လီဗာပူးအသင်းက ဘရူးစတားကို အပြီးသတ် လိုချင်ရင် ပေါင် ၂၅ သန်းပေးမှ ရောင်းဖို့ သတင်းပြန်ထားပါတယ်။ ဒါ့အပြင် အရောင်းစာချုပ်မှာတော့ buyback သဘောတူညီချက်ကို ထည့်သွင်းမှာဖြစ်ကာ ဘရိုက်တန်က အလေးအနက် ကြိုးစားနေပါတယ်။

မနေ့က မန်နေဂျာကလော့ပ်နဲ့ ဝိုက်နယ်ဒမ်ကြား ညိနှိုင်းမှု လုပ်ခဲ့ကြတယ်။ ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်ယူနိုက်တက်ပွဲမှာတော့ နယ်သာလန်သားဟာ လီဗာပူးအသင်းမှာပဲ ဆက်ရှိနေဦးမှာပါ။

ဗီလာရီးရဲလ် ဘယ်အစွန်လူ မိုရီနိုဟာ ရာသီကြိုမှာ ရခဲ့တဲ့ ခြေထောက်ဒဏ်ရာအတွက် ခွဲစိတ်မှုကြီးပါ ပြုလုပ်ခဲ့ရပါတယ်။ လီဗာပူးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ စတီဗင်ဂျရတ်၊ စတားရစ်၊ ဟန်ဒါဆန်၊ ဖာဘင်ညိ၊ ရှာကွီကစလို့ အသင်းသား အများအပြားက ဒဏ်ရာကနေ အမြန်သက်သာလာဖို့ မိုရီနိုကို ဆုတောင်းပေးနေကြပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ဆိုင်ရာ စီမံမှုတွေကို မေးခွန်းထုတ်ခြင်းနဲ့ ပက်သက်ပြီး လီဗာပူးအသင်းက ချန်ပီယံလိဂ်ကို ၂ ရာသီဆက်တိုက် တက်ထားသလို မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ကြောင်းနဲ့ အသင်းမှာ ခြားနားတဲ့ ကိုယ်ပိုင်ဟန်ရှိတယ်လို့ တုန့်ပြန်ပါတယ်။

ပြင်သစ်သတင်းထောက် Romain Collet-Gaudin က လီဗာပူးနဲ့ ဖယ်ကီရာကြား အပြောင်းအရွှေ့ ကိစ္စကို ဖွင့်ချလိုက်ပြီး လီဗာပူးနဲ့ လိုင်ယွန်ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီခဲ့သလို ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပေမယ့် ဖယ်ကီရာရဲ့ ဆွေးမျိုးတွေက ကော်မရှင် ခံစားခွင့်ကို ထပ်ပြီး အတွန့်တက်ခြင်းကြောင့် လီဗာပူးက စာချုပ်တစ်ခုလုံးကို ရပ်နားခဲ့တာလို့ ဆိုပါတယ်။

မာဆေးဆိုဒ်နဲ့ မန်ချက်စတာလို အင်္ဂလန်အနောက်မြောက်ပိုင်း ဒေသတွေမှာ ဗြိတိန်အစိုးရက လော့ဒေါင်းတွေ လုပ်ဆောင်ရခြင်းတွေ ရှိထားတာကြောင့် အန်ဖီးကွင်းထဲ ပရိသတ်ဝင်ခွင့်က မျှော်လင့်ထားတာထက် ပိုကြာသွားဖို့ ဖြစ်လာပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီကနေ့မှာတော့ ရက်စွဲမတပ်ထားတဲ့ ပေးစာတစ်စောင်နဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အသင်းသားအားလုံးနာမည် ရေးထိုးထားတဲ့ ပရီးမီးယားလိဂ်ဆုဖလား ပုံတူကို အသင်းဖော်ဟောင်း လိုဗရန်အတွက် အထူးလက်ဆောင်တစ်ခုအဖြစ် ပို့ပေးခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ပိုလန် လူငယ်ဂိုးသမားလေး ဂါဘရာဟာ ပိုလန်ကလပ် PAOK ကို အသင်းထံ တစ်ရာသီ အငှားဖြင့် သွားရောက် ကစားမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဝိုက်နယ်ဒမ်အတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးဘဲ ကစားသမားရဲ့ အေးဂျင့်နဲ့ပဲ ဆက်သွယ်မှု လုပ်နေပါတယ်။ လီဗာပူးဘက်ကလည်း သီယေဂိုကို တရားဝင် ကမ်းလှမ်းမှု မစသေးဘဲ ယူရို သန်း ၃၀ ကို ဈေးမချရင်တော့ အဲ့ကြေးအတိုင်း ပေးဖို့ ဆန္ဒမရှိပါဘူး။

ZAWGYI

လီဗာပူးအသင္းက ဘရူးစတားကို အျပီးသတ္ လိုခ်င္ရင္ ေပါင္ ၂၅ သန္းေပးမွ ေရာင္းဖို႔ သတင္းျပန္ထားပါတယ္။ ဒါ့အျပင္ အေရာင္းစာခ်ဳပ္မွာေတာ့ buyback သေဘာတူညီခ်က္ကို ထည့္သြင္းမွာျဖစ္ကာ ဘရိုက္တန္က အေလးအနက္ ၾကိဳးစားေနပါတယ္။

မေန႔က မန္ေနဂ်ာကေလာ့ပ္နဲ႔ ဝိုက္နယ္ဒမ္ၾကား ညိႏိႈင္းမႈ လုပ္ခဲ့ၾကတယ္။ ေဆြးေႏြးမႈ ေနာက္ဆက္တြဲအျဖစ္ ရာသီအဖြင့္ပြဲျဖစ္တဲ့ လိဒ္ယူႏုိက္တက္ပြဲမွာေတာ့ နယ္သာလန္သားဟာ လီဗာပူးအသင္းမွာပဲ ဆက္ရွိေနဦးမွာပါ။

ဗီလာရီးရဲလ္ ဘယ္အစြန္လူ မိုရီႏိုဟာ ရာသီၾကိဳမွာ ရခဲ့တဲ့ ေျခေထာက္ဒဏ္ရာအတြက္ ခြဲစိတ္မႈၾကီးပါ ျပဳလုပ္ခဲ့ရပါတယ္။ လီဗာပူးအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ စတီဗင္ဂ်ရတ္၊ စတားရစ္၊ ဟန္ဒါဆန္၊ ဖာဘင္ညိ၊ ရွာကီြကစလို႔ အသင္းသား အမ်ားအျပားက ဒဏ္ရာကေန အျမန္သက္သာလာဖို႔ မိုရီႏိုကို ဆုေတာင္းေပးေနၾကပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာ စီမံမႈေတြကို ေမးခြန္းထုတ္ျခင္းနဲ႔ ပက္သက္ျပီး လီဗာပူးအသင္းက ခ်န္ပီယံလိဂ္ကို ၂ ရာသီဆက္တိုက္ တက္ထားသလို မႏွစ္က ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ေၾကာင္းနဲ႔ အသင္းမွာ ျခားနားတဲ့ ကိုယ္ပိုင္ဟန္ရွိတယ္လို႔ တုန္႔ျပန္ပါတယ္။

ျပင္သစ္သတင္းေထာက္ Romain Collet-Gaudin က လီဗာပူးနဲ႔ ဖယ္ကီရာၾကား အေျပာင္းအေရႊ႔ ကိစၥကို ဖြင့္ခ်လိုက္ျပီး လီဗာပူးနဲ႔ လိုင္ယြန္ၾကားမွာ ေျပာင္းေရႊ႔ေၾကး သေဘာတူညီခဲ့သလို ေဆးစစ္မႈလည္း ေအာင္ျမင္ခဲ့ေပမယ့္ ဖယ္ကီရာရဲ႕ ေဆြးမ်ိဳးေတြက ေကာ္မရွင္ ခံစားခြင့္ကို ထပ္ျပီး အတြန္႔တက္ျခင္းေၾကာင့္ လီဗာပူးက စာခ်ဳပ္တစ္ခုလံုးကို ရပ္နားခဲ့တာလို႔ ဆိုပါတယ္။

မာေဆးဆိုဒ္နဲ႔ မန္ခ်က္စတာလို အဂၤလန္အေနာက္ေျမာက္ပိုင္း ေဒသေတြမွာ ျဗိတိန္အစိုးရက ေလာ့ေဒါင္းေတြ လုပ္ေဆာင္ရျခင္းေတြ ရွိထားတာေၾကာင့္ အန္ဖီးကြင္းထဲ ပရိသတ္ဝင္ခြင့္က ေမွ်ာ္လင့္ထားတာထက္ ပိုၾကာသြားဖို႔ ျဖစ္လာပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဒီကေန႔မွာေတာ့ ရက္စြဲမတပ္ထားတဲ့ ေပးစာတစ္ေစာင္နဲ႔အတူ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အသင္းသားအားလံုးနာမည္ ေရးထိုးထားတဲ့ ပရီးမီးယားလိဂ္ဆုဖလား ပံုတူကို အသင္းေဖာ္ေဟာင္း လိုဗရန္အတြက္ အထူးလက္ေဆာင္တစ္ခုအျဖစ္ ပို႔ေပးခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ ပိုလန္ လူငယ္ဂိုးသမားေလး ဂါဘရာဟာ ပိုလန္ကလပ္ PAOK ကို အသင္းထံ တစ္ရာသီ အငွားျဖင့္ သြားေရာက္ ကစားမွာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ဝိုက္နယ္ဒမ္အတြက္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ေသးဘဲ ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ပဲ ဆက္သြယ္မႈ လုပ္ေနပါတယ္။ လီဗာပူးဘက္ကလည္း သီေယဂိုကို တရားဝင္ ကမ္းလွမ္းမႈ မစေသးဘဲ ယူရို သန္း ၃၀ ကို ေစ်းမခ်ရင္ေတာ့ အဲ့ေၾကးအတိုင္း ေပးဖို႔ ဆႏၵမရွိပါဘူး။