လီဗာပူးအသင်းက အပြောင်းအရွှေ့မှာ မျှော်လင့်ထားသလို မဟုတ်တဲ့ အခြေအနေကို ရင်ဆိုင်နေရတာကြောင့် ကစားသမား ရောင်းချမှုကို အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ကလပ်ဟာ အသက် ၂၃ နှစ်အရွယ် ဝေလ်းကစားသမား ဝဲလ်ဆန်ကို အရောင်းစာရင်း တင်ထားပြီး အသက် ၂၀ အရွယ် ဘရူးစတားကိုတော့ အတွေ့အကြုံတွေရဖို့ ပရီးမီးယားလိဂ်ကလပ်တစ်သင်းထံ အငှားချဖို့ ရည်ရွယ်ခဲ့တာပါ။ နှစ်ဦးလုံးကို စိတ်ဝင်စားတဲ့ ကလပ်တွေ အများအပြား ရှိခဲ့ခြင်းကြောင့် လီဗာပူးက ကမ်းလှမ်းမှုတွေလည်း စတင် ရရှိထားပါတယ်။

ဝဲလ်ဆန်အတွက် ပေါင် သန်း ၂၀ကို အနည်းဆုံးရဖို့လည်း မျှော်လင့်ထားကာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေအရ အဆိုပါ ပြောင်းရွှေ့ကြေးက မှန်ကန်တဲ့ ကြေးလို့ အသင်းဘက်က ယူဆတယ်။ ကစားသမားရဲ့ အသက်အရွယ်အရ ပုံမှန်အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့ကလည်း လိုအပ်လာခြင်းကြောင့် အပြီးသတ် ရောင်းထုတ်ဖို့ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဝဲလ်ဆန်ကို အမြင့်ဆုံး ကမ်းလှမ်းထားတဲ့ အသင်းက အက်စတွန်ဗီလာဖြစ်ကာ ပေါင် ၁၂ သန်းဖြစ်ပါတယ်။ လီဗာပူးဘက်က ပေါင် ၁၂ သန်းဆိုရင်တော့ ဘယ်လိုမှ ရောင်းထုတ်မှာ မဟုတ်ပါဘူး။

ဒီအခြေအနေမှာ လီဗာပူးက အငှားချဖို့တင် စဉ်းစားနေတဲ့ ဘရူးစတားကိုတော့ ပရီးမီးယားလိဂ်ကလပ်တွေက အပြီးသတ် ခေါ်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်။ ၎င်းတို့က ပေါင် သန်း ၂၀ ထိတောင် ပေးဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း လီဗာပူးက ဈေးကွက်မှာ ကစားသမား ရောင်းချမှုကို အပြောင်းအလဲအဖြစ် ဝဲလ်ဆန်ကို ဆက်ထိန်းပြီး ဘရူးစတားကို ရောင်းထုတ်ပေးဖို့ စတင် စဉ်းစားလာနေတာဖြစ်တယ်။

ဘရူးစတားကို ရောင်းထုတ်ရင်တော့ အလိုရှိက ပြန်လည်ခေါ်ယူခွင့်ရှိမယ့် သဘောတူညီမှုကို ထည့်သွင်းလိုတယ်။ ဘရူးစတားကို နယူးကာဆယ်က ကမ်းလှမ်းမှု လုပ်ပေမယ့်လည်း သူတို့က ကော်လမ် ဝဲလ်ဆန်နဲ့ ဖရေဆာတို့ကို ခေါ်ယူထားတာကြောင့် ပွဲထွက်ခွင့်မှာ အာမခံချက်ပေးမှာ မဟုတ်ခြင်းကြောင့် လီဗာပူးက ငြင်းဆန်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းက အေျပာင္းအေရႊ႔မွာ ေမွ်ာ္လင့္ထားသလို မဟုတ္တဲ့ အေျခအေနကို ရင္ဆိုင္ေနရတာေၾကာင့္ ကစားသမား ေရာင္းခ်မႈကို အေျပာင္းအလဲ ျပဳလုပ္ဖို႔ စီစဥ္ေနပါတယ္။

ကလပ္ဟာ အသက္ ၂၃ ႏွစ္အရြယ္ ေဝလ္းကစားသမား ဝဲလ္ဆန္ကို အေရာင္းစာရင္း တင္ထားျပီး အသက္ ၂၀ အရြယ္ ဘရူးစတားကိုေတာ့ အေတြ႔အၾကံဳေတြရဖို႔ ပရီးမီးယားလိဂ္ကလပ္တစ္သင္းထံ အငွားခ်ဖို႔ ရည္ရြယ္ခဲ့တာပါ။ ႏွစ္ဦးလံုးကို စိတ္ဝင္စားတဲ့ ကလပ္ေတြ အမ်ားအျပား ရွိခဲ့ျခင္းေၾကာင့္ လီဗာပူးက ကမ္းလွမ္းမႈေတြလည္း စတင္ ရရွိထားပါတယ္။

ဝဲလ္ဆန္အတြက္ ေပါင္ သန္း ၂၀ကို အနည္းဆံုးရဖို႔လည္း ေမွ်ာ္လင့္ထားကာ ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းနဲ႔ ပရီးမီးယားလိဂ္ကလပ္ ဘုန္းေမာက္အသင္းေတြမွာ ျပသခဲ့တဲ့ ေျခစြမ္းေတြအရ အဆိုပါ ေျပာင္းေရႊ႔ေၾကးက မွန္ကန္တဲ့ ေၾကးလို႔ အသင္းဘက္က ယူဆတယ္။ ကစားသမားရဲ႕ အသက္အရြယ္အရ ပံုမွန္အသင္းနဲ႔အတူ ပြဲထြက္ခြင့္ရဖို႔ကလည္း လိုအပ္လာျခင္းေၾကာင့္ အျပီးသတ္ ေရာင္းထုတ္ဖို႔ လုပ္ေဆာင္ေနျခင္း ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ဝဲလ္ဆန္ကို အျမင့္ဆံုး ကမ္းလွမ္းထားတဲ့ အသင္းက အက္စတြန္ဗီလာျဖစ္ကာ ေပါင္ ၁၂ သန္းျဖစ္ပါတယ္။ လီဗာပူးဘက္က ေပါင္ ၁၂ သန္းဆိုရင္ေတာ့ ဘယ္လိုမွ ေရာင္းထုတ္မွာ မဟုတ္ပါဘူး။

ဒီအေျခအေနမွာ လီဗာပူးက အငွားခ်ဖို႔တင္ စဥ္းစားေနတဲ့ ဘရူးစတားကိုေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြက အျပီးသတ္ ေခၚႏုိင္ဖို႔ အျပိဳင္အဆိုင္ ၾကိဳးစားေနၾကတယ္။ ၄င္းတို႔က ေပါင္ သန္း ၂၀ ထိေတာင္ ေပးဖို႔ အဆင္သင့္ျဖစ္ေနၾကပါတယ္။ ဒါေၾကာင့္လည္း လီဗာပူးက ေစ်းကြက္မွာ ကစားသမား ေရာင္းခ်မႈကို အေျပာင္းအလဲအျဖစ္ ဝဲလ္ဆန္ကို ဆက္ထိန္းျပီး ဘရူးစတားကို ေရာင္းထုတ္ေပးဖို႔ စတင္ စဥ္းစားလာေနတာျဖစ္တယ္။

ဘရူးစတားကို ေရာင္းထုတ္ရင္ေတာ့ အလိုရွိက ျပန္လည္ေခၚယူခြင့္ရွိမယ့္ သေဘာတူညီမႈကို ထည့္သြင္းလိုတယ္။ ဘရူးစတားကို နယူးကာဆယ္က ကမ္းလွမ္းမႈ လုပ္ေပမယ့္လည္း သူတို႔က ေကာ္လမ္ ဝဲလ္ဆန္နဲ႔ ဖေရဆာတို႔ကို ေခၚယူထားတာေၾကာင့္ ပြဲထြက္ခြင့္မွာ အာမခံခ်က္ေပးမွာ မဟုတ္ျခင္းေၾကာင့္ လီဗာပူးက ျငင္းဆန္ခဲ့ပါတယ္။