ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က ရာသီသစ်အတွက် အမှတ်ပေးဖလား အနိုင်ရဖို့ ရေပန်းစားမှုမှာ လီဗာပူးက ထိပ်ဆုံးက ဆက်ရှိနေပေမယ့် အားနည်းချက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဖာဒီနန်ကတော့ ကုန်ခဲ့တဲ့ နှစ်နှစ်မှာ လီဗာပူးရဲ့ အဓိက ကစားသမားတွေ ကြံ့ခိုင်မှု ကောင်းနေခဲ့တာက အမှတ်ပေးဖလား အောင်နိုင်ဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ သုံးနှစ်ဆက်တော့ ကံကောင်းမှာ မဟုတ်ဘူးလို့ သူက ဆိုတာပါ။ ဒါ့အပြင် ယူနိုက်တက်အတွက် သူကစားခဲ့စဉ်ကလည်း ကစားသမားကောင်းတွေက နှစ်ရာသီဆက်လောက် ကြံ့ခိုင်မှုကောင်းဖို့က မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါသေးတယ်။

ဖာဒီနန်က “ လီဗာပူးအမှတ်ပေးဖလား အနိုင်ရခဲ့တာက ထူးခြားဖြစ်စဉ်ကြီးပါကွာလို့ ဘယ်သူကမှ မပြောနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ပြိုင်ဘက်တွေ အားလုံးထက်ကို အဝေးကြီး အသာစီးရခဲ့တယ်လေ။ ဒါပေမယ့်လို့ အဲ့လို လုပ်နိုင်ဖို့ကိုလည်း အခြားအသင်းတွေမှာ မရှိတဲ့ အားသာချက်ကို သူတို့ ပိုင်ဆိုင်ခဲ့ပါတယ်။

အဓိကကတော့ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားတွေက ၂ ရာသီလုံး ဒဏ်ရာပြဿနာ မရှိခဲ့ပါဘူး။ အဲ့တာက ကိစ္စကြီးပါ။ အကယ်လို့ လာမယ့်ကာလတွေမှာ အဓိက ကစားသမားအချို့ကို လက်လွတ်ရမယ်ဆိုရင် ဘယ်လို ကုစားမလဲဆိုတာကို သူတို့ အဖြေရှာရဦးမှာပါ။

ဗန်ဒိုက်က နှစ်ရာသီလုံးမှာ ပွဲတိုင်းနီးပါး ကစားခဲ့တယ်။ ဆာလက်က ပွဲကြီးတိုင်းအတွက် ရှိနေတယ်။ မာနေးကောပါပဲ။ ဒီလို ကစားသမားတွေ နေရာမှာ ဘယ်အရန်ကစားသမားက အစားဝင်နိုင်မှာလဲ? ကျနေ်ာတို့ အားလုံး ဒါကိုပဲ စောင့်ကြည့်နေပါတယ်။

ရှေ့ဆက်သွားဖို့အတွက် လီဗာပူးရဲ့ ကစားသမားသစ် ခေါ်ယူမှုနဲ့ သူတို့အသင်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေတယ်။ သူတို့ရဲ့ တိုက်စစ်သမား သုံးဦးက ကြံ့ခိုင်မှု တည်ငြိမ်လွန်းတယ်။ အကယ်လို့ ဆာလက်နဲ့ မာနေးကို ကာလရှည် လက်လွတ်ရမယ်ဆိုရင်ကော အင်အားဖြည့်နိုင်တဲ့ ကစားသမားတွေ အရန်ခုံမှာ ရှိမလား။

ယူနိုက်တက်နဲ့ ကျနော် အမှတ်ပေးဖလားတွေ အနိုင်ရတုန်းက နှစ်ရာသီဆက်တိုက် ပွဲကြီးတွေအတွက် ကြံ့ခိုင်တဲ့ ထိပ်တန်းကစားသမား မရျိပါဘူး။ ဒီတော့ လီဗာပူးက ဆက်ပြီး ကံကောင်းနိုင်ဦးမလား။ သူတို့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက် ဆေးအဖွဲ့က ဆက်ပြီး လုပ်နိုင်ဦးမလား။ ကစားသမားကောင်းတွေကို ကြံ့ခိုင်မှု ဆက်ထိန်းနိုင်ရင်တော့ လီဗာပူးက ရပ်တန့်လို့ မရပါဘူး။ ဒါပေမယ့် နှစ်တိုင်းတော့ အဲ့လို မဖြစ်နိုင်ဘူး။ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ကစားသမားေဟာင္း ရီယို ဖာဒီနန္က ရာသီသစ္အတြက္ အမွတ္ေပးဖလား အႏုိင္ရဖို႔ ေရပန္းစားမႈမွာ လီဗာပူးက ထိပ္ဆံုးက ဆက္ရွိေနေပမယ့္ အားနည္းခ်က္လည္း ရွိေနတယ္လို႔ ဆိုပါတယ္။

ဖာဒီနန္ကေတာ့ ကုန္ခဲ့တဲ့ ႏွစ္ႏွစ္မွာ လီဗာပူးရဲ႕ အဓိက ကစားသမားေတြ ၾကံ႕ခိုင္မႈ ေကာင္းေနခဲ့တာက အမွတ္ေပးဖလား ေအာင္ႏုိင္ဖို႔ ျဖစ္လာခဲ့တယ္။ ဒါေပမယ့္လို႔ သံုးႏွစ္ဆက္ေတာ့ ကံေကာင္းမွာ မဟုတ္ဘူးလို႔ သူက ဆိုတာပါ။ ဒါ့အျပင္ ယူႏုိက္တက္အတြက္ သူကစားခဲ့စဥ္ကလည္း ကစားသမားေကာင္းေတြက ႏွစ္ရာသီဆက္ေလာက္ ၾကံ႕ခိုင္မႈေကာင္းဖို႔က မျဖစ္ႏုိင္ခဲ့ဘူးလို႔ ဆိုပါေသးတယ္။

ဖာဒီနန္က “ လီဗာပူးအမွတ္ေပးဖလား အႏုိင္ရခဲ့တာက ထူးျခားျဖစ္စဥ္ၾကီးပါကြာလို႔ ဘယ္သူကမွ မေျပာႏုိင္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သူတို႔က ျပိဳင္ဘက္ေတြ အားလံုးထက္ကို အေဝးၾကီး အသာစီးရခဲ့တယ္ေလ။ ဒါေပမယ့္လို႔ အဲ့လို လုပ္ႏုိင္ဖို႔ကိုလည္း အျခားအသင္းေတြမွာ မရွိတဲ့ အားသာခ်က္ကို သူတို႔ ပိုင္ဆိုင္ခဲ့ပါတယ္။

အဓိကကေတာ့ လီဗာပူးရဲ႕ အေကာင္းဆံုး ကစားသမားေတြက ၂ ရာသီလံုး ဒဏ္ရာျပႆနာ မရွိခဲ့ပါဘူး။ အဲ့တာက ကိစၥၾကီးပါ။ အကယ္လို႔ လာမယ့္ကာလေတြမွာ အဓိက ကစားသမားအခ်ိဳ႔ကို လက္လြတ္ရမယ္ဆိုရင္ ဘယ္လို ကုစားမလဲဆိုတာကို သူတို႔ အေျဖရွာရဦးမွာပါ။

ဗန္ဒိုက္က ႏွစ္ရာသီလံုးမွာ ပြဲတိုင္းနီးပါး ကစားခဲ့တယ္။ ဆာလက္က ပြဲၾကီးတိုင္းအတြက္ ရွိေနတယ္။ မာေနးေကာပါပဲ။ ဒီလို ကစားသမားေတြ ေနရာမွာ ဘယ္အရန္ကစားသမားက အစားဝင္ႏုိင္မွာလဲ? က်ေန္ာတုိ႔ အားလံုး ဒါကိုပဲ ေစာင့္ၾကည့္ေနပါတယ္။

ေရွ႔ဆက္သြားဖို႔အတြက္ လီဗာပူးရဲ႕ ကစားသမားသစ္ ေခၚယူမႈနဲ႔ သူတို႔အသင္းအေပၚ ေမးခြန္းထုတ္မႈေတြ ရွိေနတယ္။ သူတို႔ရဲ႕ တိုက္စစ္သမား သံုးဦးက ၾကံ႕ခိုင္မႈ တည္ျငိမ္လြန္းတယ္။ အကယ္လို႔ ဆာလက္နဲ႔ မာေနးကို ကာလရွည္ လက္လြတ္ရမယ္ဆိုရင္ေကာ အင္အားျဖည့္ႏိုင္တဲ့ ကစားသမားေတြ အရန္ခံုမွာ ရွိမလား။

ယူႏုိက္တက္နဲ႔ က်ေနာ္ အမွတ္ေပးဖလားေတြ အႏုိင္ရတုန္းက ႏွစ္ရာသီဆက္တိုက္ ပြဲၾကီးေတြအတြက္ ၾကံ႕ခိုင္တဲ့ ထိပ္တန္းကစားသမား မရ်ိပါဘူး။ ဒီေတာ့ လီဗာပူးက ဆက္ျပီး ကံေကာင္းႏုိင္ဦးမလား။ သူတို႔ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈအတြက္ ေဆးအဖြဲ႔က ဆက္ျပီး လုပ္ႏုိင္ဦးမလား။ ကစားသမားေကာင္းေတြကို ၾကံ႕ခိုင္မႈ ဆက္ထိန္းႏုိင္ရင္ေတာ့ လီဗာပူးက ရပ္တန္႔လို႔ မရပါဘူး။ ဒါေပမယ့္ ႏွစ္တုိင္းေတာ့ အဲ့လို မျဖစ္ႏုိင္ဘူး။ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။