ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွေဟာ မနှစ်က ဘောလုံးရာသီအတွက် ရမယ့် ချန်ပီယံလိဂ်ဆုကြေးကနေ ရုပ်သံကြေး ပြန်သွင်းရမှာတွေအတွက် ဆုကြေး ဖြတ်တောက်ခံရမှုတွေ ရှိလာပါလိမ့်မယ်။

ယူအီးအက်ဖ်အေက ကပ်ဘေးကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံပြောင်းပြီး ကျင်းပခြင်းနဲ့အတူ ပြိုင်ပွဲဟာ မျှော်လင့်ထားတာထက် အများကြီး တိုးတောင်းတဲ့ ပုံစံဖြင့် အဆုံးသတ်ခဲ့ရတယ်။ ဒါတွေကြောင့် ယူအီးအက်ဖ်အေက ရုပ်သံကြေး ပေါင် ၅၁၈ သန်း ဖြတ်တောက်မှာဖြစ်ကာ ဒီငွေကြေးတွေကို ဥရောပပြိင်ပွဲဝင် ကလပ်တွေ မျှဝေပြီး ဖြတ်တောက်ခံရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဆုကြေးပေးမှုနှုန်း ပိုမြင့်တဲ့ ချန်ပီယံလိဂ်က ပိုမို အထိနာမှာဖြစ်ကာ လီဗာပူး အပါအဝင် ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းတွေက ဆုကြေး ပေါင် သန်း ၂၀ စီလောက် လျော့နည်းရရှိဖွယ်ရှိတယ်။ မနှစ်ကရာသီအတွက် ချန်ပီယံလိဂ် ဆုကြေးတွေက ယူအီးအက်ဖ်အေထံကနေ ခွဲဝေးရထားခြင်း မရှိသေးသလို ဘယ်လောက်တွေ ရကြမယ်ဆိုတာလည်း မသိရသေးပါဘူး။

ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့် ရံှူးထွက်ထိပဲ တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးရမယ့် ဆုကြေးဟာ ကုန်ခဲ့တဲ့ နှစ်ရာသီ ဗိုလ်လုပွဲကို တက်ရောက်နိုင်စဉ် ရခဲ့တဲ့ ဆုကြေးတွေထက် နည်းပါးမှာပါ။ လီဗာပူးဟာ ရံှူးထွက်အဆင့်မှာ အက်သလက်တီကို မက်ဒရစ်ကို အရေးနိမ့်ပြီး ၁၆ သင်းအဆင့်မှာတင် ထွက်ခဲ့ရကာ ဆုကြေး ပေါင် ၇၂ သန်း ဝန်းကျင် ရမယ်လို့ ဆွစ်ဇလန်အခြေစိုက် အဖွဲ့က ခန့်မှန်း ဖော်ပြထားတယ်။

ဒါကြောင့် ယူအီးအက်ဖ်အေရဲ့ ရုပ်သံကြေး ပြန်ပေးမယ့် အနေအထားမှာ လီဗာပူးရမယ့် ဆုကြေးဟာ ပေါင် သန်း ၅၀ ဝန်းကျင်မှာပဲ ရှိမှာဖြစ်တယ်။ ဂျူဗင်တပ်အကြီးအကဲ ဥရောပကလပ်တွေ ရုပ်သံကြေး ခွဲဝေပြီး ပြန်သွင်းရမယ့် ကိစ္စကို အတည်ပြုခဲ့တာဖြစ်ကာ ၎င်းကပဲ ဥရောပကလပ်တွေရဲ့ ဘဏ္ဍာရေး အခက်အခဲရှိလာနိုင်ကြောင်းကိုလည်း သတိပေးမှု လုပ်ထားပါတယ်။

လီဗာပူးအတွက်ကတော့ ပရိသတ်ဝင်ကြေး ရပ်ဆိုင်းနေသလို ပရီးမီးယားလိဂ် ရုပ်သံကြေး လျော့ကျမယ့် အခြေအနေမှာ ဥရောပဆုကြေးပါ လျော့နည်းသွားမှာက စိတ်ပျက်စရာ သတင်းပဲ ဖြစ်တယ်။ မကြာသေးခင်ကပဲ ပရီးမီးယားလိဂ်ဟာ တရုတ်နဲ့ ရုပ်သံဆိုင်ရာ သဘောတူညီမှု ဖျက်သိမ်းခြင်းကြောင့်လည်း လိဂ်သမိုင်းမှာ တန်ကြေးအကြီးဆုံး ရုပ်သံစာချုပ်ကို ဆုံးရံှူးထားသေးတာဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ျပိဳင္ပြဲဝင္ အဂၤလန္အသင္းေတြဟာ မႏွစ္က ေဘာလံုးရာသီအတြက္ ရမယ့္ ခ်န္ပီယံလိဂ္ဆုေၾကးကေန ရုပ္သံေၾကး ျပန္သြင္းရမွာေတြအတြက္ ဆုေၾကး ျဖတ္ေတာက္ခံရမႈေတြ ရွိလာပါလိမ့္မယ္။

ယူအီးအက္ဖ္ေအက ကပ္ေဘးေၾကာင့္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပံုစံေျပာင္းျပီး က်င္းပျခင္းနဲ႔အတူ ျပိဳင္ပြဲဟာ ေမွ်ာ္လင့္ထားတာထက္ အမ်ားၾကီး တိုးေတာင္းတဲ့ ပံုစံျဖင့္ အဆံုးသတ္ခဲ့ရတယ္။ ဒါေတြေၾကာင့္ ယူအီးအက္ဖ္ေအက ရုပ္သံေၾကး ေပါင္ ၅၁၈ သန္း ျဖတ္ေတာက္မွာျဖစ္ကာ ဒီေငြေၾကးေတြကို ဥေရာပျပိင္ပြဲဝင္ ကလပ္ေတြ မွ်ေဝျပီး ျဖတ္ေတာက္ခံရမွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္မွာ ဆုေၾကးေပးမႈႏႈန္း ပိုျမင့္တဲ့ ခ်န္ပီယံလိဂ္က ပိုမို အထိနာမွာျဖစ္ကာ လီဗာပူး အပါအဝင္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲဝင္ ကလပ္အသင္းေတြက ဆုေၾကး ေပါင္ သန္း ၂၀ စီေလာက္ ေလ်ာ့နည္းရရွိဖြယ္ရွိတယ္။ မႏွစ္ကရာသီအတြက္ ခ်န္ပီယံလိဂ္ ဆုေၾကးေတြက ယူအီးအက္ဖ္ေအထံကေန ခြဲေဝးရထားျခင္း မရွိေသးသလို ဘယ္ေလာက္ေတြ ရၾကမယ္ဆိုတာလည္း မသိရေသးပါဘူး။

ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ ရံွဴးထြက္ထိပဲ တက္ေရာက္ႏုိင္ခဲ့တဲ့ လီဗာပူးရမယ့္ ဆုေၾကးဟာ ကုန္ခဲ့တဲ့ ႏွစ္ရာသီ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္စဥ္ ရခ့ဲတဲ့ ဆုေၾကးေတြထက္ နည္းပါးမွာပါ။ လီဗာပူးဟာ ရံွဴးထြက္အဆင့္မွာ အက္သလက္တီကို မက္ဒရစ္ကို အေရးနိမ့္ျပီး ၁၆ သင္းအဆင့္မွာတင္ ထြက္ခ့ဲရကာ ဆုေၾကး ေပါင္ ၇၂ သန္း ဝန္းက်င္ ရမယ္လို႔ ဆြစ္ဇလန္အေျခစိုက္ အဖြဲ႔႕က ခန္႔မွန္း ေဖာ္ျပထားတယ္။

ဒါေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ ရုပ္သံေၾကး ျပန္ေပးမယ့္ အေနအထားမွာ လီဗာပူးရမယ့္ ဆုေၾကးဟာ ေပါင္ သန္း ၅၀ ဝန္းက်င္မွာပဲ ရွိမွာျဖစ္တယ္။ ဂ်ဴဗင္တပ္အၾကီးအကဲ ဥေရာပကလပ္ေတြ ရုပ္သံေၾကး ခြဲေဝျပီး ျပန္သြင္းရမယ့္ ကိစၥကို အတည္ျပဳခဲ့တာျဖစ္ကာ ၄င္းကပဲ ဥေရာပကလပ္ေတြရဲ႕ ဘ႑ာေရး အခက္အခဲရွိလာႏုိင္ေၾကာင္းကိုလည္း သတိေပးမႈ လုပ္ထားပါတယ္။

လီဗာပူးအတြက္ကေတာ့ ပရိသတ္ဝင္ေၾကး ရပ္ဆုိင္းေနသလို ပရီးမီးယားလိဂ္ ရုပ္သံေၾကး ေလ်ာ့က်မယ့္ အေျခအေနမွာ ဥေရာပဆုေၾကးပါ ေလ်ာ့နည္းသြားမွာက စိတ္ပ်က္စရာ သတင္းပဲ ျဖစ္တယ္။ မၾကာေသးခင္ကပဲ ပရီးမီးယားလိဂ္ဟာ တရုတ္နဲ႔ ရုပ္သံဆုိင္ရာ သေဘာတူညီမႈ ဖ်က္သိမ္းျခင္းေၾကာင့္လည္း လိဂ္သမိုင္းမွာ တန္ေၾကးအၾကီးဆံုး ရုပ္သံစာခ်ဳပ္ကို ဆံုးရံွဴးထားေသးတာျဖစ္ပါတယ္။