၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ညာအစွန်လူ ထရန့်က ရရှိသွားပါတယ်။

ထရန့်ဟာ ဒီဆုကိုတော့ ယူနိုက်တက်၊ ချယ်ဆီးနဲ့ အာဆင်နယ်မှ လူငယ်တွေကို ကျော်ပြီး အနိုင်ရခဲ့ခြင်းဖြစ်တယ်။ လီဗာပူးအသင်းအတွက်တော့ ၂၀၀၁ ခုနှစ်တုန်းက စတီဗင်ဂျရတ် အနိုင်ရပြီးနောက်ပိုင်း PFA အကောင်းဆုံး လူငယ်ဆုကို အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

ထရန့်က ” ပထမဆုံးအနေနဲ့ ကျနော်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ဒီဆုကို လက်ခံရဖို့အတွက် သူတို့တွေက ကျနော်ကို ကူညီပေးခဲ့ကြတယ်။ သူတို့ မရှိပါဘဲ ကျနော် ဆုကို လက်ခံယူဖို့ ဒီနေရာမှာ ရှိနေမှာ မဟုတ်ပါဘူး။

ကျနော်တို့ကို အနိုင်ယူသွားခဲ့ကြချိန်မှာလည်း သူတို့က ကျနော်နောက်မှာ ဆက်လက် ရပ်တည်ပေးခဲ့ကာ ကျနော်ကို ဆက်ပြီး အာရုံစိုက်ဖို့ ကူညီပေးခဲ့တယ်။ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ၁၀ နှစ် ၁၂ နှစ်သားအရွယ် လီဗာပူးကို ရောက်လာကတည်းက အကယ်ဒမီမှာ ကျနော်ကို ကူညီခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်တယ်။ ဒီခရီးရှည်ကြီးကို ရောက်လာဖို့ရာ ကျနော်ကို အများကြီး ကူညီပေးခဲ့ကြပါတယ်။

ကျနော် ကစားသမားဘဝရဲ့ လူငယ်ဘဝကို အကယ်ဒမီမှာပဲ သွားလိုက် ပြန်လိုက်နဲ့ အချိန် ကုန်ဆုံးခဲ့တာပါ။ ဒီတော့ ဒီကနေ့ ကျနော်ရယ်လို့ ဖြစ်လာဖို့ ကူညီပေးခဲ့ကြသူတွေကို ကျေးဇူးတင်တယ်။ နည်းပြအဖွဲ့ဝင်တွေ၊ မန်နေဂျာ အသင်းဖော်တွေကိုလည်း သိပ် ကျေးဇူးတင်ပါတယ်။ သူတို့မရှိဘဲ ဒီဆုကို ကျနော်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အသင်းအနေနဲ့ ကျနေ်ာတို့ အတူအောင်မြင်ခဲ့ကြတာက မယုံနိုင်လောက်စရာပါပဲ။ များစွာသော အခိုက်အတန့်ကောင်းတွေ ထပ်ရလာဖို့ မျှော်လင့်ပါတယ်။ ဒီလို ဆုက ကိုယ်နဲ့ ရင်ဆိုင်ကစားပြီး ကွင်းထဲမှာ ပြသတဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ကိုယ်ကို အထင်ကြီး လေးစားသူတွေက မဲပေးခြင်းကြောင့် ရတာပါ။

ကျနော်ကို မဲပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုကို လက်ခံရတာက ကျနော်အတွက် ကြီးမားတဲ့ ဆုလာဘ်ပါပဲ။ ဘယ်တော့မှ မမေ့နိုင်မယ့် အရာလည်း ဖြစ်ပါတယ် ” လို့ ဆုလက်ခံယူရာမှာ ပြောဆိုခဲ့ပါတယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုး လူငယ္ကစားသမားဆုကိုေတာ့ ညာအစြန္လူ ထရန္႔က ရရွိသြားပါတယ္။

ထရန္႔ဟာ ဒီဆုကိုေတာ့ ယူႏုိက္တက္၊ ခ်ယ္ဆီးနဲ႔ အာဆင္နယ္မွ လူငယ္ေတြကို ေက်ာ္ျပီး အႏုိင္ရခဲ့ျခင္းျဖစ္တယ္။ လီဗာပူးအသင္းအတြက္ေတာ့ ၂၀၀၁ ခုႏွစ္တုန္းက စတီဗင္ဂ်ရတ္ အႏုိင္ရျပီးေနာက္ပိုင္း PFA အေကာင္းဆံုး လူငယ္ဆုကို အႏုိင္ရခဲ့ျခင္းျဖစ္ပါတယ္။

ထရန္႔က ” ပထမဆံုးအေနနဲ႔ က်ေနာ္ရဲ႕ မိသားစုနဲ႔ သူငယ္ခ်င္းေတြကို ေက်းဇူးတင္ပါတယ္။ ဒီဆုကို လက္ခံရဖို႔အတြက္ သူတို႔ေတြက က်ေနာ္ကို ကူညီေပးခဲ့ၾကတယ္။ သူတုိ႔ မရွိပါဘဲ က်ေနာ္ ဆုကို လက္ခံယူဖို႔ ဒီေနရာမွာ ရွိေနမွာ မဟုတ္ပါဘူး။

က်ေနာ္တို႔ကို အႏုိင္ယူသြားခဲ့ၾကခ်ိန္မွာလည္း သူတို႔က က်ေနာ္ေနာက္မွာ ဆက္လက္ ရပ္တည္ေပးခဲ့ကာ က်ေနာ္ကို ဆက္ျပီး အာရံုစိုက္ဖို႔ ကူညီေပးခဲ့တယ္။ အဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ ၁၀ ႏွစ္ ၁၂ ႏွစ္သားအရြယ္ လီဗာပူးကို ေရာက္လာကတည္းက အကယ္ဒမီမွာ က်ေနာ္ကို ကူညီခဲ့ၾကသူေတြကိုလည္း ေက်းဇူးတင္တယ္။ ဒီခရီးရွည္ၾကီးကို ေရာက္လာဖို႔ရာ က်ေနာ္ကို အမ်ားၾကီး ကူညီေပးခဲ့ၾကပါတယ္။

က်ေနာ္ ကစားသမားဘဝရဲ႕ လူငယ္ဘဝကို အကယ္ဒမီမွာပဲ သြားလိုက္ ျပန္လိုက္နဲ႔ အခ်ိန္ ကုန္ဆံုးခဲ့တာပါ။ ဒီေတာ့ ဒီကေန႔ က်ေနာ္ရယ္လို႔ ျဖစ္လာဖို႔ ကူညီေပးခဲ့ၾကသူေတြကို ေက်းဇူးတင္တယ္။ နည္းျပအဖြဲ႔ဝင္ေတြ၊ မန္ေနဂ်ာ အသင္းေဖာ္ေတြကိုလည္း သိပ္ ေက်းဇူးတင္ပါတယ္။ သူတို႔မရွိဘဲ ဒီဆုကို က်ေနာ္ရဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။

အသင္းအေနနဲ႔ က်ေန္ာတို႔ အတူေအာင္ျမင္ခဲ့ၾကတာက မယံုႏုိင္ေလာက္စရာပါပဲ။ မ်ားစြာေသာ အခိုက္အတန္႔ေကာင္းေတြ ထပ္ရလာဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီလို ဆုက ကိုယ္နဲ႔ ရင္ဆိုင္ကစားျပီး ကြင္းထဲမွာ ျပသတ့ဲ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ ကိုယ္ကို အထင္ၾကီး ေလးစားသူေတြက မဲေပးျခင္းေၾကာင့္ ရတာပါ။

က်ေနာ္ကုိ မဲေပးၾကသူေတြ အားလံုးကို ေက်းဇူးတင္ပါတယ္။ ဒီဆုကို လက္ခံရတာက က်ေနာ္အတြက္ ၾကီးမားတဲ့ ဆုလာဘ္ပါပဲ။ ဘယ္ေတာ့မွ မေမ့ႏုိင္မယ့္ အရာလည္း ျဖစ္ပါတယ္ ” လို႔ ဆုလက္ခံယူရာမွာ ေျပာဆိုခဲ့ပါတယ္။