လီဗာပူးလူငယ်လေး ထရန့်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ဘဝတူကစားသမားတွေ ရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဘောလုံးရာသီတစ်ခုအတွင်း ဂုဏ်သိက္ခာအရှိဆုံးသော PFA Players’ Player of the Year award ကိုတော့ မန်စီးတီးက ဒီဘရိုင်းက အနိုင်ရခဲ့တယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီဘရိုင်းကို ဂုဏ်ပြုစကား ပြောဆိုခဲ့ပြီး မင်းနဲ့ ထိုက်တန်လွန်းတဲ့ ဆုပါလို့ ချီးကျူးခဲ့ပါတယ်။

ဟန်ဒါဆန်၊ ထရန့်၊ မာနေး၊ ရော်ဘတ်ဆန် နဲ့ ဗန်ဒိုက်တို့ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းထဲမှာ ပါဝင်သွားခဲ့ပါတယ်။

ဘောလုံးအသင်းတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကို သုံးသပ်သူတွေကတော့ FSG နဲ့ ယာဂင်ကလော့ပ်တို့ရဲ့ နွေဈေးကွက်မှာ ဂရုစိုက်နေတဲ့ အနေအထားရဲ့ သက်ရောက်မှုကို လာမယ့် ရာသီတွေမှာ မြင်ရမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအကယ်ဒမီထွက် ဝုဗ်အသင်းခေါင်းဆောင် ကုတ်ဒီဟာ အင်္ဂလန်နဲ့ ဒိန်းမတ်တို့ ယှဉ်ပြိုင်ကစားတဲ့ လက်ရွေးစင်ပွဲမှာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးသော လက်ရွေးစင်အတွက် ကိုယ်စားပြုမှုကို လုပ်သွားနိုင်ပါတယ်။

လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်ရဲ့ လီဗာပူးကစားသမားဘဝ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေကို အောင်မြင်ခဲ့တဲ့ အကြောင်း ရေးသားထားတဲ့ ‘Now You’re Gonna Believe Us’ စာအုပ် ထွက်ရှိလာပြီဖြစ်ပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းကို ရောက်လာနိုင်တဲ့ ကစားသမားတွေထဲမှာ အလားအလာအကောင်းဆုံးက ဝတ်ဖိုဒ့်က ဆာနဲ့ ဘိုင်ယန်မှ သီယေဂိုတို့ ဖြစ်ကြတယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

စက်တင်ဘာလအတွင်း ကစားမယ့် ပရီးမီးယားလိဂ်ပွဲ ၂၈ ပွဲလုံးကို ဗြိတိန်မှာ တိုက်ရိုက် ထုတ်လွင့်ပြသမယ်လို့ အတည်ပြုပါတယ်။ ဒီရာသီမှာတော့ ပွဲအများအပြားကို တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ကြောင်း သိထားရတာပါ။

ZAWGYI

လီဗာပူးလူငယ္ေလး ထရန္႔ဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ ဘဝတူကစားသမားေတြ ေရြးခ်ယ္တဲ့ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုး လူငယ္ဆုကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။

ေဘာလံုးရာသီတစ္ခုအတြင္း ဂုဏ္သိကၡာအရွိဆံုးေသာ PFA Players’ Player of the Year award ကိုေတာ့ မန္စီးတီးက ဒီဘရိုင္းက အႏုိင္ရခဲ့တယ္။ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဒီဘရိုင္းကို ဂုဏ္ျပဳစကား ေျပာဆိုခဲ့ျပီး မင္းနဲ႔ ထိုက္တန္လြန္းတဲ့ ဆုပါလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဟန္ဒါဆန္၊ ထရန္႔၊ မာေနး၊ ေရာ္ဘတ္ဆန္ နဲ႔ ဗန္ဒိုက္တို႔ဟာ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးအသင္းထဲမွာ ပါဝင္သြားခဲ့ပါတယ္။

ေဘာလံုးအသင္းေတြရဲ႕ ဘ႑ာေရးဆိုင္ရာ ကိစၥေတြကို သံုးသပ္သူေတြကေတာ့ FSG နဲ႔ ယာဂင္ကေလာ့ပ္တို႔ရဲ႕ ေႏြေစ်းကြက္မွာ ဂရုစိုက္ေနတဲ့ အေနအထားရဲ႕ သက္ေရာက္မႈကို လာမယ့္ ရာသီေတြမွာ ျမင္ရမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအကယ္ဒမီထြက္ ဝုဗ္အသင္းေခါင္းေဆာင္ ကုတ္ဒီဟာ အဂၤလန္နဲ႔ ဒိန္းမတ္တို႔ ယွဥ္ျပိဳင္ကစားတဲ့ လက္ေရြးစင္ပြဲမွာ သူ႔ရဲ႕ ကစားသမားဘဝ ပထမဆံုးေသာ လက္ေရြးစင္အတြက္ ကိုယ္စားျပဳမႈကို လုပ္သြားႏုိင္ပါတယ္။

လီဗာပူး ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ရဲ႕ လီဗာပူးကစားသမားဘဝ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ဆုဖလားေတြကို ေအာင္ျမင္ခဲ့တဲ့ အေၾကာင္း ေရးသားထားတဲ့ ‘Now You’re Gonna Believe Us’ စာအုပ္ ထြက္ရွိလာျပီျဖစ္ပါတယ္။

ဒီေႏြမွာ လီဗာပူးအသင္းကို ေရာက္လာႏုိင္တဲ့ ကစားသမားေတြထဲမွာ အလားအလာအေကာင္းဆံုးက ဝတ္ဖိုဒ့္က ဆာနဲ႔ ဘိုင္ယန္မွ သီေယဂိုတို႔ ျဖစ္ၾကတယ္လို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

စက္တင္ဘာလအတြင္း ကစားမယ့္ ပရီးမီးယားလိဂ္ပြဲ ၂၈ ပြဲလံုးကို ျဗိတိန္မွာ တိုက္ရိုက္ ထုတ္လြင့္ျပသမယ္လို႔ အတည္ျပဳပါတယ္။ ဒီရာသီမွာေတာ့ ပြဲအမ်ားအျပားကို တိုက္ရိုက္ ထုတ္လႊင့္မွာ မဟုတ္ေၾကာင္း သိထားရတာပါ။