စက်တင်ဘာလ ပထမအပတ်အထိတော့ လီဗာပူးရဲ့ ဈေးကွက် လှုပ်ရှားမှုတွေ ငြိမ်သက်နေဆဲပါ။ သို့သော်လည်း ပထမအပတ် နောက်ဆုံးရက်တွေမှာ လက်ရွေးစင်ပွဲတွေ ရှိလာတာနဲ့အတူ အပြောင်းအရွှေ့ ကိစ္စ အနည်းငယ် ထွက်ပေါ်လာပါတယ်။

အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာတဲ့ ဝိုက်နယ်ဒမ်၊ သီယေဂို၊ ဂရစ်စမန်းတို့ရဲ့ အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စတွေကို ဖော်ပြပါမယ်။ အောက်ဖော်ပြပါ သတင်းတွေက ကောလဟာလအဆင့်မှာပဲ ရှိပြီး တရားဝင် ချိတ်ဆက်မှုတွေ မဟုတ်တာကိုတော့ သတိပြုဖို့ လိုပါမယ်။

Gini Wijnaldum

ကွင်းလယ်လူနဲ့ ပက်သက်တဲ့ နောက်ဆုံး သတင်းတွေမှာတော့ အထွက်ကိစ္စက ဆက်ရှိနေဆဲပါ။ ဒါပေမယ့်လို့ လီဗာပူးဘက်က ရောင်းထုတ်ဖို့ ကြိုးစားတာ (သို့) ကစားသမားက ထွက်ခွာလိုတာမျိုး မဟုတ်ဘဲ ဘာစီလိုနာ မန်နေဂျာ ကိုးမန်းရဲ့ တောင်းဆိုမှုကြောင့် စပိန်ကလပ်က ဝိုက်နယ်ဒမ်ကို ကမ်းလှမ်းလိုတာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတဲ့ ဝိုက်နယ်ဒမ်ကို ဘာစီလိုနာက ပေါင် ၁၅ သန်းလောက်နဲ့တင် ခေါ်ယူလို့ ရနိုင်မယ် မျှော်လင့်နေတယ်။ မာဆေးဆိုဒ်ကလပ်ဘက်ကတော့ ထွေထွေထူးထူး သတင်းထုတ်ပြန်ခြင်း မရှိပေမယ့် အင်္ဂလန်သတင်းတွေကတော့ သီယေဂိုကို ပြန်ခေါ်လို့ရမယ့် ပြောင်းရွှေ့ကြေးရရင် ဝိုက်နယ်ဒမ်ကို ရောင်းပေးလိမ့်မယ်လို့ ဆိုပါတယ်။

Thiago Alcantara

ဘိုင်ယန်ကနေ ထွက်ဖို့ အသင်းဖော်တွေကို နုတ်ဆက်ထားပြီဆိုတဲ့ သတင်းတွေကို သီယေဂိုက ပြတ်ပြတ်သားသား ငြင်းဆန်ပြီး မြူနစ်မှာပဲ ပျော်နေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒါဟာ ဂျာမနီသတင်းတွေက သူ့ဟာ လီဗာပူးကို ပြောင်းမယ်လို့ သေချာပေါက် ပြောဆိုနေခြင်းကို တုန့်ပြန်လိုက်ခြင်း ဖြစ်တယ်။

မန်နေဂျာကလော့ပ်က သီယေဂိုကို နှစ်သက်ပါတယ်။ သို့ပေမယ့် ဝိုက်နယ်ဒမ်ကိုပဲ ဆက်ထိန်းရမယ်ဆိုရင်လည်း ပျော်ရွှင်တယ်။ ဒါကြောင့် ဝိုက်နယ်ဒမ် ထွက်သွားတာမျိုး မဖြစ်လာသ၍ သီယေဂိုကို ကမ်းလှမ်းမှာ မဟုတ်ဘူးလို့ ယူဆရတယ်။ ဒီကိစ္စက လေးပွင့်ဆိုင် ဇာတ်လမ်းဖြစ်ပြီး လီဗာပူး၊ ဝိုက်နယ်ဒမ်၊ ဘိုင်ယန်နဲ့ ဘာစီလိုနာတို့ထဲက တစ်ဘက်ဘက်က လှုပ်ရှားမှု စတင်ရမှာဖြစ်ကာ လီဗာပူးနဲ့ ဝိုက်နယ်ဒမ်ဘက်ကတော့ မဟုတ်နိုင်ပါဘူး။

Antoine Griezmann

ဂရစ်စမန်းအကြောင်း မပြောခင်မှာ ဘာစီလိုနာရဲ့ အခြေအနေကို အရင်ပြောဖို့ လိုပါတယ်။ ဘာစီလိုနာဟာ မန်နေဂျာသစ်လက်အောက်မှာ ပြန်လည် စုဖွဲ့မှုတွေ လုပ်လိုတယ်။ ဒါပေမယ့် ၎င်းတို့ရဲ့ ဦးတည်ချက်ကတော့ ကစားသမားသစ်ရဖို့ ကစားသမားဟောင်း အရင်ရှင်းထုတ်ဖို့ ဖြစ်ပါတယ်။ ဒါမှလည်း ဟန်ချက်မညီဖြစ်နေတဲ့ လူစာရင်းကို ပြန်လည် စုဖွဲ့နိုင်မှာဖြစ်တယ်။

မက်ဆီက ဘာစီလိုနာမှာပဲ ဆက်နေမှာဖြစ်လို့ ကိုးမန်းဟာ ဒမ်ဘီလီန့ ကော်တင်ညိုတို့အပြင် ဂရစ်စမန်းရဲ့ အနာဂတ်ကိုပါ စီစဉ်ပေးဖို့ လိုလာပါတယ်။ ဘာစီလိုနာဘက်ကတော့ သူတို့ သုံးဦးအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးလိုတယ်၊ ကမ်းလှမ်းမှုတွေ ရဖို့လည်း ချိတ်ဆက်လိုတယ်။ ဒီအနေအထားမှာ ဂရစ်စမန်းကို လီဗာပူးက စိတ်ဝင်စားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဒါပေမယ့်လို့ မာဆေးဆိုဒ် အသိုင်းအဝိုင်းဘက်ကတော့ တုန့်ပြန်မှုတွေ မလုပ်ဘဲ ဂရုဂျစ်၊ ဝဲလ်ဆန် အပါအဝင် ကစားသမား ရှင်းထုတ်ရေးတွေကို ကြိုးစားနေကာ ဒီသီတင်းပတ်တွေမှာ အယ်ဂျာရီယာကို အပြီးသတ်၊ အိုဂျိုကို အငှားဖြင့် သဘောတူညီမှုတွေ ရထားပါပြီ။

ZAWGYI

စက္တင္ဘာလ ပထမအပတ္အထိေတာ့ လီဗာပူးရဲ႕ ေစ်းကြက္ လႈပ္ရွားမႈေတြ ျငိမ္သက္ေနဆဲပါ။ သို႔ေသာ္လည္း ပထမအပတ္ ေနာက္ဆံုးရက္ေတြမွာ လက္ေရြးစင္ပြဲေတြ ရွိလာတာနဲ႔အတူ အေျပာင္းအေရႊ႔ ကိစၥ အနည္းငယ္ ထြက္ေပၚလာပါတယ္။

အဂၤလန္သတင္းဌာနေတြက ေဖာ္ျပလာတဲ့ ဝိုက္နယ္ဒမ္၊ သီေယဂို၊ ဂရစ္စမန္းတို႔ရဲ႕ အေျပာင္းအေရႊ႔ ဆုိင္ရာ ကိစၥေတြကို ေဖာ္ျပပါမယ္။ ေအာက္ေဖာ္ျပပါ သတင္းေတြက ေကာလဟာလအဆင့္မွာပဲ ရွိျပီး တရားဝင္ ခ်ိတ္ဆက္မႈေတြ မဟုတ္တာကိုေတာ့ သတိျပဳဖို႔ လိုပါမယ္။

Gini Wijnaldum

ကြင္းလယ္လူနဲ႔ ပက္သက္တဲ့ ေနာက္ဆံုး သတင္းေတြမွာေတာ့ အထြက္ကိစၥက ဆက္ရွိေနဆဲပါ။ ဒါေပမယ့္လို႔ လီဗာပူးဘက္က ေရာင္းထုတ္ဖို႔ ၾကိဳးစားတာ (သို႔) ကစားသမားက ထြက္ခြာလိုတာမ်ိဳး မဟုတ္ဘဲ ဘာစီလိုနာ မန္ေနဂ်ာ ကိုးမန္းရဲ႕ ေတာင္းဆိုမႈေၾကာင့္ စပိန္ကလပ္က ဝိုက္နယ္ဒမ္ကို ကမ္းလွမ္းလိုတာ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ စာခ်ဳပ္ ၁ ႏွစ္ပဲ က်န္ရွိတဲ့ ဝိုက္နယ္ဒမ္ကို ဘာစီလိုနာက ေပါင္ ၁၅ သန္းေလာက္နဲ႔တင္ ေခၚယူလို႔ ရႏုိင္မယ္ ေမွ်ာ္လင့္ေနတယ္။ မာေဆးဆိုဒ္ကလပ္ဘက္ကေတာ့ ေထြေထြထူးထူး သတင္းထုတ္ျပန္ျခင္း မရွိေပမယ့္ အဂၤလန္သတင္းေတြကေတာ့ သီေယဂိုကို ျပန္ေခၚလို႔ရမယ့္ ေျပာင္းေရႊ႔ေၾကးရရင္ ဝိုက္နယ္ဒမ္ကို ေရာင္းေပးလိမ့္မယ္လို႔ ဆိုပါတယ္။

Thiago Alcantara

ဘိုင္ယန္ကေန ထြက္ဖို႔ အသင္းေဖာ္ေတြကို ႏုတ္ဆက္ထားျပီဆိုတဲ့ သတင္းေတြကို သီေယဂိုက ျပတ္ျပတ္သားသား ျငင္းဆန္ျပီး ျမဴနစ္မွာပဲ ေပ်ာ္ေနတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ ဒါဟာ ဂ်ာမနီသတင္းေတြက သူ႔ဟာ လီဗာပူးကို ေျပာင္းမယ္လို႔ ေသခ်ာေပါက္ ေျပာဆိုေနျခင္းကို တုန္႔ျပန္လိုက္ျခင္း ျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္က သီေယဂိုကို ႏွစ္သက္ပါတယ္။ သို႔ေပမယ့္ ဝိုက္နယ္ဒမ္ကိုပဲ ဆက္ထိန္းရမယ္ဆိုရင္လည္း ေပ်ာ္ရႊင္တယ္။ ဒါေၾကာင့္ ဝိုက္နယ္ဒမ္ ထြက္သြားတာမ်ိဳး မျဖစ္လာသ၍ သီေယဂိုကို ကမ္းလွမ္းမွာ မဟုတ္ဘူးလို႔ ယူဆရတယ္။ ဒီကိစၥက ေလးပြင့္ဆိုင္ ဇာတ္လမ္းျဖစ္ျပီး လီဗာပူး၊ ဝိုက္နယ္ဒမ္၊ ဘိုင္ယန္နဲ႔ ဘာစီလိုနာတို႔ထဲက တစ္ဘက္ဘက္က လႈပ္ရွားမႈ စတင္ရမွာျဖစ္ကာ လီဗာပူးနဲ႔ ဝိုက္နယ္ဒမ္ဘက္ကေတာ့ မဟုတ္ႏုိင္ပါဘူး။

Antoine Griezmann

ဂရစ္စမန္းအေၾကာင္း မေျပာခင္မွာ ဘာစီလိုနာရဲ႕ အေျခအေနကို အရင္ေျပာဖို႔ လိုပါတယ္။ ဘာစီလိုနာဟာ မန္ေနဂ်ာသစ္လက္ေအာက္မွာ ျပန္လည္ စုဖြဲ႔မႈေတြ လုပ္လိုတယ္။ ဒါေပမယ့္ ၄င္းတို႔ရဲ႕ ဦးတည္ခ်က္ကေတာ့ ကစားသမားသစ္ရဖို႔ ကစားသမားေဟာင္း အရင္ရွင္းထုတ္ဖို႔ ျဖစ္ပါတယ္။ ဒါမွလည္း ဟန္ခ်က္မညီျဖစ္ေနတဲ့ လူစာရင္းကို ျပန္လည္ စုဖြဲ႔ႏုိင္မွာျဖစ္တယ္။

မက္ဆီက ဘာစီလိုနာမွာပဲ ဆက္ေနမွာျဖစ္လို႔ ကိုးမန္းဟာ ဒမ္ဘီလီန႔ ေကာ္တင္ညိဳတို႔အျပင္ ဂရစ္စမန္းရဲ႕ အနာဂတ္ကိုပါ စီစဥ္ေပးဖို႔ လိုလာပါတယ္။ ဘာစီလိုနာဘက္ကေတာ့ သူတို႔ သံုးဦးအတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္ေပးလိုတယ္၊ ကမ္းလွမ္းမႈေတြ ရဖို႔လည္း ခ်ိတ္ဆက္လိုတယ္။ ဒီအေနအထားမွာ ဂရစ္စမန္းကို လီဗာပူးက စိတ္ဝင္စားတယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။

ဒါေပမယ့္လို႔ မာေဆးဆိုဒ္ အသိုင္းအဝိုင္းဘက္ကေတာ့ တုန္႔ျပန္မႈေတြ မလုပ္ဘဲ ဂရုဂ်စ္၊ ဝဲလ္ဆန္ အပါအဝင္ ကစားသမား ရွင္းထုတ္ေရးေတြကို ၾကိဳးစားေနကာ ဒီသီတင္းပတ္ေတြမွာ အယ္ဂ်ာရီယာကို အျပီးသတ္၊ အိုဂ်ိဳကို အငွားျဖင့္ သေဘာတူညီမႈေတြ ရထားပါျပီ။