လီဗာပူးအသင်းဟာ ကာရာဘောင်း တတိယအဆင့်မှာတော့ ဘရတ်ဖိုဒ့်စီးတီး (သို့) LincolnCity FC နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ခံစစ်အမှားတွေနဲ့ ပက်သက်လို့ ကလော့ပ်က ” ကျနော်တို့ အသင်းရဲ့ တိုက်ခိုက်လိုစိတ် ကင်းမဲ့နေပြီး လိုအင်ဆန္ဒပြင်းပြမှုတွေ အားနည်းခဲ့တယ်။ ပေးလိုက်ရတဲ့ ဂိုးတွေက ရာသီကြိုပွဲတွေမှာ ပုံမှန်လိုဖြစ်နေတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ ကစားကွက် တည်ဆောက်ရာမှာ ဘောလုံး ဆုံးရံှူးတယ်။ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ်ကို ခွင့်ပြုလိုက်ရတာပါ။ ဒါကို ခွင့်မပြုရဘူးဆိုတာလည်း ကျနေ်ာတို့ သိတယ်။ ကျနေ်ာတို့ တိုးတက်လာဖို့ လိုပါတယ်။ ” လို့ မှတ်ချက်ပေးပါတယ်။
လီဗာပူးအသင်းက ဝိုက်နယ်ဒမ်ကို ဒီနွေမှာ လက်လွတ်ရရင် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အယ်ကန်တာရာနဲ့ တိုက်ရိုက် အစားထိုးသွားဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။
ကာရေဂါက မနှစ်ကရာသီ အဆင့် သုံးအဆင့်က လက်ရှိ ချန်ပီယံ လီဗာပူးကို ကျော်တက်မယ်ဆိုတဲ့ နဗီးရဲ့ အယူအဆကို ငြင်းဆန်ပါတယ်။ ကာရေဂါကတော့ နှစ်သင်းကြား မနှစ်တုန်းက ရမှတ် ၃၃ မှတ် ကွာဟမှုကို ထောက်ပြကာ ယူနိုက်တက်ဟာ မန်နေဂျာကလော့ပ်ရဲ့ အသင်းကို စိန်ခေါ်ဖို့က အဝေးကြီးရှိနေပါသေးတယ်လို့ ဆိုခဲ့တယ်။
လီဗာပူးကွင်းလယ်လူ မီလ်နာက ဘလက်ပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့တဲ့ အသင်းဖော်တွေကို ချီးကျူးမှု ပြုလုပ်သွားခဲ့ရာမှာ စီနီယာကစားသမားဘဝ ပထမဆုံးဂိုးသွင်းရင် ဆံပင် ညှပ်မယ်ဆိုတဲ့ ကတိတည်ဖို့ လိုပါပြီလို့ အီလီယော့ကို စနောက်သွားပါတယ်။
လီဗာပူးအသင်းဟာ လာမယ့် ဘောလုံးရာသီအတွင်း ကစားသမား ၁၀ ဦးထိကို ရောင်းထုတ်ဖို့ ကြိုးစားနေရခြင်းက non-homegrown ကစားသမား ၁၇ ဦး စာရင်း ပြည့်နေခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။
၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လီဗာပူးရဲ့ ဦးစားပေးက ကစားသမား ရောင်းထုတ်မှုပိုင်းဖြစ် ထွက်ခွာဖွယ်ရှိနိုင်တဲ့ ကစားသမား ၆ ဦးအတွက် ရနိုင်တဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၅၈ သန်း ဖြစ်ပါတယ်။
ဘလက်ပူးလ်ပွဲမှာ လူစားဝင်ကစားခဲ့ပြီး သွင်းဂိုး တစ်ဂိုးလည်း သွင်းနိုင်ခဲ့တဲ့ အီလီယော့ကို အနာဂတ်မှာတော့ တောင်ပံနေရာ မဟုတ်ဘဲ ဖန်တီးရှင်တစ်ဦးနေရာက ကစားစေမှာဖြစ်ပါတယ်။
မန်နေဂျာကလော့ပ်က ” တာကီကို ငါ အများကြီး မျှော်လင့်ထားပါတယ်။ သူ့နဲ့ ပက်သက်လို့ ငါတို့ ဘာတွေ မျှော်လင့်ထားတယ်ဆိုတာက ရှင်းပါတယ်။ တာကီအတွက်ကတော့ ဂိုးရယူနိုင်ခဲ့တာ အရေးကြီးပါတယ်။ ၇-၈ ရက်အတွင်း ဂိုးတွေ ဆက်တိုက် သွင်းနိုင်ခဲ့တာက အရေးပါပါတယ် ” လို့ ချီးကျူးခဲ့တယ်။
ZAWGYI