လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက မနှစ်တုန်းကလို လီဗာပူးအသင်းက အမှတ်ပေးဖလားကို ပြတ်ပြတ်သားသား အသာစီးယူခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာမျိုးကို ထပ်မဖြစ်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးအသင်းလို ဆိုထိုက်တဲ့ ပုံစံတွေနဲ့ လိဂ်ကို လွှမ်းမိုးခဲ့တာပါ။ ကိုဗစ်မတိုင်ခင်မှာ ပရီးမီးယားလိဂ်ကလပ် တစ်သင်းကမှ လီဗာပူးရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ရလဒ်အားဖြင့် ပြိုင်ဘက် ပရိသတ်တွေက လီဗာပူးကောင်းခြင်းထက် သူတို့ အသင်းတွေ ညံ့ဖျင်းခြင်းကြောင့် ချန်ပီယံဖြစ်ခဲ့တယ်လို့ ရှောင်လွဲ ပြောဆိုခဲ့ကြတယ်။

ဒီလိုအဖြစ်မျိုး ထပ်ဖြစ်မလာဘဲ ပြိုင်ဘက်တွေ ဆင်ခြေပေးကြတာကို မြင်နေရတာထက် နောက်ဆုံးအချိန်ထိ ယှဉ်ပြိုင်ဘက်ကောင်းတွေ ဖြစ်နေကြစေဖို့ ကာရေဂါက မျှော်လင့်နေပါတယ်။

ကာရေဂါက “ ကျနော်က လီဗာပူးပရိသတ်ပါ။ အသင်း နောက်တစ်ကြိမ် အမှတ်ပေးဖလား အနိုင်ရတာကို မြင်လိုပါတယ်။ ဒါပေမယ့် မနှစ်တုန်းကလိုတော့ မဟုတ်ပါဘူး။ ချန်ပီယံဆုအတွက် အကျိတ်အနယ် ပြိုင်ကြတာကို မြင်လိုပါတယ်။ လီဗာပူးကို နီးနီးစပ်စပ် ဖိအားပေးလာကြတာကို မြင်လိုပါတယ်။ အသင်းက ပိုပြီး ပြိုင်ဆိုင်ရတာမျိုး ဖြစ်လာဖို့ လိုပါတယ်။

တစ်သင်းက အခြားသော ပြိုင်ဘက်တွေထက် ရမှတ် ၂၀၊ ၃၀ လောက် ကျော်ဖြတ်ထားတာမျိုးကို မလိုချင်ပါဘူး။ လီဗာပူး အမှတ်ပေးဖလား အနိုင်ရတာကို မြင်လိုပေမယ့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတာကိုပဲ မြင်လိုပါတယ်။ နောက်ဆုံးနေ့အထိ အမှတ်ပေးဖလားအတွက် အပြိုင်အဆိုင် ဖြစ်ကြတာမျိုးပေါ့။ မနှစ်ကရတဲ့ အမှတ်ထက် လီဗာပူး ရမှတ်တွေ လျော့နည်းဖို့ မျှော်လင့်ပါတယ်။

ထိပ်ဆုံး တစ်သင်း၊ နှစ်သင်းက ဘောလုံးရာသီတိုင်းမှာ ရမှတ် ၉၉ မှတ် ရမှတ် ၁၀၀ တွေ ရနေမှာထက် ချန်ပီယံဖြစ်ဖို့ လိုအပ်တဲ့ ရမှတ် ၉၀ လောက်ရတာကိုပဲ မြင်လိုပါတယ်။ အဲ့တာက ချန်ပီယံပြိုင်ဆိုင်မှုကို ပိုပြီး စိတ်င်စားဖို့ ကောင်းစေပါလိမ့်မယ်။

မနှစ်တုန်းက လီဗာပူးကို ရင်ဆိုင်ကစားခဲ့တာထက် ပိုကောင်းအောင် လုပ်နိုင်ဖို့ အသင်းတိုင်းက ကြိုးစားလာမှာပါ။ ဒါပေမယ့် ဆုဖလားကို အဓိက စိန်ခေါ်မယ့် အသင်းက နှစ်သင်းပဲ ရှိပါတယ်။ အဲ့တာကတော့ ကုန်ခဲ့တဲ့ နှစ်တွေမှာ ထိပ်ဆုံး နှစ်နေရာကို အပိုင်သိမ်းထားတဲ့ လီဗာပူးနဲ့ မန်စီးတီးပဲ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ကွာဟချက်ကြီးနေမှုကို လျော့ချဖို့ ချယ်ဆီးအသင်းက ငွေအသုံးစရိတ်တွေ အများကြီး ထုတ်သုံးထားပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ မန်စီးတီးတို့က ပြိုင်ဘက်တွေကို အများကြီး ကျော်တက်နေဆဲပါ။ အဲ့တာ ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက မႏွစ္တုန္းကလို လီဗာပူးအသင္းက အမွတ္ေပးဖလားကို ျပတ္ျပတ္သားသား အသာစီးယူခဲ့ျပီး ခ်န္ပီယံျဖစ္ခဲ့တာမ်ိဳးကို ထပ္မျဖစ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

လီဗာပူးဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုးအသင္းလို ဆိုထိုက္တဲ့ ပံုစံေတြနဲ႔ လိဂ္ကို လႊမ္းမိုးခဲ့တာပါ။ ကိုဗစ္မတိုင္ခင္မွာ ပရီးမီးယားလိဂ္ကလပ္ တစ္သင္းကမွ လီဗာပူးရဲ႕ ျပိဳင္ဘက္ မဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္လို႔ ရလဒ္အားျဖင့္ ျပိဳင္ဘက္ ပရိသတ္ေတြက လီဗာပူးေကာင္းျခင္းထက္ သူတို႔ အသင္းေတြ ညံ့ဖ်င္းျခင္းေၾကာင့္ ခ်န္ပီယံျဖစ္ခဲ့တယ္လို႔ ေရွာင္လြဲ ေျပာဆိုခဲ့ၾကတယ္။

ဒီလိုအျဖစ္မ်ိဳး ထပ္ျဖစ္မလာဘဲ ျပိဳင္ဘက္ေတြ ဆင္ေျခေပးၾကတာကို ျမင္ေနရတာထက္ ေနာက္ဆံုးအခ်ိန္ထိ ယွဥ္ျပိဳင္ဘက္ေကာင္းေတြ ျဖစ္ေနၾကေစဖို႔ ကာေရဂါက ေမွ်ာ္လင့္ေနပါတယ္။

ကာေရဂါက “ က်ေနာ္က လီဗာပူးပရိသတ္ပါ။ အသင္း ေနာက္တစ္ၾကိမ္ အမွတ္ေပးဖလား အႏုိင္ရတာကို ျမင္လိုပါတယ္။ ဒါေပမယ့္ မႏွစ္တုန္းကလိုေတာ့ မဟုတ္ပါဘူး။ ခ်န္ပီယံဆုအတြက္ အက်ိတ္အနယ္ ျပိဳင္ၾကတာကို ျမင္လိုပါတယ္။ လီဗာပူးကို နီးနီးစပ္စပ္ ဖိအားေပးလာၾကတာကို ျမင္လိုပါတယ္။ အသင္းက ပိုျပီး ျပိဳင္ဆုိင္ရတာမ်ိဳး ျဖစ္လာဖို႔ လိုပါတယ္။

တစ္သင္းက အျခားေသာ ျပိဳင္ဘက္ေတြထက္ ရမွတ္ ၂၀၊ ၃၀ ေလာက္ ေက်ာ္ျဖတ္ထားတာမ်ိဳးကို မလိုခ်င္ပါဘူး။ လီဗာပူး အမွတ္ေပးဖလား အႏုိင္ရတာကို ျမင္လိုေပမယ့္ ခက္ခက္ခဲခဲ ယွဥ္ျပိဳင္ရတာကိုပဲ ျမင္လိုပါတယ္။ ေနာက္ဆံုးေန႔အထိ အမွတ္ေပးဖလားအတြက္ အျပိဳင္အဆုိင္ ျဖစ္ၾကတာမ်ိဳးေပါ့။ မႏွစ္ကရတဲ့ အမွတ္ထက္ လီဗာပူး ရမွတ္ေတြ ေလ်ာ့နည္းဖို႔ ေမွ်ာ္လင့္ပါတယ္။

ထိပ္ဆံုး တစ္သင္း၊ ႏွစ္သင္းက ေဘာလံုးရာသီတိုင္းမွာ ရမွတ္ ၉၉ မွတ္ ရမွတ္ ၁၀၀ ေတြ ရေနမွာထက္ ခ်န္ပီယံျဖစ္ဖို႔ လိုအပ္တဲ့ ရမွတ္ ၉၀ ေလာက္ရတာကိုပဲ ျမင္လိုပါတယ္။ အဲ့တာက ခ်န္ပီယံျပိဳင္ဆိုင္မႈကို ပိုျပီး စိတ္င္စားဖို႔ ေကာင္းေစပါလိမ့္မယ္။

မႏွစ္တုန္းက လီဗာပူးကို ရင္ဆိုင္ကစားခဲ့တာထက္ ပိုေကာင္းေအာင္ လုပ္ႏုိင္ဖို႔ အသင္းတိုင္းက ၾကိဳးစားလာမွာပါ။ ဒါေပမယ့္ ဆုဖလားကို အဓိက စိန္ေခၚမယ့္ အသင္းက ႏွစ္သင္းပဲ ရွိပါတယ္။ အဲ့တာကေတာ့ ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ထိပ္ဆံုး ႏွစ္ေနရာကို အပိုင္သိမ္းထားတဲ့ လီဗာပူးနဲ႔ မန္စီးတီးပဲ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ ကြာဟခ်က္ၾကီးေနမႈကို ေလ်ာ့ခ်ဖို႔ ခ်ယ္ဆီးအသင္းက ေငြအသံုးစရိတ္ေတြ အမ်ားၾကီး ထုတ္သံုးထားပါတယ္။ ဒါေပမယ့္ လီဗာပူးနဲ႔ မန္စီးတီးတို႔က ျပိဳင္ဘက္ေတြကို အမ်ားၾကီး ေက်ာ္တက္ေနဆဲပါ။ အဲ့တာ ေျပာင္းလဲသြားမယ္လို႔ မထင္ပါဘူး ” ဆိုျပီး ေျပာဆိုသြားခဲ့ပါတယ္။