ချယ်ဆီးမန်နေဂျာ လမ်းပတ်က မနှစ်တုန်းက အန်ဖီးကွင်းမှာ ယာဂင်ကလော့ပ်နဲ့ ထိပ်တိုက်တွေ့ခဲ့စဉ် သူလုပ်ခဲ့တဲ့ အပြုအမှုအတွက် နောင်တရပါကြောင်း ဝန်ခံလိုက်ပါတယ်။

လမ်းပတ်က အဆိုပါပွဲမှာ လေးစားမှု ကင်းမဲစွာ ဆဲဆိုမှုတွေပါ လုပ်ခဲ့မိပြီး ဒါဟာ စိတ်ဆန္ဒပြင်းပြသွားရာကနေ ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်ဖြစ်ပါတယ်လို့ ဝန်ခံတယ်။ ဒါပေမယ့်လို့ လီဗာပူးရဲ့ အောင်မြင်မှုအပေါ်မှာ ဘာပြဿနာမှ မရှိပါဘူးလို့လည်း သူက ဖွင့်ဟပါသေးတယ်။

လမ်းပတ်က ‘ ဟုတ်ပါတယ်။ ကျနော် နောင်တရပါတယ်။ နောက်တစ်ရက်အကြာမှာ ကျနော် သူငယ်ချင်းက မနက်ကြီး အဲ့သတင်းကို မက်ဆေ့ကနေ ပို့လာတော့ ကျနော် အရှက်ရမိပါတယ်။ အဲ့အချိန်တုန်းကတော့ လီဗာပူးအတွက် အရမ်းလွယ်ကူတဲ့ နေ့ဖြစ်ခဲ့တာကို တုန့်ပြန်ဖို့ပဲ ကျနော် စဉ်းစားခဲ့တာပါ။ သူတို့ လိဂ်ကို အနိုင်ရခဲ့ပြီဖြစ်သလို ပွဲအစောတည်းက ဂိုးတွေ ရခဲ့တာဖြစ်ပါတယ်။

အရန်ခုံတန်းမှာ ကိစ္စနည်းနည်း ဖြစ်ခဲ့တယ်။ အဲ့လိုတွေ မလုပ်နိုင်ပေမယ့် ကျနော်ရဲ့ ခံစားချက်ကို မထိန်းနိုင်ခဲ့ဘူး။ အသင်းကို ကာကွယ်ဖို့ ကြိုးစားလိုခဲ့တယ်။ လီဗာပူးအသင်း အောင်ပွဲခံတာနဲ့ ပက်သက်လို့ ကျနော်မှာ ပြဿနာ မရှိပါဘူး။ ’ လို့ ဆိုခဲ့တယ်။

လမ်းပတ်က သူဟာ ယာဂင်ကလော့ပ်အပေါ် ခက်ထန်တဲ့ အမူအရာ ပြသခဲ့မိပေမယ့် နောက်ကာလတွေမှာ အဲ့လို ဆက်ဆံသွားမှာ မဟုတ်ဘူးလို့ ဆိုပါသေးတယ်။ ရာသီသစ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတင် နှစ်သင်း ထိပ်မံ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

လမ်းပတ်ကပဲ ‘ ကျနော် တကယ်ကို ယာဂင်ကလော့ပ်ကို မလေးမစားလုပ်တာလည်း မဟုတ်ပါဘူး။ သူတို့ကို အတော်လည်း လေးစား အထင်ကြီးပါတယ်။ ကျနော် စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာပါ။ ပျော်ရွှင်နေချိန်မှာ ကလော့ပ်နဲ့ တွေ့ရမယ်ဆိုရင် မှန်မှန်ကန်ကန် ဆက်ဆံမိမှာပါပဲ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က မႏွစ္တုန္းက အန္ဖီးကြင္းမွာ ယာဂင္ကေလာ့ပ္နဲ႔ ထိပ္တိုက္ေတြ႔ခဲ့စဥ္ သူလုပ္ခဲ့တဲ့ အျပဳအမႈအတြက္ ေနာင္တရပါေၾကာင္း ဝန္ခံလိုက္ပါတယ္။

လမ္းပတ္က အဆိုပါပြဲမွာ ေလးစားမႈ ကင္းမဲစြာ ဆဲဆိုမႈေတြပါ လုပ္ခဲ့မိျပီး ဒါဟာ စိတ္ဆႏၵျပင္းျပသြားရာကေန ျဖစ္ေပၚခဲ့တဲ့ ခံစားခ်က္ျဖစ္ပါတယ္လို႔ ဝန္ခံတယ္။ ဒါေပမယ့္လို႔ လီဗာပူးရဲ႕ ေအာင္ျမင္မႈအေပၚမွာ ဘာျပႆနာမွ မရွိပါဘူးလို႔လည္း သူက ဖြင့္ဟပါေသးတယ္။

လမ္းပတ္က ‘ ဟုတ္ပါတယ္။ က်ေနာ္ ေနာင္တရပါတယ္။ ေနာက္တစ္ရက္အၾကာမွာ က်ေနာ္ သူငယ္ခ်င္းက မနက္ၾကီး အဲ့သတင္းကို မက္ေဆ့ကေန ပို႔လာေတာ့ က်ေနာ္ အရွက္ရမိပါတယ္။ အဲ့အခ်ိန္တုန္းကေတာ့ လီဗာပူးအတြက္ အရမ္းလြယ္ကူတဲ့ ေန႔ျဖစ္ခဲ့တာကို တုန္႔ျပန္ဖို႔ပဲ က်ေနာ္ စဥ္းစားခဲ့တာပါ။ သူတို႔ လိဂ္ကို အႏုိင္ရခဲ့ျပီျဖစ္သလို ပြဲအေစာတည္းက ဂိုးေတြ ရခဲ့တာျဖစ္ပါတယ္။

အရန္ခံုတန္းမွာ ကိစၥနည္းနည္း ျဖစ္ခဲ့တယ္။ အဲ့လိုေတြ မလုပ္ႏုိင္ေပမယ့္ က်ေနာ္ရဲ႕ ခံစားခ်က္ကို မထိန္းႏုိင္ခဲ့ဘူး။ အသင္းကို ကာကြယ္ဖို႔ ၾကိဳးစားလိုခဲ့တယ္။ လီဗာပူးအသင္း ေအာင္ပြဲခံတာနဲ႔ ပက္သက္လို႔ က်ေနာ္မွာ ျပႆနာ မရွိပါဘူး။ ’ လို႔ ဆိုခဲ့တယ္။

လမ္းပတ္က သူဟာ ယာဂင္ကေလာ့ပ္အေပၚ ခက္ထန္တဲ့ အမူအရာ ျပသခဲ့မိေပမယ့္ ေနာက္ကာလေတြမွာ အဲ့လို ဆက္ဆံသြားမွာ မဟုတ္ဘူးလို႔ ဆိုပါေသးတယ္။ ရာသီသစ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ မွာတင္ ႏွစ္သင္း ထိပ္မံ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။

လမ္းပတ္ကပဲ ‘ က်ေနာ္ တကယ္ကို ယာဂင္ကေလာ့ပ္ကို မေလးမစားလုပ္တာလည္း မဟုတ္ပါဘူး။ သူတို႔ကို အေတာ္လည္း ေလးစား အထင္ၾကီးပါတယ္။ က်ေနာ္ စိတ္လိုက္မာန္ပါ လုပ္ခဲ့မိတာပါ။ ေပ်ာ္ရႊင္ေနခ်ိန္မွာ ကေလာ့ပ္နဲ႔ ေတြ႔ရမယ္ဆိုရင္ မွန္မွန္ကန္ကန္ ဆက္ဆံမိမွာပါပဲ ’ လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။