လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က သူ့အသင်းဟာ ရေနံသူဌေးတွေနဲ့ ကမ္ဘာကျော်သူဌေးတွေ နောက်ခံထားတဲ့ ကလပ်မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါပြီ။

ပရီးမီးယားလိဂ် အချမ်းသာဆုံး ပိုင်ရှင်များစာရင်းမှာ အဆင့် ၁၀ နောက်ပိုင်းမှာပဲ ရှိနေတဲ့ လီဗာပူးပိုင်ရှင်တွေဟာ ကပ်ဘေးကာလမှာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ လူခေါ်ယူမှုကြီးတွေ မလုပ်နိုင်ဘူးလို့ ကလော့ပ်ကို အသိပေးထားတယ်။ ဒါပေမယ့်လို့ ပြိုင်ဘက် ကလပ် အချို့က ကစားသမား ခေါ်ယူမှုကြီးတွေ လုပ်နေခြင်းကြောင့် လီဗာပူးအသင်းဟာ ဝေဖန်ခံရမှုတွေတော့ ရှိပါတယ်။

ကလော့ပ်ကတော့ လီဗာပူးဟာ လီဗာပူးနည်းလမ်းအတိုင်းပဲ သွားမယ်လို့ ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပြီး ချယ်ဆီးနဲ့ အခြားသော အသင်းတွေလို ဈေးကွက်ထဲ အလိုရှိတဲ့ ခေါ်ယူမှုတွေ လုပ်သွားတာမျိုး မမျှော်လင့်ဖို့ ထုတ်ပြောခဲ့တယ်။

ကလော့ပ်က “ ငါတို့က မသေချာ မရေရာမှုတွေ ရှိနေတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေကြတာပါ။ ကိုယ်ပိုင် တိုင်ပြည်ရှိသလို လူနည်းစုကိုတောင် အုပ်ချုပ်ရတဲ့ သူတွေ ပိုင်ဆိုင်ထားတဲ့ ကလပ်တွေကတော့ အနာဂတ်နဲ့ ပက်သက်လို့ မသေချာမှုတွေက သိပ်အရေးမကြီးတာကို မြင်နေရတယ်။ ဒါ့ အမှန်တရားပါပဲ။

ငါတို့က အဲ့လိုအသင်းတွေနဲ့ ခြားနားပါတယ်။ တစ်ညတည်းနဲ့ အပြောင်းအလဲတွေလုပ်ပြီး ငါတို့က ချယ်ဆီးလို လုပ်ကြမယ်၊ ငါတို့က ဟိုအသင်းလို လုပ်ကြမယ်ဆိုပြီး ထလုပ်လို့ မရပါဘူး။ သူတို့တွေကလည်း သူတို့နည်းလမ်းနဲ့ ရှိပါတယ်။

ကမ္ဘာပေါ်က အကောင်းဆုံး ၁၁ ယောက်ကို ခေါ်ယူပြီး တစ်ပတ်အကြာမှာ ကမ္ဘာအကောင့်ဆုံး ဘောလုံးကို ကစားဖို့ မျှော်လင့်လို့ မရပါဘူး။ အကောင်းဆုံး ဘောလုံးကို ကစားနိုင်ဖို့ဆိုတာ လေ့ကျင့်ရေးမှာ အတူတကွ ကြိုးစားကြရတာဖြစ်ပါတယ်။ အဲ့တာကပဲ ငါတို့ရဲ့ အားသာချက်ပါ။ ငါတို့တွေက လေ့ကျင့်ရေးမှာ အချိန်အကြာကြီး အတူတကွ ကြိုးစားလာခဲ့တာပါ။ ဒါပေမယ့် ဒီစကားမျိုးကို လူတွေက သိပ်ကြားချင်ကြမှာ မဟုတ်ပါဘူး။

မနှစ်တုန်းက ဒီနည်းလမ်းအတိုင်း ငါတို့ ယှဉ်ပြိုင်ခဲ့တယ်။ ငါတို့ရဲ့ အကြောင်းပြချက်၊ ကလပ်ရဲ့ အကြောင်းပြချက်တွေနဲ့ ငါတို့က အမြဲတမ်း တိုးတက်လိုတယ်၊ အသင်းလူစာရင်းကိုလည်း တိုးတက်လိုတယ်။ ဒါပေမယ့် ခြားနားတဲ့ နည်းလမ်းနဲ့ပဲ ဖြစ်ပါမယ်။ ငါတို့ရဲ့ နည်းလမ်းက ကစားသမားတွေကို လက်မှတ်ထိုးပါတယ်။ နောက်ထပ် နည်းလမ်းအဖြစ် အတူတကွ ကြိုးစား အလုပ်လုပ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က သူ႔အသင္းဟာ ေရနံသူေဌးေတြနဲ႔ ကမၻာေက်ာ္သူေဌးေတြ ေနာက္ခံထားတဲ့ ကလပ္မဟုတ္ဘူးလို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလိုက္ပါျပီ။

ပရီးမီးယားလိဂ္ အခ်မ္းသာဆံုး ပိုင္ရွင္မ်ားစာရင္းမွာ အဆင့္ ၁၀ ေနာက္ပိုင္းမွာပဲ ရွိေနတဲ့ လီဗာပူးပိုင္ရွင္ေတြဟာ ကပ္ေဘးကာလမွာ အသင္းရဲ႕ ဘ႑ာေရးအေျခအေနအရ လူေခၚယူမႈၾကီးေတြ မလုပ္ႏုိင္ဘူးလို႔ ကေလာ့ပ္ကို အသိေပးထားတယ္။ ဒါေပမယ့္လို႔ ျပိဳင္ဘက္ ကလပ္ အခ်ိဳ႔က ကစားသမား ေခၚယူမႈၾကီးေတြ လုပ္ေနျခင္းေၾကာင့္ လီဗာပူးအသင္းဟာ ေဝဖန္ခံရမႈေတြေတာ့ ရွိပါတယ္။

ကေလာ့ပ္ကေတာ့ လီဗာပူးဟာ လီဗာပူးနည္းလမ္းအတိုင္းပဲ သြားမယ္လို႔ ျပတ္ျပတ္သားသား ထုတ္ေျပာလိုက္ျပီး ခ်ယ္ဆီးနဲ႔ အျခားေသာ အသင္းေတြလို ေစ်းကြက္ထဲ အလိုရွိတဲ့ ေခၚယူမႈေတြ လုပ္သြားတာမ်ိဳး မေမွ်ာ္လင့္ဖို႔ ထုတ္ေျပာခဲ့တယ္။

ကေလာ့ပ္က “ ငါတုိ႔က မေသခ်ာ မေရရာမႈေတြ ရွိေနတဲ့ ကမၻာၾကီးမွာ ေနထိုင္ေနၾကတာပါ။ ကိုယ္ပိုင္ တိုင္ျပည္ရွိသလို လူနည္းစုကိုေတာင္ အုပ္ခ်ဳပ္ရတဲ့ သူေတြ ပိုင္ဆုိင္ထားတဲ့ ကလပ္ေတြကေတာ့ အနာဂတ္နဲ႔ ပက္သက္လို႔ မေသခ်ာမႈေတြက သိပ္အေရးမၾကီးတာကို ျမင္ေနရတယ္။ ဒါ့ အမွန္တရားပါပဲ။

ငါတို႔က အဲ့လိုအသင္းေတြနဲ႔ ျခားနားပါတယ္။ တစ္ညတည္းနဲ႔ အေျပာင္းအလဲေတြလုပ္ျပီး ငါတို႔က ခ်ယ္ဆီးလို လုပ္ၾကမယ္၊ ငါတို႔က ဟိုအသင္းလို လုပ္ၾကမယ္ဆိုျပီး ထလုပ္လို႔ မရပါဘူး။ သူတို႔ေတြကလည္း သူတို႔နည္းလမ္းနဲ႔ ရွိပါတယ္။

ကမၻာေပၚက အေကာင္းဆံုး ၁၁ ေယာက္ကို ေခၚယူျပီး တစ္ပတ္အၾကာမွာ ကမၻာအေကာင့္ဆံုး ေဘာလံုးကို ကစားဖို႔ ေမွ်ာ္လင့္လို႔ မရပါဘူး။ အေကာင္းဆံုး ေဘာလံုးကို ကစားႏုိင္ဖို႔ဆိုတာ ေလ့က်င့္ေရးမွာ အတူတကြ ၾကိဳးစားၾကရတာျဖစ္ပါတယ္။ အဲ့တာကပဲ ငါတို႔ရဲ႕ အားသာခ်က္ပါ။ ငါတို႔ေတြက ေလ့က်င့္ေရးမွာ အခ်ိန္အၾကာၾကီး အတူတကြ ၾကိဳးစားလာခဲ့တာပါ။ ဒါေပမယ့္ ဒီစကားမ်ိဳးကို လူေတြက သိပ္ၾကားခ်င္ၾကမွာ မဟုတ္ပါဘူး။

မနွစ္တုန္းက ဒီနည္းလမ္းအတိုင္း ငါတို႔ ယွဥ္ျပိဳင္ခဲ့တယ္။ ငါတို႔ရဲ႕ အေၾကာင္းျပခ်က္၊ ကလပ္ရဲ႕ အေၾကာင္းျပခ်က္ေတြနဲ႔ ငါတို႔က အျမဲတမ္း တိုးတက္လိုတယ္၊ အသင္းလူစာရင္းကိုလည္း တိုးတက္လိုတယ္။ ဒါေပမယ့္ ျခားနားတဲ့ နည္းလမ္းနဲ႔ပဲ ျဖစ္ပါမယ္။ ငါတို႔ရဲ႕ နည္းလမ္းက ကစားသမားေတြကို လက္မွတ္ထိုးပါတယ္။ ေနာက္ထပ္ နည္းလမ္းအျဖစ္ အတူတကြ ၾကိဳးစား အလုပ္လုပ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။