၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်နိုင်ခဲ့တဲ့ လီဗာပူးဟာ ရာသီသစ်မှာတော့ ပရီးမီးယားလိဂ် ဆုဖလားအတွက် ရေပန်းစားမှု မြင့်မားသလို ချန်ပီယံလိဂ်မှာလည်း ထိပ်တန်း တစ်နေရာက ဦးစားပေးခြင်း ခံထားရတယ်။

လီဗာပူးဟာ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့တဲ့ အသင်းဖြစ်ကာ ရာသီသစ်အတွက် ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ စာရင်းမှာလည်း ကစားသမားသစ် တစ်ဦးတည်း ခေါ်ယူထားပေမယ့် ရေပန်းစားအသင်းအဖြစ် ထိပ်ဆုံး တစ်နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ်ကို အနိုင်ရဖို ရေပန်းအစားဆုံး အသင်းအဖြစ် လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူနစ်က ထိပ်ဆုံးရ ရပ်တည်နေတာဖြစ်ပြီး သူနောက်မှာတော့ မန်စီးတီးနဲ့ လီဗာပူးတို့က ရပ်တည်နေပါတယ်။ ဘွန်ကီတွေရဲ့ ပေါက်ကြေး ထုတ်ပြန်မှုဖြစ်ကာ ပီအက်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့က အစဉ်လိုက် ဆက်လက် ရပ်တည်နေတာဖြစ်တယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ တည်ငြိမ်တဲ့ ခြေစွမ်းတွေကို ပြသထားခဲ့တယ်။ လက်ရှိ အသင်းရဲ့ အဓိက ကစားသမားတွေကိုလည်း တစ်ဦးမှ လက်လွတ်ထားရခြင်း မရှိသေးပါဘူး။ ဘယ်အစွန်နေရာမှာ ကိုစတက်ကို အစားထိုးထားတဲ့ လီဗာပူးဟာ အယ်ကန်တာရာနဲ့ သတင်းထွက်နေသလို ခံစစ်မှူးတစ်ဦးကိုလည်း ခေါ်ယူဖို့ ရှိနေသေးတယ်။

ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးက အနည်းငယ် ပိုမို ရေပန်းစားနေပေမယ့် ရာသီသစ်မှာလည်း မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းကပဲ ချန်ပီယံဖြစ်ဖို့ အပြိုင်ဖြစ်မယ်ဆိုပြီး ဘွန်ကီတွေက ပေါက်ကြေး ထုတ်ထားကြတာဖြစ်ပါတယ်။

Champions League early odds

1. Bayern Munich – 9/2

2. Man City – 9/2

3. Liverpool – 13/2

4. PSG – 9/1

5. Real Madrid – 11/1

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ေအာင္ႏုိင္ခဲ့တဲ့ လီဗာပူးဟာ ရာသီသစ္မွာေတာ့ ပရီးမီးယားလိဂ္ ဆုဖလားအတြက္ ေရပန္းစားမႈ ျမင့္မားသလို ခ်န္ပီယံလိဂ္မွာလည္း ထိပ္တန္း တစ္ေနရာက ဦးစားေပးျခင္း ခံထားရတယ္။

လီဗာပူးဟာ ၂၀၁၉ ခုနွစ္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့တဲ့ အသင္းျဖစ္ကာ ရာသီသစ္အတြက္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရဖို႔ စာရင္းမွာလည္း ကစားသမားသစ္ တစ္ဦးတည္း ေခၚယူထားေပမယ့္ ေရပန္းစားအသင္းအျဖစ္ ထိပ္ဆံုး တစ္ေနရာမွာ ရွိေနဆဲ ျဖစ္ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို ေရပန္းအစားဆံုး အသင္းအျဖစ္ လက္ရွိ ခ်န္ပီယံ ဘိုင္ယန္ျမဴနစ္က ထိပ္ဆံုးရ ရပ္တည္ေနတာျဖစ္ျပီး သူေနာက္မွာေတာ့ မန္စီးတီးနဲ႔ လီဗာပူးတို႔က ရပ္တည္ေနပါတယ္။ ဘြန္ကီေတြရဲ႕ ေပါက္ေၾကး ထုတ္ျပန္မႈျဖစ္ကာ ပီအက္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္နဲ႔ ဘာစီလိုနာတို႔က အစဥ္လိုက္ ဆက္လက္ ရပ္တည္ေနတာျဖစ္တယ္။

လီဗာပူးဟာ ျပီးခဲ့တဲ့ ၂ ရာသီမွာ တည္ျငိမ္တဲ့ ေျခစြမ္းေတြကို ျပသထားခဲ့တယ္။ လက္ရွိ အသင္းရဲ႕ အဓိက ကစားသမားေတြကိုလည္း တစ္ဦးမွ လက္လြတ္ထားရျခင္း မရွိေသးပါဘူး။ ဘယ္အစြန္ေနရာမွာ ကိုစတက္ကို အစားထိုးထားတဲ့ လီဗာပူးဟာ အယ္ကန္တာရာနဲ႔ သတင္းထြက္ေနသလို ခံစစ္မွဴးတစ္ဦးကိုလည္း ေခၚယူဖို႔ ရွိေနေသးတယ္။

ပရီးမီးယားလိဂ္မွာေတာ့ မန္စီးတီးက အနည္းငယ္ ပိုမို ေရပန္းစားေနေပမယ့္ ရာသီသစ္မွာလည္း မန္စီးတီးနဲ႔ လီဗာပူး ႏွစ္သင္းကပဲ ခ်န္ပီယံျဖစ္ဖို႔ အျပိဳင္ျဖစ္မယ္ဆိုျပီး ဘြန္ကီေတြက ေပါက္ေၾကး ထုတ္ထားၾကတာျဖစ္ပါတယ္။