လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီကနေ့မှာတော့ ရက်စွဲမတပ်ထားတဲ့ ပေးစာတစ်စောင်နဲ့အတူ အသင်းဖော်ဟောင်း လိုဗရန်အတွက် အထူးလက်ဆောင်တစ်ခုကို ပို့ပေးခဲ့ပါတယ်။

ပေးစာနဲ့အတူ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ပုံတူတစ်ခုကို လိုဗရန်အတွက် ပေးပို့ခဲ့တယ်။ အဆိုပါ ချန်ပီယံဆုဖလားမှာတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း လီဗာပူးအသင်းသား နာမည်တွေကို ရေးထိုးထားတာပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ဟန်ဒါဆန်ရဲ့ ပေးပို့မှုအတွက် လိုဗရန်ကိုယ်တိုင်ကတော့ ” ပြောစရာစကားတောင် မရှိတော့ပါဘူး အရမ်းကျေးဇူးတင်ပါတယ် ကပ္ပတိန်လို့ ” လို့ တုန့်ပြန်သွားပါတယ်။

လိုဗရန်ထံသို့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်၏ ပေးစာ

ဒီဂျန်။

အသင်းမှာ မင်းမရှိတော့ဘူးဆိုတာ၊ အသင်းကို မင်းပြန်မလာတော့ဘူး ဆိုတာက အခုချိန်ထိ ငါတို့ တွေးလိုတောင် မရသေးတဲ့ ကိစ္စပါ။ ချန်ပီယံဖြစ်လာဖို့၊ အောင်မြင်မှုတွေ ရလာဖို့အတွက် မင်းက ငါတို့ကို မောင်းနှင်ပေးပြီး ငါတို့အပေါ် လွှမ်းမိုးရှိခဲ့သူတွေထဲက တစ်ဦးပါ။

မင်းပွဲတွေ ကစားနေတိုင်း ကိုယ်ဘာသာ ကမ္ဘာအကောင်းဆုံးဆိုတဲ့ ခံယူချက် ရှိနေဦးမယ်လို့ ငါထင်တယ်။ ငါတို့အတွက်ကော ခရိုအေးရှားအတွက်ပါ အမြဲတမ်း ဆက်တိုက်ခိုက်ဖို့ဆိုတဲ့ စိတ်ဓါတ်ကောင်းကို အဝတ်လဲခန်းတွေမှာ မင်းထည့်သွင်းပေးခဲ့ပါတယ်။ မင်းဘာသာအတွက် ခက်ခဲလွန်းတဲ့ အချိန်တွေမှာတောင် အသင်းဖော်တွေအတွက် မင်းရှိပေးခဲ့တယ်။

ငါကို အားပေးထောက်ခံခဲ့တာအတွက်ကော လီဗာပူးအသင်းကို ငါဦးဆောင်နိုင်ဖို့ မင်းကူညီပေးခဲ့တာအတွက်ကော ဘယ်တော့မှ မမေ့ပါဘူး။ မင်းမှာ လက်ပတ် ဘယ်တော့မှ မရှိပေမယ့် မင်းကိုယ်တိုင်က အသင်းခေါင်းဆောင်တစ်ယောက် အမြဲတမ်း ဖြစ်နေမှာပါ။ ငါတို့အားလုံး မင်းကို အမြဲတမ်း စောင့်ကြည့်နေမှာပါ။

ကွင်းပြင်ပမှာဆိုရင် မင်းက ငါတွဲဘက်ခဲ့ဖူးသူတွေထဲ အကျင့်စရိုက် အကောင်းဆုံးထဲမှာ ပါဝင်ခဲ့ပါတယ်။ မင်က မယုံနိုင်လောက်တဲ့ လူသားဆန်တဲ့ အရည်အသွေးရှိသူပါ။ ငါမင်းကို သတိရနေဆဲပါ။ မဲဝုဒ်ကို မင်းပြန်လာမယ်လို့ အခုချိန်ထိ ငါမျှော်လင့်မိနေဆဲပါပဲ။ အသင်းအတွက် မင်းပေးဆပ်ခဲ့တာတွေကို ငါတို့ ဘယ်လောက်တောင် အသိအမှတ်ပြုလဲဆိုတာ မင်းကို သိစေချင်တယ်။ မင်းနဲ့ မင်းရဲ့ မိသားစုဝင်တွေ လိုအပ်လာတဲ့ အချိန်တိုင်းမှာ အကူအညီပေးဖို့ ငါအမြဲတမ်း အသင့်ရှိနေမယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။

အနာဂတ်အတွက် ကံကောင်းပါစေ။ မင်းလိုအပ်တဲ့ အချိန်တိုင်းမှာ လီဗာပူးအသင်းမှာ မင်းရဲ့ ညီကိုတွေ အမြဲတမ်း ရှိနေမယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ YNWA …

ဟန်ဒို

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဒီကေန႔မွာေတာ့ ရက္စြဲမတပ္ထားတဲ့ ေပးစာတစ္ေစာင္နဲ႔အတူ အသင္းေဖာ္ေဟာင္း လိုဗရန္အတြက္ အထူးလက္ေဆာင္တစ္ခုကို ပို႔ေပးခဲ့ပါတယ္။

ေပးစာနဲ႔အတူ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဖလား ပံုတူတစ္ခုကို လိုဗရန္အတြက္ ေပးပို႔ခဲ့တယ္။ အဆိုပါ ခ်န္ပီယံဆုဖလားမွာေတာ့ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြင္း လီဗာပူးအသင္းသား နာမည္ေတြကို ေရးထိုးထားတာပဲ ျဖစ္ပါတယ္။ လီဗာပူးအသင္းနဲ႔ ဟန္ဒါဆန္ရဲ႕ ေပးပို႔မႈအတြက္ လိုဗရန္ကိုယ္တုိင္ကေတာ့ ” ေျပာစရာစကားေတာင္ မရွိေတာ့ပါဘူး အရမ္းေက်းဇူးတင္ပါတယ္ ကပၸတိန္လို႔ ” လို႔ တုန္႔ျပန္သြားပါတယ္။

လိုဗရန္ထံသို႔ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္၏ ေပးစာ

ဒီဂ်န္။

အသင္းမွာ မင္းမရွိေတာ့ဘူးဆိုတာ၊ အသင္းကို မင္းျပန္မလာေတာ့ဘူး ဆိုတာက အခုခ်ိန္ထိ ငါတို႔ ေတြးလိုေတာင္ မရေသးတဲ့ ကိစၥပါ။ ခ်န္ပီယံျဖစ္လာဖို႔၊ ေအာင္ျမင္မႈေတြ ရလာဖို႔အတြက္ မင္းက ငါတို႔ကို ေမာင္းႏွင္ေပးျပီး ငါတို႔အေပၚ လႊမ္းမိုးရွိခဲ့သူေတြထဲက တစ္ဦးပါ။

မင္းပြဲေတြ ကစားေနတိုင္း ကိုယ္ဘာသာ ကမၻာအေကာင္းဆံုးဆိုတဲ့ ခံယူခ်က္ ရွိေနဦးမယ္လို႔ ငါထင္တယ္။ ငါတုိ႔အတြက္ေကာ ခရိုေအးရွားအတြက္ပါ အျမဲတမ္း ဆက္တိုက္ခုိက္ဖို႔ဆိုတဲ့ စိတ္ဓါတ္ေကာင္းကို အဝတ္လဲခန္းေတြမွာ မင္းထည့္သြင္းေပးခဲ့ပါတယ္။ မင္းဘာသာအတြက္ ခက္ခဲလြန္းတဲ့ အခ်ိန္ေတြမွာေတာင္ အသင္းေဖာ္ေတြအတြက္ မင္းရွိေပးခဲ့တယ္။

ငါကို အားေပးေထာက္ခံခဲ့တာအတြက္ေကာ လီဗာပူးအသင္းကို ငါဦးေဆာင္ႏုိင္ဖို႔ မင္းကူညီေပးခဲ့တာအတြက္ေကာ ဘယ္ေတာ့မွ မေမ့ပါဘူး။ မင္းမွာ လက္ပတ္ ဘယ္ေတာ့မွ မရွိေပမယ့္ မင္းကိုယ္တိုင္က အသင္းေခါင္းေဆာင္တစ္ေယာက္ အျမဲတမ္း ျဖစ္ေနမွာပါ။ ငါတုိ႔အားလံုး မင္းကို အျမဲတမ္း ေစာင့္ၾကည့္ေနမွာပါ။

ကြင္းျပင္ပမွာဆိုရင္ မင္းက ငါတြဲဘက္ခဲ့ဖူးသူေတြထဲ အက်င့္စရိုက္ အေကာင္းဆံုးထဲမွာ ပါဝင္ခဲ့ပါတယ္။ မင္က မယံုႏုိင္ေလာက္တဲ့ လူသားဆန္တဲ့ အရည္အေသြးရွိသူပါ။ ငါမင္းကို သတိရေနဆဲပါ။ မဲဝုဒ္ကို မင္းျပန္လာမယ္လို႔ အခုခ်ိန္ထိ ငါေမွ်ာ္လင့္မိေနဆဲပါပဲ။ အသင္းအတြက္ မင္းေပးဆပ္ခဲ့တာေတြကို ငါတို႔ ဘယ္ေလာက္ေတာင္ အသိအမွတ္ျပဳလဲဆိုတာ မင္းကို သိေစခ်င္တယ္။ မင္းနဲ႔ မင္းရဲ႕ မိသားစုဝင္ေတြ လိုအပ္လာတဲ့ အခ်ိန္တိုင္းမွာ အကူအညီေပးဖို႔ ငါအျမဲတမ္း အသင့္ရွိေနမယ္ဆိုတာကိုလည္း သိေစခ်င္ပါတယ္။

အနာဂတ္အတြက္ ကံေကာင္းပါေစ။ မင္းလိုအပ္တဲ့ အခ်ိန္တိုင္းမွာ လီဗာပူးအသင္းမွာ မင္းရဲ႕ ညီကိုေတြ အျမဲတမ္း ရွိေနမယ္ဆိုတာကို မေမ့လိုက္ပါနဲ႔။ YNWA …

ဟန္ဒို