ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ ပဲလေစ့်၊ အက်စတွန်ဗီလာတို့ဟာ လီဗာပူးထံကနေ ဘရူးစတားကို အငှားမဟုတ်ဘဲ အပြီးသတ် ခေါ်ယူခွင့်ရဖို့ ညိနှိုင်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာတော့ ကစားသမားကို အငှားခေါ်ယူခြင်း (သို့) အပြီးသတ် ခေါ်ယူခြင်းတွေကို အဆိုပါ ကလပ်တွေက တောင်းခံလိုတယ်လို့ ဆိုတယ်။ အစောပိုင်းက သတင်းထွက်နေသလို လီဗာပူးက ဘရူးစတားအတွက် ပေါင် သန်း ၂၀ ဈေးတောင်းခြင်း မဟုတ်ဘဲ ပရီးမီးယားလိဂ် ကလပ်တွေဘက်က ပေါင် သန်း ၂၀ ဖြင့် အင်္ဂလန်တိုက်စစ်သမားကို ကမ်းလှမ်းလိုကြတာဖြစ်တယ်လို့ သိရပါတယ်။

ရာသီကြိုမှာ မန်နေဂျာကလော့ပ်ရဲ့ ချစ်ကြည်ရေးပွဲတွေအတွင်း ခြေစွမ်းကောင်းပြထားတဲ့ ဘရူးစတားကို ၎င်းတို့ရဲ့ ကမ်းလှမ်းလိုမှုက တစ်ရာသီအငှားဖြစ်ကာ ရာသီကုန် အပြီးသတ် ခေါ်ယူမှုမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘရူးစတားအတွက် ချိတ်ဆက်မှုတွေ ရှိထားကြောင်း သိထားရပြီး ယခုအခါမှာ အပြီးသတ် ခေါ်ယူမှုပါ လုပ်လိုလာကြတာဖြစ်ကာ ကမ်းလှမ်းမှုတွေက ဘယ်လိုဆိုတာက မသိရသေးပါဘူး။

မန်နေဂျာယာဂင်ကလော့ပ်က ပွဲကစားခွင့်တွေ ရဖို့အတွက် ဘရူးစတားကို အငှားကမ်းလှမ်းလာရင် ခွင့်ပြုပေးဖို့ကို သဘောတူခဲ့ခြင်းကြောင့် ကလပ်ဘက်က ကမ်းလှမ်းမှုကို စတင် လက်ခံခဲ့တာပါ။ ပရီးမီးယားလိဂ်မှာတင် ကမ်းလှမ်းတဲ့အသင်း ၆ သင်းရှိကာ ဘရူးစတားကို ခေါ်ယူနိုင်ဖို့ ရှက်ဖီး၊ ပဲလေစ့်နဲ့ အက်စတွန်ဗီလာတို့က ရေပန်းအစားဆုံး အသင်းတွေဖြစ်တယ်။

အသက် ၂၀ အရွယ် ရောက်နေပြီဖြစ်တဲ့ ဘရူးစတားရဲ့ တိုးတက်မှုအတွက် ပွဲကစားခွင့်ရှာပေးဖို့ကို လီဗာပူးနဲ့ ကလော့ပ်တို့က သဘောညီပေမယ့် ကစားသမားကို အပြီးသတ် ရောင်းထုတ်ဖို့ကိစ္စကိုတော့ မှတ်ချက်ပေးလာတာ မရှိသေးပါဘူး။

ရှက်ဖီးက သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ဘရူးစတားကို ခေါ်ယူလိုကာ ပဲလေစ့်ကတော့ တိုက်စစ်သမားလေးကို ကာလရှည် အထင်ကြီးထားပါတယ်။ အက်စတွန်ဗီလာက ဘရူးစတားတင် မဟုတ်ဘဲ ဘုန်းမောက် တိုက်စစ်သမား ကင်းကိုလည်း ပေါင် ၁၆ သန်း ဝန်းကျင်ဖြင့် ချိတ်ဆက်နေသေးကာ နှစ်ဦးထဲက တစ်ဦးကိုရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ရွက္ဖီးယူႏုိက္တက္၊ ပဲေလစ့္၊ အက္စတြန္ဗီလာတို႔ဟာ လီဗာပူးထံကေန ဘရူးစတားကို အငွားမဟုတ္ဘဲ အျပီးသတ္ ေခၚယူခြင့္ရဖို႔ ညိႏိႈင္းႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

တယ္လီဂရပ္က ေဖာ္ျပရာမွာေတာ့ ကစားသမားကို အငွားေခၚယူျခင္း (သို႔) အျပီးသတ္ ေခၚယူျခင္းေတြကို အဆိုပါ ကလပ္ေတြက ေတာင္းခံလိုတယ္လို႔ ဆိုတယ္။ အေစာပိုင္းက သတင္းထြက္ေနသလို လီဗာပူးက ဘရူးစတားအတြက္ ေပါင္ သန္း ၂၀ ေစ်းေတာင္းျခင္း မဟုတ္ဘဲ ပရီးမီးယားလိဂ္ ကလပ္ေတြဘက္က ေပါင္ သန္း ၂၀ ျဖင့္ အဂၤလန္တိုက္စစ္သမားကို ကမ္းလွမ္းလိုၾကတာျဖစ္တယ္လို႔ သိရပါတယ္။

ရာသီၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္ရဲ႕ ခ်စ္ၾကည္ေရးပြဲေတြအတြင္း ေျခစြမ္းေကာင္းျပထားတဲ့ ဘရူးစတားကို ၄င္းတို႔ရဲ႕ ကမ္းလွမ္းလိုမႈက တစ္ရာသီအငွားျဖစ္ကာ ရာသီကုန္ အျပီးသတ္ ေခၚယူမႈမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။ ဘရူးစတားအတြက္ ခ်ိတ္ဆက္မႈေတြ ရွိထားေၾကာင္း သိထားရျပီး ယခုအခါမွာ အျပီးသတ္ ေခၚယူမႈပါ လုပ္လိုလာၾကတာျဖစ္ကာ ကမ္းလွမ္းမႈေတြက ဘယ္လိုဆိုတာက မသိရေသးပါဘူး။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ပြဲကစားခြင့္ေတြ ရဖို႔အတြက္ ဘရူးစတားကို အငွားကမ္းလွမ္းလာရင္ ခြင့္ျပဳေပးဖို႔ကို သေဘာတူခဲ့ျခင္းေၾကာင့္ ကလပ္ဘက္က ကမ္းလွမ္းမႈကို စတင္ လက္ခံခဲ့တာပါ။ ပရီးမီးယားလိဂ္မွာတင္ ကမ္းလွမ္းတဲ့အသင္း ၆ သင္းရွိကာ ဘရူးစတားကို ေခၚယူႏုိင္ဖို႔ ရွက္ဖီး၊ ပဲေလစ့္နဲ႔ အက္စတြန္ဗီလာတို႔က ေရပန္းအစားဆံုး အသင္းေတြျဖစ္တယ္။

အသက္ ၂၀ အရြယ္ ေရာက္ေနျပီျဖစ္တဲ့ ဘရူးစတားရဲ႕ တိုးတက္မႈအတြက္ ပြဲကစားခြင့္ရွာေပးဖို႔ကို လီဗာပူးနဲ႔ ကေလာ့ပ္တို႔က သေဘာညီေပမယ့္ ကစားသမားကို အျပီးသတ္ ေရာင္းထုတ္ဖို႔ကိစၥကိုေတာ့ မွတ္ခ်က္ေပးလာတာ မရွိေသးပါဘူး။

ရွက္ဖီးက သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔ ဘရူးစတားကို ေခၚယူလိုကာ ပဲေလစ့္ကေတာ့ တိုက္စစ္သမားေလးကို ကာလရွည္ အထင္ၾကီးထားပါတယ္။ အက္စတြန္ဗီလာက ဘရူးစတားတင္ မဟုတ္ဘဲ ဘုန္းေမာက္ တိုက္စစ္သမား ကင္းကိုလည္း ေပါင္ ၁၆ သန္း ဝန္းက်င္ျဖင့္ ခ်ိတ္ဆက္ေနေသးကာ ႏွစ္ဦးထဲက တစ္ဦးကိုရဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။