လီဗာပူးအသင်းဟာ ဗဟိုခံစစ်နေရာမှာ ယာယီသုံးနိုင်ဖို့ ဖာဘင်ညိုကို ရည်ရွယ်ထားပါတယ်။ ခံစစ်မှူးသစ် ထပ်မံ အင်အားဖြည့်လိုပေမယ့် ခပ်မြန်မြန် လုပ်ဆောင်နိုင်ဖို့ရာ သံသယရှိစရာ အနေအထားကို ရောက်လာနေကြောင်း မာဆေးဆိုဒ် သတင်းထောက်က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရာမှာ ဗဟိုခံစစ်အတွဲအဖြစ် ဂိုးမက်စ်နဲ့ ဗန်ဒိုက်အတွဲကိုပဲ အသုံးပြုပါမယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပထမဆုံးပွဲကို ကွင်းလယ်ဒိုင်အဖြစ် မိုင်ကယ် အိုလီဗာက ကိုယ်တွယ်သွားမှာ ဖြစ်ပါတယ်။

ဘိုင်ယန်ကနေ ထွက်ခွာမယ့် ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာဟာ ဘာစီလိုနာကို လုံးဝ ပြန်မှာ မဟုတ်ဘဲ ထွက်ခွာခဲ့ရင် အခြားသော အသင်းတွေထံကိုပဲ ပြောင်းရွှေ့ပါမယ်။

မန်နေဂျာကလော့ပ်ဟာ Adidas နဲ့ တရားဝင် လက်တွဲလိုက်ပြီဖြစ်ကာ လီဗာပူူးနဲ့ Nike တို့ရဲ့ ပုံမှန် အဝတ်အစားတွေကို ဝတ်ဆင်မှာဖြစ်သလို ပွဲနေ့တွေမှာ Adidas ဖိနပ် ဝတ်ဆင်ခြင်းနဲ့တကွ အခြားသော Adidas ပရိုးမိုးရှင်းတွေကိုလည်း ပါဝင်သွားပါမယ်။

လီဗာပူးက ရှာကွီရီအတွက် ဝယ်လက်ရှာပေမယ့် အဆင်မပြေသလို အခုချိန်ထိ ကမ်းလှမ်းတဲ့အသင်း မရှိပါဘူး။ သူ့ကို ရောင်းထုတ်မရရင်လည်း အသင်းမှာပဲ ဆက်ထားမှာဖြစ်ကာ ပထမရာသီတုန်းကလို အရန်ကစားသမားအဖြစ် ခြေစွမ်းပြနိုင်မယ်လို့ အသင်းဘက်က မျှော်လင့်ထားပါတယ်။

ဝတ်ဖိုဒ့်တိုက်စစ်သမား ဆာကို လီဗာပူးက ပစ်မှတ်စာရင်းထဲ ထည့်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဆာကို လီဗာပူး စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ထားပေမယ့် ဒီအပတ်တွေမှာမှ ကလပ်ရဲ့ ပစ်မှတ်စာရင်းထဲ သူ့ကို ထည့်ခဲ့တာပါ။

လူငယ်တိုက်စစ်မှူး ဘရူးစတားကို အငှားချဖို့ ရည်ရွယ်ထားပေမယ့် ကမ်းလှမ်းမှုလုပ်နေတဲ့ ပရီးမီးယားလိဂ် အသင်းတွေက အပြီးသတ် ခေါ်ယူခွင့်အတွက် လီဗာပူးဘက်က လမ်းဖွင့်ပေးလာမှာကို မျှော်လင့်နေပါတယ်။ ၎င်းတို့ကတော့ ပေါင် သန်း ၂၀ ဝန်းကျင်ဖြင့် ဘရူးစတားကို ခေါ်ယူနိုင်မယ် မျှော်လင့်နေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဗဟိုခံစစ္ေနရာမွာ ယာယီသံုးႏုိင္ဖို႔ ဖာဘင္ညိဳကို ရည္ရြယ္ထားပါတယ္။ ခံစစ္မွဴးသစ္ ထပ္မံ အင္အားျဖည့္လိုေပမယ့္ ခပ္ျမန္ျမန္ လုပ္ေဆာင္ႏုိင္ဖို႔ရာ သံသယရွိစရာ အေနအထားကို ေရာက္လာေနေၾကာင္း မာေဆးဆိုဒ္ သတင္းေထာက္က ေဖာ္ျပပါတယ္။

ပရီးမီးယားလိဂ္ အဖြင့္ပြဲအျဖစ္ လိဒ္ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရာမွာ ဗဟိုခံစစ္အတြဲအျဖစ္ ဂိုးမက္စ္နဲ႔ ဗန္ဒိုက္အတြဲကိုပဲ အသံုးျပဳပါမယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ ပထမဆံုးပြဲကို ကြင္းလယ္ဒိုင္အျဖစ္ မိုင္ကယ္ အိုလီဗာက ကိုယ္တြယ္သြားမွာ ျဖစ္ပါတယ္။

ဘိုင္ယန္ကေန ထြက္ခြာမယ့္ ကြင္းလယ္လူ သီေယဂို အယ္ကန္တာရာဟာ ဘာစီလိုနာကို လံုးဝ ျပန္မွာ မဟုတ္ဘဲ ထြက္ခြာခဲ့ရင္ အျခားေသာ အသင္းေတြထံကိုပဲ ေျပာင္းေရႊ႔ပါမယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ Adidas နဲ႔ တရားဝင္ လက္တြဲလိုက္ျပီျဖစ္ကာ လီဗာပူူးနဲ႔ Nike တို႔ရဲ႕ ပံုမွန္ အဝတ္အစားေတြကို ဝတ္ဆင္မွာျဖစ္သလို ပြဲေန႔ေတြမွာ Adidas ဖိနပ္ ဝတ္ဆင္ျခင္းနဲ႔တကြ အျခားေသာ Adidas ပရိုးမိုးရွင္းေတြကိုလည္း ပါဝင္သြားပါမယ္။

လီဗာပူးက ရွာကီြရီအတြက္ ဝယ္လက္ရွာေပမယ့္ အဆင္မေျပသလို အခုခ်ိန္ထိ ကမ္းလွမ္းတဲ့အသင္း မရွိပါဘူး။ သူ႔ကို ေရာင္းထုတ္မရရင္လည္း အသင္းမွာပဲ ဆက္ထားမွာျဖစ္ကာ ပထမရာသီတုန္းကလို အရန္ကစားသမားအျဖစ္ ေျခစြမ္းျပႏုိင္မယ္လို႔ အသင္းဘက္က ေမွ်ာ္လင့္ထားပါတယ္။

ဝတ္ဖိုဒ့္တိုက္စစ္သမား ဆာကို လီဗာပူးက ပစ္မွတ္စာရင္းထဲ ထည့္ခဲ့ျပီျဖစ္တယ္လို႔ သိရပါတယ္။ ဆာကို လီဗာပူး စိတ္ဝင္စားေနေၾကာင္း သတင္းေတြ ထြက္ထားေပမယ့္ ဒီအပတ္ေတြမွာမွ ကလပ္ရဲ႕ ပစ္မွတ္စာရင္းထဲ သူ႔ကို ထည့္ခ့ဲတာပါ။

လူငယ္တိုက္စစ္မွဴး ဘရူးစတားကို အငွားခ်ဖို႔ ရည္ရြယ္ထားေပမယ့္ ကမ္းလွမ္းမႈလုပ္ေနတဲ့ ပရီးမီးယားလိဂ္ အသင္းေတြက အျပီးသတ္ ေခၚယူခြင့္အတြက္ လီဗာပူးဘက္က လမ္းဖြင့္ေပးလာမွာကို ေမွ်ာ္လင့္ေနပါတယ္။ ၄င္းတို႔ကေတာ့ ေပါင္ သန္း ၂၀ ဝန္းက်င္ျဖင့္ ဘရူးစတားကို ေခၚယူႏုိင္မယ္ ေမွ်ာ္လင့္ေနပါတယ္။