ဘာစီလိုနာ မန်နေဂျာကိုးမန်းက ကွင်းလယ်လူ ကော်တင်ညိုကို သူ့ရဲ့ ဘာစီလိုနာ အသင်းအတွက် အဓိက ကစားသမားအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးအသင်းက သူ့ကို ဘာစီလိုနာထံ ရောင်းထုတ်ခဲ့စဉ် သဘောတူခဲ့တဲ့ ပေါင် ၁၄၂ သန်းတန် စာချုပ်ရဲ့ နောက်ဆုံးသော ပြောင်းရွှေ့ကြေးကို ရရှိဖို့လည်း နီးစပ်ခဲ့ပြီဖြစ်တယ်။ လီဗာပူးနဲ့ ဘာစီလိုနာကြား စာချုပ်မှာ နောက်ဆုံးသော ပြောင်းရွှေ့ကြေးအဖြစ် ကက်တလန်ကလပ်အတွက် ကော်တင်ညို ပွဲကစားပေးမှု ၁၀၀ ပြည့်ရင် ယူရို ၅ သန်း ပေးချေရမယ့် တစ်ခုတည်းသော သဘောတူညီချက်က ကျန်ရှိနေတာဖြစ်တယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ လီဗာပူးအသင်းက ကော်တင်ညိုကို ပေါင် ၁၄၂ သန်းနဲ့ ရောင်းထုတ်ခဲ့ရာမှာ ပေါင် ၃၅ သန်းက စွမ်းဆောင်ရည်အလိုက် ပေးရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ခဲ့တာပါ။ အဆိုပါထဲမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်၊ လာလီဂါချန်ပီယံ၊ ချန်ပီယံလိဂ် ချန်ပီယံတွေအပြင် ဘာစီလိုနာအတွက် ကော်တင်ညို ပွဲ ၁၀၀ ပြည့် ကစားပေးဖို့ဆိုတဲ့ ကန့်သတ်ချက်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဘာစီလိုနာအတွက် ကော်တင်ညို ပွဲ ၁၀၀ ပြည့်ကစားပြီးရင် ရမယ့် ဆုကြေးအတွက်ကတော့ မနှစ်ကရာသီ ဘိုင်ယန်ကို အငှားထွက်ခဲ့တဲ့နောက် မသေချာ ဖြစ်လာခဲ့တာပါ။ ကော်တင်ညိုဟာ ဘာစီလိုနာအတွက် ပွဲပေါင်း ၇၆ ပွဲ ကစားပေးထားခဲ့ပြီး မနှစ်တုန်းက ဘိုင်ယန်မြူးနစ်ကို အငှားထွက်ကစားခဲ့တယ်။

ကိုးမန်းက သူ့ရဲ့ နည်းစနစ်မှာ ကော်တင်ညို အံဝင်မယ်လို့ ယုံကြည်နေကာ နွေမှာ ရောင်းထုတ်သွားမှာ မဟုတ်ခြင်းကြောင့် မကြာခင်မှာပဲ ဘာစီလိုနာအတွက် ကော်တင်ညို ပွဲ ၁၀၀ ပြည့် ကစားပေးတာကို မြင်ရမယ်လို့ ယုံကြည်ရပါတယ်။

ZAWGYI

ဘာစီလိုနာ မန္ေနဂ်ာကိုးမန္းက ကြင္းလယ္လူ ေကာ္တင္ညိဳကို သူ႔ရဲ႕ ဘာစီလိုနာ အသင္းအတြက္ အဓိက ကစားသမားအျဖစ္ အသံုးျပဳဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ပါတယ္။

ဒါေၾကာင့္ ၂၀၁၈ ခုႏွစ္တုန္းက လီဗာပူးအသင္းက သူ႔ကို ဘာစီလိုနာထံ ေရာင္းထုတ္ခဲ့စဥ္ သေဘာတူခဲ့တဲ့ ေပါင္ ၁၄၂ သန္းတန္ စာခ်ဳပ္ရဲ႕ ေနာက္ဆံုးေသာ ေျပာင္းေရႊ႔ေၾကးကို ရရွိဖို႔လည္း နီးစပ္ခဲ့ျပီျဖစ္တယ္။ လီဗာပူးနဲ႔ ဘာစီလိုနာၾကား စာခ်ဳပ္မွာ ေနာက္ဆံုးေသာ ေျပာင္းေရႊ႔ေၾကးအျဖစ္ ကက္တလန္ကလပ္အတြက္ ေကာ္တင္ညိဳ ပြဲကစားေပးမႈ ၁၀၀ ျပည့္ရင္ ယူရို ၅ သန္း ေပးေခ်ရမယ့္ တစ္ခုတည္းေသာ သေဘာတူညီခ်က္က က်န္ရွိေနတာျဖစ္တယ္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာ လီဗာပူးအသင္းက ေကာ္တင္ညိဳကို ေပါင္ ၁၄၂ သန္းနဲ႔ ေရာင္းထုတ္ခဲ့ရာမွာ ေပါင္ ၃၅ သန္းက စြမ္းေဆာင္ရည္အလိုက္ ေပးရမယ္ဆိုတဲ့ သေဘာတူညီခ်က္ ပါဝင္ခဲ့တာပါ။ အဆိုပါထဲမွာေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္၊ လာလီဂါခ်န္ပီယံ၊ ခ်န္ပီယံလိဂ္ ခ်န္ပီယံေတြအျပင္ ဘာစီလိုနာအတြက္ ေကာ္တင္ညိဳ ပြဲ ၁၀၀ ျပည့္ ကစားေပးဖို႔ဆိုတဲ့ ကန္႔သတ္ခ်က္ေတြ ပါဝင္ခ့ဲတာ ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ဘာစီလိုနာအတြက္ ေကာ္တင္ညိဳ ပြဲ ၁၀၀ ျပည့္ကစားျပီးရင္ ရမယ့္ ဆုေၾကးအတြက္ကေတာ့ မႏွစ္ကရာသီ ဘိုင္ယန္ကို အငွားထြက္ခဲ့တဲ့ေနာက္ မေသခ်ာ ျဖစ္လာခဲ့တာပါ။ ေကာ္တင္ညိဳဟာ ဘာစီလိုနာအတြက္ ပြဲေပါင္း ၇၆ ပြဲ ကစားေပးထားခဲ့ျပီး မႏွစ္တုန္းက ဘိုင္ယန္ျမဴးနစ္ကို အငွားထြက္ကစားခဲ့တယ္။

ကိုးမန္းက သူ႔ရဲ႕ နည္းစနစ္မွာ ေကာ္တင္ညိဳ အံဝင္မယ္လို႔ ယံုၾကည္ေနကာ ေႏြမွာ ေရာင္းထုတ္သြားမွာ မဟုတ္ျခင္းေၾကာင့္ မၾကာခင္မွာပဲ ဘာစီလိုနာအတြက္ ေကာ္တင္ညိဳ ပြဲ ၁၀၀ ျပည့္ ကစားေပးတာကို ျမင္ရမယ္လို႔ ယံုၾကည္ရပါတယ္။