လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဆောင်းနက်က ဒီရာသီဟာ မနှစ်တုန်းကလို မဟုတ်ဘဲ ခက်ခဲမယ့် ဘောလုံးရာသီ ဖြစ်လာလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒါပေမယ့်လို့ ဆောင်းနက်က လိဂ်ချန်ပီယံအဖြစ် လီဗာပူး ဆက်လက် အနိုင်ရဦးမယ်လို့ ယုံကြည်နေပြီး အသင်း ၄ သင်းကပဲ ထိပ်ဆုံးအဆင့်နေရာတွေအတွက် ပြိုင်ဆိုင်ကြပါလိမ့်မယ်လို့ သုံးသပ် ပြောဆိုပါသေးတယ်။

ဆောင်းနက်က ” လက်ရှိ အခြေအနေမှာတော့ အမှတ်ပေးဖလားအတွက် လီဗာပူးက ရေပန်းစားအသင်းတစ်သင်း ဖြစ်နေဦးမှာပါ။ ဒါပေမယ့်လို့ ပြိုင်ဘက်တွေထက် ခပ်ဝေးဝေးရောက်နေတာမျိုး နောက်တစ်ကြိမ် ထပ်တွေ့ရမယ်လို့ မထင်ပါဘူး။

ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါမယ်။ ဒီတစ်ကြိမ်မှာတော့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ပါ ပါဝင်လာပါမယ်။ ဗန်ဒါဘိခ်ကို ခေါ်ယူမှုနဲ့အတူ ယူနိုက်တက်က ပိုအားကောင်းလာတယ်။ ဒါပေမယ့် ဂိုးသမား နေရာက စကားပြောစရာ ဖြစ်နေဆဲပါပဲ။ ချယ်ဆီးကလည်း လူခေါ်ယူမှုကောင်းတွေ လုပ်ဆောင်ထားပါတယ်။ ဒါပေမယ့်လို့ ဝါနာ၊ ဇီယက်၊ ဟာဗက်တို့ ခပ်မြန်မြန် အထိုင်ကျမလားဆိုတာကို ကြည့်ရဦးမှာပါ။

အဲ့တာကလွဲရင် အခြားသော စိန်ခေါ်နိုင်မယ့် အသင်းတွေကို မမြင်မိပါဘူး။ အာဆင်နယ်နဲ့ ပက်သက်ပြီး လူတွေက ပြောနေကြပေမယ့် သူတို့က လုံလောက်အောင် ကောင်းမွန်တယ်လို့ မထင်ပါဘူး။ အခုချိန်မှာ ကျနော်ကို မေးမယ်ဆိုရင် ရာသီကုန်မှာ ထိပ်ဆုံး ၄ သင်း ရပ်တည်းမှုက လီဗာပူး၊ စီးတီး၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ပဲ ဖြစ်ပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ေဆာင္းနက္က ဒီရာသီဟာ မႏွစ္တုန္းကလို မဟုတ္ဘဲ ခက္ခဲမယ့္ ေဘာလံုးရာသီ ျဖစ္လာလိမ့္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဒါေပမယ့္လို႔ ေဆာင္းနက္က လိဂ္ခ်န္ပီယံအျဖစ္ လီဗာပူး ဆက္လက္ အႏုိင္ရဦးမယ္လို႔ ယံုၾကည္ေနျပီး အသင္း ၄ သင္းကပဲ ထိပ္ဆံုးအဆင့္ေနရာေတြအတြက္ ျပိဳင္ဆုိင္ၾကပါလိမ့္မယ္လို႔ သံုးသပ္ ေျပာဆိုပါေသးတယ္။

ေဆာင္းနက္က ” လက္ရွိ အေျခအေနမွာေတာ့ အမွတ္ေပးဖလားအတြက္ လီဗာပူးက ေရပန္းစားအသင္းတစ္သင္း ျဖစ္ေနဦးမွာပါ။ ဒါေပမယ့္လို႔ ျပိဳင္ဘက္ေတြထက္ ခပ္ေဝးေဝးေရာက္ေနတာမ်ိဳး ေနာက္တစ္ၾကိမ္ ထပ္ေတြ႔ရမယ္လို႔ မထင္ပါဘူး။

ပိုၾကီးမားတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ရပါမယ္။ ဒီတစ္ၾကိမ္မွာေတာ့ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးတို႔ပါ ပါဝင္လာပါမယ္။ ဗန္ဒါဘိခ္ကို ေခၚယူမႈနဲ႔အတူ ယူႏုိက္တက္က ပိုအားေကာင္းလာတယ္။ ဒါေပမယ့္ ဂိုးသမား ေနရာက စကားေျပာစရာ ျဖစ္ေနဆဲပါပဲ။ ခ်ယ္ဆီးကလည္း လူေခၚယူမႈေကာင္းေတြ လုပ္ေဆာင္ထားပါတယ္။ ဒါေပမယ့္လို႔ ဝါနာ၊ ဇီယက္၊ ဟာဗက္တို႔ ခပ္ျမန္ျမန္ အထိုင္က်မလားဆိုတာကို ၾကည့္ရဦးမွာပါ။

အဲ့တာကလြဲရင္ အျခားေသာ စိန္ေခၚႏုိင္မယ့္ အသင္းေတြကို မျမင္မိပါဘူး။ အာဆင္နယ္နဲ႔ ပက္သက္ျပီး လူေတြက ေျပာေနၾကေပမယ့္ သူတို႔က လံုေလာက္ေအာင္ ေကာင္းမြန္တယ္လို႔ မထင္ပါဘူး။ အခုခ်ိန္မွာ က်ေနာ္ကို ေမးမယ္ဆိုရင္ ရာသီကုန္မွာ ထိပ္ဆံုး ၄ သင္း ရပ္တည္းမႈက လီဗာပူး၊ စီးတီး၊ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးတို႔ပဲ ျဖစ္ပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။