အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်တွေဖြစ်တဲ့ Fabrizio Romano နဲ့ Christian Falk တို့ကတော့ လီဗာပူးနဲ့ သီယေဂိုတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စကို ဒီကနေ့မှာ သတင်းသစ် ထပ်ပေးခဲ့ပါပြီ။

Fabrizio Romano က ” သီယေဂိုဟာ ပုံမှန် စစ်ဆေးနေကျ ကိုဗစ် စစ်ဆေးမှုတွေကို လုပ်ဖို့ ဘိုင်ယန်အသင်းရဲ့ လေ့ကျင့်ရေးဆင်တာကို သွားရောက်မှာတောင် မဟုတ်တော့ပါဘူး။ အရေးပါတဲ့ နေ့ရက်တွေက ရောက်လာပါပြီ။ လီဗာပူးက သူ့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားဆဲဖြစ်ကာ ဘိုင်ယန်ဘက်က ယူရို သန်း ၃၀ ရလိုနေတယ်။ ကိုမန်းကိုယ်တိုင်ကတော့ သီယေဂိုထက် လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ကိုပဲ ရလိုပါတယ် ” ဆိုပြီး ဖော်ပြခဲ့တယ်။

Romano ကတော့ ဘာကာဘုတ်အဖွဲ့နဲ့ မန်နေဂျာကိုမန်းတို့ ညိနှိုင်းမှုတွေ လုပ်ခဲ့ကြကာ ဘုတ်အဖွဲ့ ကိုယ်တိုင်က မန်နေဂျာအလိုရှိတဲ့အတိုင်း ဝိုက်နယ်ဒမ်ကို ခေါ်ယူမှု လုပ်ဖို့ကိုပဲ သဘောတူညီပေးခဲ့တယ်လို့လည်း ၎င်းက ဖော်ပြခဲ့တယ်။

ဂျာမနီ BILD သတင်းဌာန အကြီးအကဲ Christian Falk ကတော့ ” ကျနေ်ာတို့ သိလာရတဲ့ သတင်းမှာတော့ သီယေဂိုက ကိုရိုနာ စစ်ဆေးမှုအတွက် မြူနစ်က လေ့ကျင့်ရေးဆင်တာကို သွားတော့မှာ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ ကိစ္စတွေအတွက် သူ့ကို ဘိုင်ယန်က အားလပ်ရက် အနည်းငယ် ပေးခဲ့ပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လာမယ့် ရက်ပိုင်းအတွင်း လီဗာပူးနဲ့ သီယေဂို အပြောင်းအရွှေ့ ကိစ္စက စတင်သွားမယ်လို့ ၎င်းတို့က သတင်းပေးခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ်ဟာ ဒီအပတ်မှာ တရားဝင် စတင်မှာဖြစ်ကာ အပြောင်းအရွှေ့ ပိတ်ဖို့ကလည်း တစ်လလောက်ပဲ လိုတာကြောင့် အသင်းက အမှန်တကယ် စတင်မှုတွေ လုပ်ပြီလားဆိုတာက စိတ်ဝင်စားစရာပါပဲ။

ZAWGYI

အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ေတြျဖစ္တဲ့ Fabrizio Romano နဲ႔ Christian Falk တို႔ကေတာ့ လီဗာပူးနဲ႔ သီေယဂိုတို႔ရဲ႕ အေျပာင္းအေရႊ႔ ကိစၥကို ဒီကေန႔မွာ သတင္းသစ္ ထပ္ေပးခဲ့ပါျပီ။

Fabrizio Romano က ” သီေယဂိုဟာ ပံုမွန္ စစ္ေဆးေနက် ကိုဗစ္ စစ္ေဆးမႈေတြကို လုပ္ဖို႔ ဘိုင္ယန္အသင္းရဲ႕ ေလ့က်င့္ေရးဆင္တာကို သြားေရာက္မွာေတာင္ မဟုတ္ေတာ့ပါဘူး။ အေရးပါတဲ့ ေန႔ရက္ေတြက ေရာက္လာပါျပီ။ လီဗာပူးက သူ႔ကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားဆဲျဖစ္ကာ ဘိုင္ယန္ဘက္က ယူရို သန္း ၃၀ ရလိုေနတယ္။ ကိုမန္းကိုယ္တိုင္ကေတာ့ သီေယဂိုထက္ လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္ကိုပဲ ရလိုပါတယ္ ” ဆိုျပီး ေဖာ္ျပခဲ့တယ္။

Romano ကေတာ့ ဘာကာဘုတ္အဖြဲ႔နဲ႔ မန္ေနဂ်ာကိုမန္းတို႔ ညိႏိႈင္းမႈေတြ လုပ္ခဲ့ၾကကာ ဘုတ္အဖြဲ႔ ကိုယ္တုိင္က မန္ေနဂ်ာအလိုရွိတဲ့အတိုင္း ဝိုက္နယ္ဒမ္ကို ေခၚယူမႈ လုပ္ဖို႔ကိုပဲ သေဘာတူညီေပးခဲ့တယ္လို႔လည္း ၄င္းက ေဖာ္ျပခဲ့တယ္။

ဂ်ာမနီ BILD သတင္းဌာန အၾကီးအကဲ Christian Falk ကေတာ့ ” က်ေန္ာတုိ႔ သိလာရတဲ့ သတင္းမွာေတာ့ သီေယဂိုက ကိုရိုနာ စစ္ေဆးမႈအတြက္ ျမဴနစ္က ေလ့က်င့္ေရးဆင္တာကို သြားေတာ့မွာ မဟုတ္ပါဘူး။ အေျပာင္းအေရႊ႔ ကိစၥေတြအတြက္ သူ႔ကို ဘိုင္ယန္က အားလပ္ရက္ အနည္းငယ္ ေပးခဲ့ပါျပီ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လာမယ့္ ရက္ပိုင္းအတြင္း လီဗာပူးနဲ႔ သီေယဂို အေျပာင္းအေရႊ႔ ကိစၥက စတင္သြားမယ္လို႔ ၄င္းတို႔က သတင္းေပးခဲ့တာျဖစ္တယ္။ ပရီးမီးယားလိဂ္ဟာ ဒီအပတ္မွာ တရားဝင္ စတင္မွာျဖစ္ကာ အေျပာင္းအေရႊ႔ ပိတ္ဖို႔ကလည္း တစ္လေလာက္ပဲ လိုတာေၾကာင့္ အသင္းက အမွန္တကယ္ စတင္မႈေတြ လုပ္ျပီလားဆိုတာက စိတ္ဝင္စားစရာပါပဲ။