ဘရူးစတားကို အပြီးသတ် ခေါ်ယူလိုတဲ့ ကလပ်တွေ များနေပြီး လီဗာပူးကတော့ အင်္ဂလန်တိုက်စစ်သမားကို ရောင်းထုတ်ခဲ့ရင်လည်း စာချုပ်မှာ အလိုရှိက ပြန်လည် ခေါ်ယူခွင့် သဘောတူညီချက် ထည့်သွင်းလိုနေပါတယ်။

ဝေလ်းကစားသမား ဝဲလ်ဆန်ဟာ လက်ရွေးစင်ကနေ ပြန်ရောက်လာပြီးနောက် ဒီကနေ့ မဲဝုဒ်မှာ ပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ စတင် ပူးပေါင်း ပါဝင်သွားပါတယ်။

အသက် ၂၃ နှစ်အရွယ် ဝေလ်းကစားသမား ဝဲလ်ဆန်ကို အရောင်းစာရင်း တင်ထားပြီး သူ့ကို အမြင့်ဆုံး ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းထားတဲ့ အသင်းက အက်စတွန်ဗီလာဖြစ်ကာ ပေါင် ၁၂ သန်းဖြစ်ပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်တွေဖြစ်တဲ့ Fabrizio Romano နဲ့ Christian Falk တို့ကတော့ လီဗာပူးနဲ့ သီယေဂိုတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စက အခြေအနေကောင်းနေပြီး ဘိုင်ယန်က အပြီးသတ်ကိစ္စတွေ ညိနှိုင်းနိုင်ဖို့ သီယေဂိုကို ခွင့်ရက်ပေးခဲ့ပြီလို့ ဖော်ပြလာကြပါတယ်။

ယူအီးအက်ဖ်အေက မနှစ်ကရာသီ ဥရောပပြိုင်ပွဲတွေကနေ ရုပ်သံကြေး ပေါင် ၅၁၈ သန်း ဖြတ်တောက်မှာဖြစ်ကာ ဒီငွေကြေးတွေကို ဥရောပပြိင်ပွဲဝင် ကလပ်တွေ မျှဝေပြီး ဖြတ်တောက်ခံရမှာဖြစ်ပါတယ်။ လီဗာပူး အပါအဝင် ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းတွေက ဆုကြေး ပေါင် သန်း ၂၀ စီလောက် လျော့နည်းရရှိဖွယ်ရှိတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က ရာသီသစ်အတွက် အမှတ်ပေးဖလား အနိုင်ရဖို့ ရေပန်းစားမှုမှာ လီဗာပူးက ထိပ်ဆုံးက ဆက်ရှိနေပေမယ့် ဗန်ဒိုက်နဲ့ ဆာလက်လို အဓိကကစားသမား ဒဏ်ရာရရင် အခြေပျက်မယ့် အားနည်းချက်လည်း ရှိနေတယ်လို့ ဆိုသွားပါတယ်။

နော်ဝစ်အစွန်လူ လူးဝစ်ဟာ နယူးကာဆယ်နဲ့ ဆေးစစ်မှု ခံယူတော့မှာဖြစ်ကာ သူ့ရဲ့ ပြောင်းရွှေ့ကြေးက စုစုပေါင်း ပေါင် ၁၅ သန်း ကျင်သင့်မယ်လို့ သိရပါတယ်။

ချယ်ဆီးမန်နေဂျာ လမ်းပတ်က မနှစ်တုန်းက အန်ဖီးကွင်းမှာ ယာဂင်ကလော့ပ်နဲ့ ထိပ်တိုက်တွေ့ခဲ့စဉ် သူလုပ်ခဲ့တဲ့ ရိုင်းပျတဲ့ အပြုအမှုအတွက် နောင်တရပါကြောင်း ဝန်ခံလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဆောင်းနက်က ဒီရာသီဟာ မနှစ်တုန်းကလို မဟုတ်ဘဲ ခက်ခဲမယ့် ဘောလုံးရာသီ ဖြစ်လာနိုင်ပေမယ့် လိဂ်ချန်ပီယံအဖြစ် လီဗာပူး ဆက်လက် အနိုင်ရဦးမယ်လို့ ယုံကြည်နေပြီး လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်၊ ချယ်ဆီး အသင်း ၄ သင်းကပဲ ထိပ်ဆုံးအဆင့်နေရာတွေအတွက် ပြိုင်ဆိုင်ကြပါလိမ့်မယ်လို့ သုံးသပ် ပြောဆိုပါသေးတယ်။

ZAWGYI

ဘရူးစတားကို အျပီးသတ္ ေခၚယူလိုတဲ့ ကလပ္ေတြ မ်ားေနျပီး လီဗာပူးကေတာ့ အဂၤလန္တိုက္စစ္သမားကို ေရာင္းထုတ္ခဲ့ရင္လည္း စာခ်ဳပ္မွာ အလိုရွိက ျပန္လည္ ေခၚယူခြင့္ သေဘာတူညီခ်က္ ထည့္သြင္းလိုေနပါတယ္။

ေဝလ္းကစားသမား ဝဲလ္ဆန္ဟာ လက္ေရြးစင္ကေန ျပန္ေရာက္လာျပီးေနာက္ ဒီကေန႔ မဲဝုဒ္မွာ ျပဳလုပ္တဲ့ အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ စတင္ ပူးေပါင္း ပါဝင္သြားပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေဝလ္းကစားသမား ဝဲလ္ဆန္ကို အေရာင္းစာရင္း တင္ထားျပီး သူ႔ကို အျမင့္ဆံုး ေျပာင္းေရႊ႔ေၾကးျဖင့္ ကမ္းလွမ္းထားတဲ့ အသင္းက အက္စတြန္ဗီလာျဖစ္ကာ ေပါင္ ၁၂ သန္းျဖစ္ပါတယ္။

အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ေတြျဖစ္တဲ့ Fabrizio Romano နဲ႔ Christian Falk တို႔ကေတာ့ လီဗာပူးနဲ႔ သီေယဂိုတို႔ရဲ႕ အေျပာင္းအေရႊ႔ ကိစၥက အေျခအေနေကာင္းေနျပီး ဘိုင္ယန္က အျပီးသတ္ကိစၥေတြ ညိႏိႈင္းႏုိင္ဖို႔ သီေယဂိုကို ခြင့္ရက္ေပးခဲ့ျပီလို႔ ေဖာ္ျပလာၾကပါတယ္။

ယူအီးအက္ဖ္ေအက မႏွစ္ကရာသီ ဥေရာပျပိဳင္ပြဲေတြကေန ရုပ္သံေၾကး ေပါင္ ၅၁၈ သန္း ျဖတ္ေတာက္မွာျဖစ္ကာ ဒီေငြေၾကးေတြကို ဥေရာပျပိင္ပြဲဝင္ ကလပ္ေတြ မွ်ေဝျပီး ျဖတ္ေတာက္ခံရမွာျဖစ္ပါတယ္။ လီဗာပူး အပါအဝင္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲဝင္ ကလပ္အသင္းေတြက ဆုေၾကး ေပါင္ သန္း ၂၀ စီေလာက္ ေလ်ာ့နည္းရရွိဖြယ္ရွိတယ္။

ယူႏုိက္တက္ ကစားသမားေဟာင္း ရီယို ဖာဒီနန္က ရာသီသစ္အတြက္ အမွတ္ေပးဖလား အႏုိင္ရဖို႔ ေရပန္းစားမႈမွာ လီဗာပူးက ထိပ္ဆံုးက ဆက္ရွိေနေပမယ့္ ဗန္ဒိုက္နဲ႔ ဆာလက္လို အဓိကကစားသမား ဒဏ္ရာရရင္ အေျခပ်က္မယ့္ အားနည္းခ်က္လည္း ရွိေနတယ္လို႔ ဆိုသြားပါတယ္။

ေနာ္ဝစ္အစြန္လူ လူးဝစ္ဟာ နယူးကာဆယ္နဲ႔ ေဆးစစ္မႈ ခံယူေတာ့မွာျဖစ္ကာ သူ႔ရဲ႕ ေျပာင္းေရႊ႔ေၾကးက စုစုေပါင္း ေပါင္ ၁၅ သန္း က်င္သင့္မယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က မႏွစ္တုန္းက အန္ဖီးကြင္းမွာ ယာဂင္ကေလာ့ပ္နဲ႔ ထိပ္တိုက္ေတြ႔ခဲ့စဥ္ သူလုပ္ခဲ့တဲ့ ရိုင္းပ်တဲ့ အျပဳအမႈအတြက္ ေနာင္တရပါေၾကာင္း ဝန္ခံလိုက္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ေဆာင္းနက္က ဒီရာသီဟာ မႏွစ္တုန္းကလို မဟုတ္ဘဲ ခက္ခဲမယ့္ ေဘာလံုးရာသီ ျဖစ္လာႏုိင္ေပမယ့္ လိဂ္ခ်န္ပီယံအျဖစ္ လီဗာပူး ဆက္လက္ အႏုိင္ရဦးမယ္လို႔ ယံုၾကည္ေနျပီး လီဗာပူး၊ မန္စီးတီး၊ ယူႏုိက္တက္၊ ခ်ယ္ဆီး အသင္း ၄ သင္းကပဲ ထိပ္ဆံုးအဆင့္ေနရာေတြအတြက္ ျပိဳင္ဆုိင္ၾကပါလိမ့္မယ္လို႔ သံုးသပ္ ေျပာဆိုပါေသးတယ္။