ယာဂင်ကလောပ့်နဲ့ ဝိုက်နယ်ဒမ်တို့ဟာ ဒီကနေ့မှာတော့ ကစားသမားရဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လိုမှု ကိစ္စအား ဆွေးနွေးစကားပြောသွားမှာဖြစ်ကြောင်း The Times မှ လီဗာပူးသတင်းထောက် Paul Joyce က အတည်ပြုလိုက်ပါတယ်။

ဘာစီလိုနာ မန်နေဂျာကိုးမန်းက လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဖို့ နီးစပ်နေပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရဖြစ်ထားတဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဒီကနေ့မှာတော့ လက်ရွေးစင်အသင်းကနေ မဲဝုဒ်ကို ပြန်လာမယ့် ဝိုက်နယ်ဒမ်က သူ့ရဲ့ အနာဂတ်အတွက် ကလော့ပ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်ဟာ လက်ကျန် ၁ နှစ်ကို လီဗာပူးမှာ ဆက်နေမလား၊ ဘာစီလိုနာကို ပြောင်းမလားဆိုတာအတွက်ပဲ ဦးတည် ဆွေးနွေးသွားမှာဖြစ်တယ်။ မနှစ်က စာချုပ်သစ်ကိစ္စ ညိနှိုင်းမှုမှာ အဆင်မပြေခဲ့မှုတွေအရ လီဗာပူးအသင်းနဲ့ ဝိုက်နယ်ဒမ်တို့ဟာ စာချုပ်သစ်ကို ချုပ်ဆိုသွားကြတော့မှာ မဟုတ်ပါဘူး။

နယ်သာလန်သားရဲ့ ကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်းမှာ စည်းကမ်းကောင်းမှု၊ ဖိအားတွေအောက်မှာ ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းခြင်းကို အကောင်းဆုံး လုပ်ဆောင်နိုင်မှုတွေကြောင့် ကလော့ပ်ဟာ သူ့ကို အရမ်းသဘောကျထားတယ်။ ကိုးမန်းကလည်း ဘာစီလိုနာရဲ့ ပြန်လည် တည်ဆောက်မှုမှာ ကြံ့ခိုင်သန်မာပြီး နည်းစနစ်ကောင်းတဲ့ ဝိုက်နယ်ဒမ်ကို ပထမဆုံး ခေါ်ယူမှုတွေအဖြစ် လက်မှတ်ထိုးလိုပါတယ်။

လီဗာပူးအသင်းဟာ ဝိုက်နယ်ဒမ်ကို လက်လွတ်ရရင်လည်း ကွင်းလယ်လူ အင်အား တောင့်တင်းနေဆဲပါ။ သို့ပေမယ့် ကွင်းလယ်လူသစ်အဖြစ် ဘိုင်ယန်မှ သီယေဂို အယ်ကန်တာရာကို တိုက်ရိုက် အစားထိုးဖို့ လှုပ်ရှားမှာဖြစ်တယ်။ စာချုပ် ၁၂ လပဲ ကျန်ရှိတော့တဲ့ စပိန်သားကို လီဗာပူးက ခေါ်ယူဖို့ရာမှာ ပေါင် ၂၆ သန်း ဝန်းကျင်ပေးရမှာဖြစ်ပါတယ်။

ရာသီသစ်မှာတော့ လီဗာပူးလူစာရင်းအတွင်း ဝိုက်နယ်ဒမ် ဆက်ရှိမယ်ဆိုရင် သီယေဂို ရောက်လာမှာ မဟုတ်သလို သီယေဂို ရောက်လာခဲ့ရင်တော့ ဝိုက်နယ်ဒမ် ထွက်ခွာသွားလို့ပဲ ဖြစ်လာပါလိမ့်မယ်။

ZAWGYI

ယာဂင္ကေလာပ့္နဲ႔ ဝိုက္နယ္ဒမ္တို႔ဟာ ဒီကေန႔မွာေတာ့ ကစားသမားရဲ႕ ဘာစီလိုနာကို ေျပာင္းေရႊ႔လိုမႈ ကိစၥအား ေဆြးေႏြးစကားေျပာသြားမွာျဖစ္ေၾကာင္း The Times မွ လီဗာပူးသတင္းေထာက္ Paul Joyce က အတည္ျပဳလိုက္ပါတယ္။

ဘာစီလိုနာ မန္ေနဂ်ာကိုးမန္းက လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဖို႔ နီးစပ္ေနျပီး စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈ မရျဖစ္ထားတဲ့ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပါ။ ဒီကေန႔မွာေတာ့ လက္ေရြးစင္အသင္းကေန မဲဝုဒ္ကို ျပန္လာမယ့္ ဝိုက္နယ္ဒမ္က သူ႔ရဲ႕ အနာဂတ္အတြက္ ကေလာ့ပ္နဲ႔ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ဟာ လက္က်န္ ၁ ႏွစ္ကို လီဗာပူးမွာ ဆက္ေနမလား၊ ဘာစီလိုနာကို ေျပာင္းမလားဆိုတာအတြက္ပဲ ဦးတည္ ေဆြးေႏြးသြားမွာျဖစ္တယ္။ မႏွစ္က စာခ်ဳပ္သစ္ကိစၥ ညိႏိႈင္းမႈမွာ အဆင္မေျပခဲ့မႈေတြအရ လီဗာပူးအသင္းနဲ႔ ဝိုက္နယ္ဒမ္တို႔ဟာ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုသြားၾကေတာ့မွာ မဟုတ္ပါဘူး။

နယ္သာလန္သားရဲ႕ ၾကံ႕ခိုင္မႈ၊ နည္းစနစ္ပိုင္းမွာ စည္းကမ္းေကာင္းမႈ၊ ဖိအားေတြေအာက္မွာ ေဘာလံုးပိုင္ဆုိင္မႈ ထိန္းသိမ္းျခင္းကို အေကာင္းဆံုး လုပ္ေဆာင္ႏိုင္မႈေတြေၾကာင့္ ကေလာ့ပ္ဟာ သူ႔ကို အရမ္းသေဘာက်ထားတယ္။ ကိုးမန္းကလည္း ဘာစီလိုနာရဲ႕ ျပန္လည္ တည္ေဆာက္မႈမွာ ၾကံ႕ခိုင္သန္မာျပီး နည္းစနစ္ေကာင္းတဲ့ ဝိုက္နယ္ဒမ္ကို ပထမဆံုး ေခၚယူမႈေတြအျဖစ္ လက္မွတ္ထိုးလိုပါတယ္။

လီဗာပူးအသင္းဟာ ဝုိက္နယ္ဒမ္ကို လက္လြတ္ရရင္လည္း ကြင္းလယ္လူ အင္အား ေတာင့္တင္းေနဆဲပါ။ သို႔ေပမယ့္ ကြင္းလယ္လူသစ္အျဖစ္ ဘိုင္ယန္မွ သီေယဂို အယ္ကန္တာရာကို တိုက္ရိုက္ အစားထိုးဖို႔ လႈပ္ရွားမွာျဖစ္တယ္။ စာခ်ဳပ္ ၁၂ လပဲ က်န္ရွိေတာ့တဲ့ စပိန္သားကို လီဗာပူးက ေခၚယူဖို႔ရာမွာ ေပါင္ ၂၆ သန္း ဝန္းက်င္ေပးရမွာျဖစ္ပါတယ္။

ရာသီသစ္မွာေတာ့ လီဗာပူးလူစာရင္းအတြင္း ဝိုက္နယ္ဒမ္ ဆက္ရွိမယ္ဆိုရင္ သီေယဂို ေရာက္လာမွာ မဟုတ္သလို သီေယဂို ေရာက္လာခဲ့ရင္ေတာ့ ဝိုက္နယ္ဒမ္ ထြက္ခြာသြားလို႔ပဲ ျဖစ္လာပါလိမ့္မယ္။