ဘယ်ဂျီယံအတွက် ပထမဆုံး ပွဲထွက်ကစားပေးတဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အန်းဒါလက် ဆယ်ကျော်သက် တိုက်စစ်သမားလေး ဒိုကူကို ပြီးခဲ့တဲ့ ဘောလုံးရာသီတွေက လီဗာပူးအသင်းဘက်က ကမ်းလှမ်းမှု လုပ်ခဲ့ဖူးပြီး မအောင်မြင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်စစ်သမားလေးဟာ ဘယ်ဂျီယံက ဒိန်းမတ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ ပွဲမှာ လူစားဝင် ကစားခဲ့တယ်။ မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အိုက်စ်လန်နဲ့ ပွဲမှာတော့ ဘယ်ဂျီယံရဲ့ ၅-၁ ဖြင့် အနိုင်ရမှုမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ဘယ်ဂျီယံသတင်းထောက် Kristof Terreur ကပဲ ဒိုကူရဲ့ သွင်းဂိုးအကြောင်း ပြောနေရင်းက ” လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လီဗာပူးက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးတယ် ” ဆိုတဲ့ အချက်ကို ထုတ်ပြောခဲ့တယ်။ သူက “ လီဗာပူးက ဒိုကူကို ခေါ်ယူခွင့်ရရင် လေဇာ မာကိုဗစ်ကို အငှားချပေးမယ်လို့တောင် ကမ်းလှမ်းခဲ့သေးတာပါ။ ” လို့ ဆက်ပြောခဲ့တယ်။

အဆိုပါ ကိစ္စကို ဒိုကူကလည်း ဝန်ခံသွားခဲ့ပြီး “ လီဗာပူးက ကျနော်နဲ့ ကျနော် မိဘတွေကို အန်ဖီးကွင်းထံ အလည်ခေါ်ခဲ့တယ်။ နောက် သူတို့ရဲ့ လေ့ကျင့်ရေးကွင်းကိုလည်း ခေါ်သွားခဲ့တယ်။ မာနေးနဲ့တောင် ကျနော် စကားပြောခဲ့ပြီး မန်နေဂျာကလော့ပ်ကလည်း ကျနော်ကို စိတ်ဝင်စားဟန် ပြခဲ့ပါတယ်။ ” လို့ ဆိုပါတယ်။

အန်းဒါးလက်အသင်း အထွေထွေမန်နေဂျာ Herman Van Holsbeek က ပြောပြခဲ့တာက “ ကျနေ်ာတို့မှာ ရွေးစရာ မရှိဘူးလေ။ လီဗာပူးက ဒိုကူကို ခေါ်ယူခွင့်ရရင် မာကိုဗစ်ကို အငှားချပေးမယ်လို့ ကမ်းလှမ်းတယ်။ ဒါပေမယ့် ကျနေ်ာတို့က ဒိုကူကိုပဲ လိုချင်တယ် ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘယ္ဂ်ီယံအတြက္ ပထမဆံုး ပြဲထြက္ကစားေပးတဲ့ ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ အန္းဒါလက္ ဆယ္ေက်ာ္သက္ တိုက္စစ္သမားေလး ဒိုကူကို ျပီးခဲ့တဲ့ ေဘာလံုးရာသီေတြက လီဗာပူးအသင္းဘက္က ကမ္းလွမ္းမႈ လုပ္ခဲ့ဖူးျပီး မေအာင္ျမင္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

တိုက္စစ္သမားေလးဟာ ဘယ္ဂ်ီယံက ဒိန္းမတ္ကို ၂-၀ ျဖင့္ အႏုိင္ရတဲ့ ပြဲမွာ လူစားဝင္ ကစားခဲ့တယ္။ မနက္က ယွဥ္ျပိဳင္ကစားခဲ့တဲ့ အိုက္စ္လန္နဲ႔ ပြဲမွာေတာ့ ဘယ္ဂ်ီယံရဲ႕ ၅-၁ ျဖင့္ အႏုိင္ရမႈမွာ သူသြင္းယူခဲ့တဲ့ သြင္းဂိုးကလည္း အပါအဝင္ ျဖစ္ခဲ့ပါတယ္။

ဘယ္ဂ်ီယံသတင္းေထာက္ Kristof Terreur ကပဲ ဒိုကူရဲ႕ သြင္းဂိုးအေၾကာင္း ေျပာေနရင္းက ” လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက လီဗာပူးက သူ႔ကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေသးတယ္ ” ဆိုတဲ့ အခ်က္ကို ထုတ္ေျပာခဲ့တယ္။ သူက “ လီဗာပူးက ဒိုကူကို ေခၚယူခြင့္ရရင္ ေလဇာ မာကိုဗစ္ကို အငွားခ်ေပးမယ္လို႔ေတာင္ ကမ္းလွမ္းခဲ့ေသးတာပါ။ ” လို႔ ဆက္ေျပာခဲ့တယ္။

အဆုိပါ ကိစၥကို ဒိုကူကလည္း ဝန္ခံသြားခဲ့ျပီး “ လီဗာပူးက က်ေနာ္နဲ႔ က်ေနာ္ မိဘေတြကို အန္ဖီးကြင္းထံ အလည္ေခၚခဲ့တယ္။ ေနာက္ သူတို႔ရဲ႕ ေလ့က်င့္ေရးကြင္းကိုလည္း ေခၚသြားခဲ့တယ္။ မာေနးနဲ႔ေတာင္ က်ေနာ္ စကားေျပာခဲ့ျပီး မန္ေနဂ်ာကေလာ့ပ္ကလည္း က်ေနာ္ကို စိတ္ဝင္စားဟန္ ျပခဲ့ပါတယ္။ ” လို႔ ဆိုပါတယ္။

အန္းဒါးလက္အသင္း အေထြေထြမန္ေနဂ်ာ Herman Van Holsbeek က ေျပာျပခဲ့တာက “ က်ေန္ာတို႔မွာ ေရြးစရာ မရွိဘူးေလ။ လီဗာပူးက ဒိုကူကို ေခၚယူခြင့္ရရင္ မာကိုဗစ္ကို အငွားခ်ေပးမယ္လို႔ ကမ္းလွမ္းတယ္။ ဒါေပမယ့္ က်ေန္ာတို႔က ဒိုကူကိုပဲ လိုခ်င္တယ္ ” လို႔ ေျပာျပခဲ့တာ ျဖစ္ပါတယ္။