လီဗာပူးကစားသမားဘဝ ပထမဆုံးသွင်းဂိုး ရခဲ့ပြီဖြစ်တဲ့ အီလီယော့က သူ့ရဲ့ တိုးတက်မှု အနေအထားအတွက် အရမ်းကို ပျော်ရွှင်နေပါတယ်။ အီလီယော့ကတော့ လီဗာပူးအတွက် ကိုယ်စားပြုပြီး ကစားပေးဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ကြောင်းနဲ့ အနာဂတ်မှာ ပွဲကစားခွင့်တွေ ပိုရလာဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုတယ်။

အီလီယော့က “ ကျနော် အားပေးရတဲ့ အသင်းအတွက် ဂိုးသွင်းလိုက်နိုင်တာက အရမ်းကောင်းတယ်လို့ ရိုးရိုးသားသား ပြောမယ်ဗျာ။ ကလေးလေးဘဝတည်းက ဒါက ကျနော်ရဲ့ အိပ်မက် ဖြစ်ခဲ့တာပါ။ ကျနော် ပြောသလိုပါပဲ။ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာရတယ်ဗျာ။ ဒါပေမယ့် စွမ်းဆောင်ရည်ကောင်းတွေ ပိုရလာဖို့ကို ဆက်ပြီး ကြိုးစားရဦးမှာပါ။ မကြာခင်မှာ အခွင့်အရေးတွေ ပိုရလာဖို့ မျှော်လင့်ထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့တယ်။

၂၀၁၉ ခုနှစ်မှာ လီဗာပူးကို ပြောင်းရွှေ့လာခဲ့ပြီး စီနီယာပွဲ ၈ ပွဲ ကစားထားတဲ့ တိုက်စစ်သမားက သူဟာ လီဗာပူးပရိသတ် တစ်ဦးပါဆိုတာကို ပြောဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်နေသူ မဟုတ်ပါဘူး။ နေ့စဉ် တိုးတက်မှု ခြေစွမ်းတွေကို ပြသပြီး အခွင့်အရေးတွေ ပိုရလာမယ်လို့ သူ မျှော်လင့်ထားပါတယ်။

အင်္ဂလန်သားလေးက “ ကျနော်ရဲ့ အဓိက ဦးတည်ချက်က စီနီယာလူစာရင်းထဲ ပါလာပြီး ပွဲကစားခွင့်တွေ ပိုရလာဖို့ပါ။ အားလုံး မြင်ကြမှာပါ။ အဲ့လိုလုပ်နိုင်ဖို့က မလွယ်လှပါဘူး။ အသင်းမှာ ကမ္ဘာအဆင့် ကစားသမားတွေ အများကြီး ရှိထားပါတယ်။ ဒါပေမယ့် သူတို့နဲ့ နေ့တိုင်း လေ့ကျင့်နေရတယ်၊ အနားမှာနေရတဲ့ အတွေ့အကြုံတွေလည်း ရထားပါတယ်။

နေ့တိုင်းမှာ နည်းပြတွေနဲ့အတူ လက်တွဲလုပ်ဆောင်နေရတာကလည်း အိပ်မက်တွေ အမှန်တကယ် ဖြစ်လာရတာပါပဲ။ ဒီတော့ ကျနော် ရနေတဲ့ အခွင့်အရေးတွေအတွက် အရမ်းကို ကျေနပ်ပါတယ်။ မန်နေဂျာကို ကျနော် ဘာလုပ်နိုင်တယ်ဆိုတာကို သက်သေပြနိုင်မယ်လို့လည်း ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားဘဝ ပထမဆံုးသြင္းဂိုး ရခဲ့ျပီျဖစ္တဲ့ အီလီေယာ့က သူ႔ရဲ႕ တိုးတက္မႈ အေနအထားအတြက္ အရမ္းကို ေပ်ာ္ရႊင္ေနပါတယ္။ အီလီေယာ့ကေတာ့ လီဗာပူးအတြက္ ကိုယ္စားျပဳျပီး ကစားေပးဖို႔က သူ႔ရဲ႕ အိပ္မက္ျဖစ္ေၾကာင္းနဲ႔ အနာဂတ္မွာ ပြဲကစားခြင့္ေတြ ပိုရလာဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာဆိုတယ္။

အီလီေယာ့က “ က်ေနာ္ အားေပးရတဲ့ အသင္းအတြက္ ဂိုးသြင္းလိုက္ႏုိင္တာက အရမ္းေကာင္းတယ္လို႔ ရိုးရိုးသားသား ေျပာမယ္ဗ်ာ။ ကေလးေလးဘဝတည္းက ဒါက က်ေနာ္ရဲ႕ အိပ္မက္ ျဖစ္ခဲ့တာပါ။ က်ေနာ္ ေျပာသလိုပါပဲ။ အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာရတယ္ဗ်ာ။ ဒါေပမယ့္ စြမ္းေဆာင္ရည္ေကာင္းေတြ ပိုရလာဖို႔ကို ဆက္ျပီး ၾကိဳးစားရဦးမွာပါ။ မၾကာခင္မွာ အခြင့္အေရးေတြ ပိုရလာဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တယ္။

၂၀၁၉ ခုႏွစ္မွာ လီဗာပူးကို ေျပာင္းေရႊ႔လာခဲ့ျပီး စီနီယာပြဲ ၈ ပြဲ ကစားထားတဲ့ တိုက္စစ္သမားက သူဟာ လီဗာပူးပရိသတ္ တစ္ဦးပါဆိုတာကို ေျပာဖို႔ ဘယ္တုန္းကမွ တြန္႔ဆုတ္ေနသူ မဟုတ္ပါဘူး။ ေန႔စဥ္ တိုးတက္မႈ ေျခစြမ္းေတြကို ျပသျပီး အခြင့္အေရးေတြ ပိုရလာမယ္လို႔ သူ ေမွ်ာ္လင့္ထားပါတယ္။

အဂၤလန္သားေလးက “ က်ေနာ္ရဲ႕ အဓိက ဦးတည္ခ်က္က စီနီယာလူစာရင္းထဲ ပါလာျပီး ပြဲကစားခြင့္ေတြ ပိုရလာဖို႔ပါ။ အားလံုး ျမင္ၾကမွာပါ။ အဲ့လိုလုပ္ႏုိင္ဖို႔က မလြယ္လွပါဘူး။ အသင္းမွာ ကမၻာအဆင့္ ကစားသမားေတြ အမ်ားၾကီး ရွိထားပါတယ္။ ဒါေပမယ့္ သူတုိ႔နဲ႔ ေန႔တိုင္း ေလ့က်င့္ေနရတယ္၊ အနားမွာေနရတဲ့ အေတြ႔အၾကံဳေတြလည္း ရထားပါတယ္။

ေန႔တိုင္းမွာ နည္းျပေတြနဲ႔အတူ လက္တြဲလုပ္ေဆာင္ေနရတာကလည္း အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာရတာပါပဲ။ ဒီေတာ့ က်ေနာ္ ရေနတဲ့ အခြင့္အေရးေတြအတြက္ အရမ္းကို ေက်နပ္ပါတယ္။ မန္ေနဂ်ာကို က်ေနာ္ ဘာလုပ္ႏုိင္တယ္ဆိုတာကို သက္ေသျပႏုိင္မယ္လို႔လည္း ထင္ပါတယ္ ” လို႔ ဆိုခ့ဲတာျဖစ္ပါတယ္။