတြက္ လီဗာပူးရႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Marko Grujic – £15m

ဟာသာဘာလင္ကို ၂ ရာသီ အငွားခ်ခဲ့တဲ့ ဆားဘီးယားသားက ဂ်ာမနီမွာေတာ့ ေခၚလိုတဲ့ ကလပ္ေတြ မ်ားပါတယ္။ လီဗာပူးက ေပါင္ သန္း ၂၀ ေစ်းျဖတ္ေပးထားျပီး အဲ့ေၾကးအတိုင္း ဒီေႏြမွာ ရဖို႔ မရွိဘူး။ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ေပါင္ ၁၅ သန္းက အနီးစပ္ဆံုး ရႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးျဖစ္ကာ အဲ့ေလာက္မွ မရရင္ေတာ့ အသင္းမွာပဲ ၁၂ လ ထပ္ရွိေနပါမယ္။

Harry Wilson – £20m

ေဝလ္းကစားသမားကုိ အဓိက လိုခ်င္ေနတာက ပရီးမီးယားလိဂ္ကလပ္ေတြကျဖစ္တယ္။ လီဗာပူးက ေစ်းကြက္ထဲမွာ ေပါင္ သန္း ၃၀ ထိ ေစ်းေခၚထားခဲ့ျပီး ဒီေႏြမွာေတာ့ သန္း ၂၀ က အျမင့္ဆံုးရႏုိင္မယ့္ ေျပာင္းေရႊ႔ေၾကးျဖစ္ပါတယ္။ ဝဲလ္ဆန္ကို ဆက္ထိန္းဖို႔ ကေလာ့ပ္ဘက္ကလည္း ေပ်ာ္ရႊင္သလို ကစားသမားလည္း လီဗာပူးမွာပဲ ဆက္ရွိေနခ်င္တယ္။ ဒါေၾကာင့္ သန္း ၂၀ ထက္ နည္းပါးတဲ့ ကမ္းလွမ္းမႈနဲ႔ေတာ့ ဝဲလ္ဆန္ကို လီဗာပူးကေန ေခၚထုတ္ႏုိင္မွာ မဟုတ္ပါဘူး။

Loris Karius – £6m

လီဗာပူးဘက္က ဝယ္လက္ရွာေနျပီး ျပင္သစ္ကလပ္ ေမာင့္ပယ္လီယာ တစ္သင္းတည္းကပဲ စိတ္ဝင္စားမႈ ျပသခဲ့ပါတယ္။ ဂ်ာမနီဘက္ကလည္း ကလပ္ ၂ သင္းေလာက္က စိတ္ဝင္စားတယ္လို႔ အသံထြက္ထားျပီး ေပါင္ ၆ သန္းက လီဗာပူးဘက္က ေတာင္းဆိုေစ်းျဖစ္တယ္။

Yasser Larouci – £5m

အသက္ ၁၉ ႏွစ္အရြယ္ ဘယ္အစြန္လူက သက္တမ္းတိုးဖို႔ကို ျငင္းဆန္ထားျပီး လာမယ့္ေႏြမွာ စာခ်ဳပ္ကုန္မွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လီဗာပူးက ဘယ္အစြန္ေနရာ ေရရွည္အတြက္ ရည္ရြယ္ျပီး ကိုစတက္ကို ေခၚယူထားခဲ့တယ္။ လီဗာပူးက ဒီေႏြမွာတင္ လာရိုစီကို ေရာင္းထုတ္လိုကာ ေပါင္ ၅ သန္း ရလိုပါတယယ္။

Nat Phillips – £5m

နက္ဖီးလစ္ဟာ အသက္ ၂၃ ႏွစ္ကို ေက်ာ္လြန္သြားျပီျဖစ္ကာ ပံုမွန္ပြဲကစားခြင့္ကို စရွာရေတာ့မွာပါ။ သူ႔ကို ေခၚယူဖို႔ ခ်န္ပီယံရွစ္ကလပ္ ဘရစၥတိုစီးတီးက အေရးသားေနျပီး အငွားေခၚယူမႈ ျဖစ္ႏုိင္ပါတယ္။ လီဗာပူးဘက္ကေတာ့ လမ္းဖြင့္ေပးထားဆဲျဖစ္ကာ ကစားသမားကို ေခၚယူဖို႔ေတာ့ အသင္းေကာင္းေတြက စိတ္ဝင္စားလာျခင္း မရွိေသးပါဘူး။

Sheyi Ojo – £7m

ေတာင္ပံသမားကလည္း အငွားထြက္ဖို႔ပဲ သတင္းၾကီးေနပါတယ္။ လီဗာပူးကေတာ့ အျပီးသတ္ဆိုရင္လည္း ေရာင္းလိုတယ္။ ရိန္းဂ်ားအသင္းမွာ ေျခစြမ္းေကာင္း ျပသထားတဲ့ အိုဂ်ိဳအတြက္ လီဗာပူးက ေပါင္ ၇ သန္းထက္ မနည္းတဲ့ ကမ္းလွမ္းမႈေတြကိုပဲ နားေထာင္လိုပါတယ္။