ဘာစီလိုနာဟာ လူးဝစ်ဆွာရက်စ်ကို ဂျူဗင်တပ်ထံ ရောင်းထုတ်ဖို့ကိစ္စ အောင်မြင်တော့မှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ဆွာရက်စ်ကို ရောင်းထုတ်ပြီးရင် ပထမဆုံး ခေါ်ယူမှုအဖြစ် ဝိုက်နယ်ဒမ်ကို ဦးတည်ထားပါတယ်။

ဘာစီလိုနာဟာ မန်နေဂျာကိုးမန်းကို တာဝန်ပေးမှု မတိုင်ခင်က ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ခြင်း မရှိပါဘူး။ ကိုးမန်းက သူ့ရဲ့ အဝယ်စာရင်းမှာ ဝိုက်နယ်ဒမ်ကို ထည့်သွင်းလိုက်တာကြောင့် ကမ်းလှမ်းမှုတွေလုပ်ဖို့ ပြင်ဆင်ပေးနေခြင်း ဖြစ်ပါတယ်။

ကားဒစ်အသင်းဟာ လီဗာပူး လူငယ်တောင်ပံသမား အိုဂျိုကို တစ်ရာသီ အငှားခေါ်ယူဖို့ ကြိုးစားမှု အောင်မြင်သွားပါပြီ။ နော်တင်ဟမ်ဖောရက်စ်နဲ့အပြိုင် ကြိုးစားခဲ့ရာမှာ ကားဒစ်က အသာရခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဝေလ်းလူငယ်လေး နီကိုး ဝီလီယမ်ဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ ဘူဂေးရီးယားနဲ့ပွဲမှာ ၆၅ မိနစ်မှာ လူစားဝင်လာခဲ့ပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာ ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူကာ ဝေလ်းကို အနိုင်ရလဒ် ထွက်ပေါ်စေခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆန်က ချယ်ဆီးရဲ့ နွေခေါ်ယူမှုတွေကို အထင်ကြီးနေပြီး ဒီခေါ်ယူမှုတွေကြောင့် ရာသီသစ်မှာ လီဗာပူးအသင်းနဲ့ ကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်နိုင်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဘရာဇီးကလပ် ဖလူမီနက် အသင်းမှ တိုက်စစ်မှူး Evanilson ကို လီဗာပူးက စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။ အပြောင်းအရွှေ့အတွက် ကစားသမားက လမ်းဖွင့်ထားပေမယ့် ဘရာဇီးကလပ်ကတော့ ရာသီကုန်ထိ ဘရာဇီးမှာပဲ ဆက်ထားလိုပါတယ်။

ဒီအပတ် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲအတွက် အန်ဖီးကွင်းက အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း လီဗာပူးအသင်းဘက်က ထုတ်ဖော်လိုက်ပါတယ်။

ZAWGYI

ဘာစီလိုနာဟာ လူးဝစ္ဆြာရက္စ္ကို ဂ်ဴဗင္တပ္ထံ ေရာင္းထုတ္ဖို႔ကိစၥ ေအာင္ျမင္ေတာ့မွာ ျဖစ္ပါတယ္။ ၄င္းတို႔ဟာ ဆြာရက္စ္ကို ေရာင္းထုတ္ျပီးရင္ ပထမဆံုး ေခၚယူမႈအျဖစ္ ဝိုက္နယ္ဒမ္ကို ဦးတည္ထားပါတယ္။

ဘာစီလိုနာဟာ မန္ေနဂ်ာကိုးမန္းကို တာဝန္ေပးမႈ မတိုင္ခင္က ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ျခင္း မရွိပါဘူး။ ကိုးမန္းက သူ႔ရဲ႕ အဝယ္စာရင္းမွာ ဝိုက္နယ္ဒမ္ကို ထည့္သြင္းလိုက္တာေၾကာင့္ ကမ္းလွမ္းမႈေတြလုပ္ဖို႔ ျပင္ဆင္ေပးေနျခင္း ျဖစ္ပါတယ္။

ကားဒစ္အသင္းဟာ လီဗာပူး လူငယ္ေတာင္ပံသမား အိုဂ်ိဳကို တစ္ရာသီ အငွားေခၚယူဖို႔ ၾကိဳးစားမႈ ေအာင္ျမင္သြားပါျပီ။ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔အျပိဳင္ ၾကိဳးစားခဲ့ရာမွာ ကားဒစ္က အသာရခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ေဝလ္းလူငယ္ေလး နီကိုး ဝီလီယမ္ဟာ မနက္က ယွဥ္ျပိဳင္ကစားတဲ့ ဘူေဂးရီးယားနဲ႔ပြဲမွာ ၆၅ မိနစ္မွာ လူစားဝင္လာခဲ့ျပီး ပြဲခ်ိန္ ေနာက္ဆံုးမိနစ္မွာ ပြဲရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးကို သြင္းယူကာ ေဝလ္းကို အႏုိင္ရလဒ္ ထြက္ေပၚေစခဲ့ပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္း ေပါလ္မာဆန္က ခ်ယ္ဆီးရဲ႕ ေႏြေခၚယူမႈေတြကို အထင္ၾကီးေနျပီး ဒီေခၚယူမႈေတြေၾကာင့္ ရာသီသစ္မွာ လီဗာပူးအသင္းနဲ႔ ကြာဟခ်က္ကို က်ဥ္းေျမာင္းေအာင္ လုပ္ႏုိင္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဘရာဇီးကလပ္ ဖလူမီနက္ အသင္းမွ တိုက္စစ္မွဴး Evanilson ကို လီဗာပူးက ေစာင့္ၾကည့္မႈေတြ လုပ္ေနပါတယ္။ အေျပာင္းအေရႊ႔အတြက္ ကစားသမားက လမ္းဖြင့္ထားေပမယ့္ ဘရာဇီးကလပ္ကေတာ့ ရာသီကုန္ထိ ဘရာဇီးမွာပဲ ဆက္ထားလိုပါတယ္။

ဒီအပတ္ စေနေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လိဒ္ယူႏုိက္တက္နဲ႔ပြဲအတြက္ အန္ဖီးကြင္းက အဆင္သင့္ျဖစ္ေနျပီဆိုတဲ့အေၾကာင္း လီဗာပူးအသင္းဘက္က ထုတ္ေဖာ္လိုက္ပါတယ္။