ယူနိုက်တက်ကစားသမားဟောင်း ရွိုင်းကိန်းက ပရီးမီးယားလိဂ်ရဲ့ အဓိက မေးခွန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ သူနဲ့ ပေါလ်စခိုး၊ ဂျရတ်၊ လမ်းပတ်ကြား နှိုင်းယှဉ်မှုတွေကို တုန့်ပြန်လိုက်ပါတယ်။

ရွိုင်းကိန်းဟာ ပရီးမီးယားလိဂ် ခေတ်ဦးပိုင်း ခေါင်းဆောင်တွေထဲ ပါဝင်ခဲ့သူဖြစ်ကာ ဂျရတ်တိုကတော့ ဒုတိယမျိုးဆက်လို့ ခေါ်ယူနိုင်ကြသူတွေပါ။ ရွိုင်ကိန်းက သူနဲ့ ဂျရတ်၊ လမ်းပတ်တို့ မျိုးဆက်ကြားမှာ ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းနဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။

အိုင်ယာလန် သတင်းဌာနကို ရွိုင်ကိန်းက ဖြေဆိုပေးရာမှာ ” လူတွေက ကျနော်ကို ပေါလ်စခိုး၊ ဂျရတ်၊ လမ်းပတ်လို ကစားသမားတွေနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုမှုတွေ လုပ်ကြပါတယ်။ ဒီကစားသမားတွေက ကျနော်ထက် ပိုကောင်းတဲ့ သူတွေပါဆိုတဲ့ အမြင်တွေကိုပေါ့။

သူတို့တွေက သက်ဆိုင်ရာအသင်းတွေမှာ ကျနော်ထက် လွှမ်းမိုးမှု ပိုကြီးမားတဲ့ ကစားသမားတွေဖြစ်ခဲ့တယ်လို့ မပြောပါဘူး။ ကျနော်က ဒီကစားသမားတွေနဲ့ နှိုင်းယှဉ်နိုင်လောက်သူလည်း မဟုတ်ဘူး။ ဟုတ်ပါတယ်။ သူတို့က ကျနော်ထက် ပိုကောင်းတဲ့ ကစားသမားတွေပါ။ အဲ့အတွက်ကိုလည်း ယုံမှားသံသယ မရှိပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာ လီဗာပူးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ၁၇ ရာသီအတွင်း ပွဲပေါင်း ၇၁၀ ပွဲ ကစားပေးခဲ့သူပါ။ သူဟာ လီဗာပူးအတွက် ဆုဖလား ၉ လုံး အနိုင်ယူပေးခဲ့ကာ ၂၀၀၄-၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဖလားကတော့ သမိုင်းဝင် ဆုဖလားပဲ ဖြစ်ပါတယ်။

စတီဗင်ဟာ သူ့ရဲ့ ဦးဆောင်နိုင်စွမ်း၊ စွမ်းဆောင်ရည်ကောင်း အတွက်တွေတင် မဟုတ်ဘဲ လီဗာပူးအပေါ်ထားတဲ့ သူ့ရဲ့ သစ္စာရှိမှုကြောင့်ပါ လေးစားခံခဲ့ရသူဖြစ်တယ်။ ၂၀၁၈ မှာတော့ လီဗာပူးကနေ ထွက်ခွာခဲ့ပြီး လက်ရှိမှာ ရိန်းဂျားအသင်းကို ကိုင်တွယ်နေကာ တစ်ရက်မှာ လီဗာပူးအသင်းကို မန်နေဂျာအဖြစ် တာဝန်ယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသူဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ကစားသမားေဟာင္း ရိြဳင္းကိန္းက ပရီးမီးယားလိဂ္ရဲ႕ အဓိက ေမးခြန္းၾကီးေတြထဲက တစ္ခုျဖစ္တဲ့ သူနဲ႔ ေပါလ္စခိုး၊ ဂ်ရတ္၊ လမ္းပတ္ၾကား ႏိႈင္းယွဥ္မႈေတြကို တုန္႔ျပန္လုိက္ပါတယ္။

ရိြဳင္းကိန္းဟာ ပရီးမီးယားလိဂ္ ေခတ္ဦးပိုင္း ေခါင္းေဆာင္ေတြထဲ ပါဝင္ခဲ့သူျဖစ္ကာ ဂ်ရတ္တိုကေတာ့ ဒုတိယမ်ိဳးဆက္လို႔ ေခၚယူႏုိင္ၾကသူေတြပါ။ ရိြဳင္ကိန္းက သူနဲ႔ ဂ်ရတ္၊ လမ္းပတ္တို႔ မ်ိဳးဆက္ၾကားမွာ ဘယ္သူပိုေကာင္းသလဲဆိုတဲ့ ေမးခြန္းနဲ႔ ပက္သက္ျပီး ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာပါတယ္။

အိုင္ယာလန္ သတင္းဌာနကို ရိြဳင္ကိန္းက ေျဖဆိုေပးရာမွာ ” လူေတြက က်ေနာ္ကို ေပါလ္စခိုး၊ ဂ်ရတ္၊ လမ္းပတ္လို ကစားသမားေတြနဲ႔ ႏိႈင္းယွဥ္ျပီး ေျပာဆိုမႈေတြ လုပ္ၾကပါတယ္။ ဒီကစားသမားေတြက က်ေနာ္ထက္ ပိုေကာင္းတဲ့ သူေတြပါဆိုတဲ့ အျမင္ေတြကိုေပါ့။

သူတို႔ေတြက သက္ဆုိင္ရာအသင္းေတြမွာ က်ေနာ္ထက္ လႊမ္းမိုးမႈ ပိုၾကီးမားတဲ့ ကစားသမားေတြျဖစ္ခဲ့တယ္လို႔ မေျပာပါဘူး။ က်ေနာ္က ဒီကစားသမားေတြနဲ႔ ႏိႈင္းယွဥ္ႏုိင္ေလာက္သူလည္း မဟုတ္ဘူး။ ဟုတ္ပါတယ္။ သူတို႔က က်ေနာ္ထက္ ပိုေကာင္းတဲ့ ကစားသမားေတြပါ။ အဲ့အတြက္ကိုလည္း ယံုမွားသံသယ မရွိပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ဟာ လီဗာပူးအကယ္ဒမီကေန ေပၚထြက္လာခ့ဲျပီး ၁၇ ရာသီအတြင္း ပြဲေပါင္း ၇၁၀ ပြဲ ကစားေပးခဲ့သူပါ။ သူဟာ လီဗာပူးအတြက္ ဆုဖလား ၉ လံုး အႏုိင္ယူေပးခဲ့ကာ ၂၀၀၄-၂၀၀၅ ခုႏွစ္ ခ်န္ပီယံလိဂ္ဖလားကေတာ့ သမိုင္းဝင္ ဆုဖလားပဲ ျဖစ္ပါတယ္။

စတီဗင္ဟာ သူ႔ရဲ႕ ဦးေဆာင္ႏုိင္စြမ္း၊ စြမ္းေဆာင္ရည္ေကာင္း အတြက္ေတြတင္ မဟုတ္ဘဲ လီဗာပူးအေပၚထားတဲ့ သူ႔ရဲ႕ သစၥာရွိမႈေၾကာင့္ပါ ေလးစားခံခဲ့ရသူျဖစ္တယ္။ ၂၀၁၈ မွာေတာ့ လီဗာပူးကေန ထြက္ခြာခဲ့ျပီး လက္ရွိမွာ ရိန္းဂ်ားအသင္းကို ကိုင္တြယ္ေနကာ တစ္ရက္မွာ လီဗာပူးအသင္းကို မန္ေနဂ်ာအျဖစ္ တာဝန္ယူႏုိင္ဖို႔ စိတ္ပိုင္းျဖတ္ထားသူျဖစ္ပါတယ္။