၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် ပွဲသုံးပွဲမှာတော့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲလည်း ပါဝင်နေပါတယ်။

လီဗာပူးရဲ့ လက်ထောက်အသင်းခေါင်းဆောင် မီလ်နာက အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရမယ့်ပွဲမှာ ပါဝင်သွားနိုင်သလို တစ်ဘက်မှာလည်း လိဒ်ရဲ့ စွယ်စုံရ အဓိကကစားသမားကြီး Stuart Dallas အတွက်ကလည်း သူဘဝတစ်လျှောက်လုံး အားပေးခဲ့ရတဲ့ လီဗာပူးအသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

” လိဒ်ဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတယ်။ ပရီးမီးယားလိဂ် ပထမဆုံးပွဲကို ချန်ပီယံနဲ့ ယျဉ်ပြိုင်ရမှာဆိုတာထက် ပိုခက်ခဲတာလည်း မရှိတော့ပါဘူး။ ” လို့ လီဗာပူးကို ငယ်စဉ်တည်းက အားပေးခဲ့တဲ့ လိဒ် အဓိက ကစားသမားဖြစ်သူ Stuart Dallas က ပြောပါတယ်။

သူကပဲ ” ငယ်ရွယ်တဲ့ ကစားသမားဘဝတုန်းကတော့ ပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက်မက်ခဲ့ရတာပေါ့။ ဒီအပတ် အကုန်မှာတော့ ဒီအခွင့်အရေးကို တကယ်ပဲ ရလာခဲ့ပါပြီ။ ကြီးပြင်းလာတဲ့ ကာလတစ်လျှောက် အားပေးခဲ့ရတဲ့ အသင်းကို ရင်ဆိုင်ကစားရမယ်ဆိုတာက သိပ်ကို ထူးခြားလွန်းပါတယ်။ ဒါပေမယ့် အခုတော့ ကျနော် လိဒ်အသင်းပရိသတ် ဖြစ်နေပါပြီ ” လို့ ဆက်လက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ် စနေနေမှာ ထိပ်တိုက်တွေ့ကြမယ့် ပရီးမီးယားလိဂ် ချန်ပီယံနဲ့ ချန်ပီယံရှစ် ချန်ပီယံတို့ပွဲကတော့ စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။ လီဗာပူးအတွက် ချန်ပီယံအဖြစ် ရာသီသစ်ကို စတင်ရမှာဖြစ်သော်လည်း အန်ဖီးကွင်းမှာတော့ ပရိသတ်တွေ ဝင်ရောက် ကြည့်ရှုခွင့် ရဦးမှာတော့ မဟုတ်ပါဘူး။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ အဖြင့္ပြဲအျဖစ္ ယွဥ္ျပိဳင္ရမယ့္ ပြဲသံုးပြဲမွာေတာ့ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူးနဲ႔ လိဒ္ယူႏုိက္တက္တို႔ရဲ႕ ပြဲလည္း ပါဝင္ေနပါတယ္။

လီဗာပူးရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ မီလ္နာက အသင္းေဟာင္းကို ျပန္လည္ ရင္ဆိုင္ရမယ့္ပြဲမွာ ပါဝင္သြားႏုိင္သလို တစ္ဘက္မွာလည္း လိဒ္ရဲ႕ စြယ္စံုရ အဓိကကစားသမားၾကီး Stuart Dallas အတြက္ကလည္း သူဘဝတစ္ေလွ်ာက္လံုး အားေပးခဲ့ရတဲ့ လီဗာပူးအသင္းကို ျပိဳင္ဘက္အျဖစ္ ရင္ဆုိင္ရမွာ ျဖစ္ပါတယ္။

” လိဒ္ဟာ ပရီးမီးယားလိဂ္ကို တန္းတက္လာဖို႔ အခ်ိန္အၾကာၾကီး ေစာင့္ဆိုင္းခဲ့ရတယ္။ ပရီးမီးယားလိဂ္ ပထမဆံုးပြဲကို ခ်န္ပီယံနဲ႔ ယ်ဥ္ျပိဳင္ရမွာဆိုတာထက္ ပိုခက္ခဲတာလည္း မရွိေတာ့ပါဘူး။ ” လို႔ လီဗာပူးကို ငယ္စဥ္တည္းက အားေပးခဲ့တဲ့ လိဒ္ အဓိက ကစားသမားျဖစ္သူ Stuart Dallas က ေျပာပါတယ္။

သူကပဲ ” ငယ္ရြယ္တဲ့ ကစားသမားဘဝတုန္းကေတာ့ ပရီးမီးယားလိဂ္မွာ ကစားဖို႔ အိပ္မက္မက္ခဲ့ရတာေပါ့။ ဒီအပတ္ အကုန္မွာေတာ့ ဒီအခြင့္အေရးကို တကယ္ပဲ ရလာခဲ့ပါျပီ။ ၾကီးျပင္းလာတဲ့ ကာလတစ္ေလွ်ာက္ အားေပးခဲ့ရတဲ့ အသင္းကို ရင္ဆုိင္ကစားရမယ္ဆိုတာက သိပ္ကို ထူးျခားလြန္းပါတယ္။ ဒါေပမယ့္ အခုေတာ့ က်ေနာ္ လိဒ္အသင္းပရိသတ္ ျဖစ္ေနပါျပီ ” လို႔ ဆက္လက္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီအပတ္ စေနေနမွာ ထိပ္တိုက္ေတြ႔ၾကမယ့္ ပရီးမီးယားလိဂ္ ခ်န္ပီယံနဲ႔ ခ်န္ပီယံရွစ္ ခ်န္ပီယံတို႔ပြဲကေတာ့ စိတ္ဝင္စားစရာ ျဖစ္ေနမွာပါ။ လီဗာပူးအတြက္ ခ်န္ပီယံအျဖစ္ ရာသီသစ္ကို စတင္ရမွာျဖစ္ေသာ္လည္း အန္ဖီးကြင္းမွာေတာ့ ပရိသတ္ေတြ ဝင္ေရာက္ ၾကည့္ရႈခြင့္ ရဦးမွာေတာ့ မဟုတ္ပါဘူး။