လီဗာပူးအသင်းဟာ ဘရူးစတားကို အငှားချရေးကိစ္စ အဆင်မပြေဖြစ်နေတဲ့နောက် အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းနေတဲ့ အသင်းတွေကို သဘောတူညီချက် နှစ်ချက် တောင်းမှာဖြစ်ပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာ ဘရူးစတားကို ခေါ်ယူဖို့အား နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ ပဲလေစ့်တို့က ကမ်းလှမ်းပေမယ့် ၎င်းတို့ရဲ့ ကမ်းလှမ်းမှုမှာ ပုံမှန် ပွဲထွက်ခွင့်ပေးမယ့် အချက် မပါဝင်ပါဘူး။ နယူးကာဆယ်က ဝဲလ်ဆန်ကို အပြီးသတ် ခေါ်ယူထားကာ၊ အက်စတွန်ဗီလာက ဝတ်ကင်းကို ပေါင် ၂၈ သန်းဖြင့် ခေါ်ယူထားတယ်။ ပဲလေစ့်ကလည်း ချယ်ဆီးအသင်းမှ ဘတ်ရူဝါရီကို အငှား ခေါ်ယူကြာမှာဖြစ်ကာ ဘရူးစတားကိုတော့ အရန်အဖြစ် သုံးဖို့ပဲ ခေါ်ယူလိုတာပါ။

ဘရူးစတားကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲက တစ်သင်းကတော့ ဘရိုက်တန်ဖြစ်ပြီး ၎င်းတို့ရဲ့ တိုက်စစ်ကစားပုံအရ ဘရူးစတားကို အငှားချပေးတာက စိတ်ဝင်စားစရာ ဖြစ်ပေမယ့် ပထမအသင်းမှာ နေရာပေးမလားက မသေချာသေးပါဘူး။ ဘရူးစတားဟာ သူ့ကစားသမားဘဝမှာ စီနီယာအဆင့်အတွက် အမြင့်ဆုံးအဖြစ် ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းအတွက်ပဲ ကစားပေးဖူးတာဖြစ်ပါတယ်။

အငှားကိစ္စတွေ အဆင်မပြေသေးပေမယ့် တောင်းဆိုမှုတွေ ရှိလာခြင်းကြောင်း ဘရူးစတားကို အပြီးသတ်ရောင်းဖို့ကို လီဗာပူးက လက်ခံ စကားပြောပေးပါမယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းပေးဖို့နဲ့ အလိုရှိက ပြန်လည်ဝယ်ယူခွင့်ပေးဖို့ဆိုတဲ့ နှစ်ချက်ကို သဘောတူညီပေးရမှာပါ။

ပထမအချက် အငှားကမ်းလှမ်းမှုတွေမှာ ပုံမှန်ပွဲထွက်ခွင့် မပေးကြဘူးဆိုရင်နဲ့ ဒုတိယအချက် အပြီးသတ် ခေါ်ယူဖို့ အချက်နှစ်ချက်ကို သဘောမတူဘူးဆိုရင်တော့ လီဗာပူးက ဘရူးစတားကို ပရီးမီးယားလိဂ်ကလပ်တွေကို လက်လွတ်ပေးမှာ မဟုတ်ပါဘူး။ အဲ့အစား ပုံမှန်ပွဲထွက်ခွင့် အာမခံချက်ပေးတဲ့ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းထံပဲ ထပ်ပြီး အငှားချပေးဖို့ပဲ စီစဉ်သွားတော့မှာဖြစ်တယ်။

ဘရူးစတားဟာ အလားအလာရှိခြင်းကြောင့် လီဗာပူးဘက်က လက်လွတ်မခံလိုပေမယ့် သူ့ရဲ့ ကစားသမားဘဝ ခြေစွမ်းတိုးတက်ဖို့ ပုံမှန်ပွဲကစားခွင့်တွေ စီစဉ်ပေးသွားရမှာဖြစ်တယ်။ ဆွမ်ဆီးမန်နေဂျာကူပါဟာ ဘရူးစတားရဲ့ နည်းပြဟောင်းဖြစ်ကာ အငှားချပေးရင် ပုံမှန်ပွဲကစားခွင့် ရစေရမယ်လို့ အာမခံထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘရူးစတားကို အငွားခ်ေရးကိစၥ အဆင္မေျပျဖစ္ေနတဲ့ေနာက္ အျပီးသတ္ ေခၚယူဖို႔ ကမ္းလွမ္းေနတဲ့ အသင္းေတြကို သေဘာတူညီခ်က္ ႏွစ္ခ်က္ ေတာင္းမွာျဖစ္ပါတယ္။

တယ္လီဂရပ္က ေဖာ္ျပရာမွာ ဘရူးစတားကို ေခၚယူဖို႔အား နယူးကာဆယ္၊ အက္စတြန္ဗီလာ၊ ပဲေလစ့္တို႔က ကမ္းလွမ္းေပမယ့္ ၄င္းတို႔ရဲ႕ ကမ္းလွမ္းမႈမွာ ပံုမွန္ ပြဲထြက္ခြင့္ေပးမယ့္ အခ်က္ မပါဝင္ပါဘူး။ နယူးကာဆယ္က ဝဲလ္ဆန္ကို အျပီးသတ္ ေခၚယူထားကာ၊ အက္စတြန္ဗီလာက ဝတ္ကင္းကို ေပါင္ ၂၈ သန္းျဖင့္ ေခၚယူထားတယ္။ ပဲေလစ့္ကလည္း ခ်ယ္ဆီးအသင္းမွ ဘတ္ရူဝါရီကို အငွား ေခၚယူၾကာမွာျဖစ္ကာ ဘရူးစတားကိုေတာ့ အရန္အျဖစ္ သံုးဖို႔ပဲ ေခၚယူလိုတာပါ။

ဘရူးစတားကို ေခၚယူလိုတဲ့ ကလပ္ေတြထဲက တစ္သင္းကေတာ့ ဘရိုက္တန္ျဖစ္ျပီး ၄င္းတို႔ရဲ႕ တိုက္စစ္ကစားပံုအရ ဘရူးစတားကို အငွားခ်ေပးတာက စိတ္ဝင္စားစရာ ျဖစ္ေပမယ့္ ပထမအသင္းမွာ ေနရာေပးမလားက မေသခ်ာေသးပါဘူး။ ဘရူးစတားဟာ သူ႔ကစားသမားဘဝမွာ စီနီယာအဆင့္အတြက္ အျမင့္ဆံုးအျဖစ္ ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းအတြက္ပဲ ကစားေပးဖူးတာျဖစ္ပါတယ္။

အငွားကိစၥေတြ အဆင္မေျပေသးေပမယ့္ ေတာင္းဆိုမႈေတြ ရွိလာျခင္းေၾကာင္း ဘရူးစတားကို အျပီးသတ္ေရာင္းဖို႔ကို လီဗာပူးက လက္ခံ စကားေျပာေပးပါမယ္။ ဒါေပမယ့္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၅ သန္းေပးဖို႔နဲ႔ အလိုရွိက ျပန္လည္ဝယ္ယူခြင့္ေပးဖို႔ဆိုတဲ့ ႏွစ္ခ်က္ကို သေဘာတူညီေပးရမွာပါ။

ပထမအခ်က္ အငွားကမ္းလွမ္းမႈေတြမွာ ပံုမွန္ပြဲထြက္ခြင့္ မေပးၾကဘူးဆိုရင္နဲ႔ ဒုတိယအခ်က္ အျပီးသတ္ ေခၚယူဖို႔ အခ်က္ႏွစ္ခ်က္ကို သေဘာမတူဘူးဆိုရင္ေတာ့ လီဗာပူးက ဘရူးစတားကို ပရီးမီးယားလိဂ္ကလပ္ေတြကို လက္လြတ္ေပးမွာ မဟုတ္ပါဘူး။ အဲ့အစား ပံုမွန္ပြဲထြက္ခြင့္ အာမခံခ်က္ေပးတဲ့ ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းထံပဲ ထပ္ျပီး အငွားခ်ေပးဖို႔ပဲ စီစဥ္သြားေတာ့မွာျဖစ္တယ္။

ဘရူးစတားဟာ အလားအလာရွိျခင္းေၾကာင့္ လီဗာပူးဘက္က လက္လြတ္မခံလိုေပမယ့္ သူ႔ရဲ႕ ကစားသမားဘဝ ေျခစြမ္းတိုးတက္ဖို႔ ပံုမွန္ပြဲကစားခြင့္ေတြ စီစဥ္ေပးသြားရမွာျဖစ္တယ္။ ဆြမ္ဆီးမန္ေနဂ်ာကူပါဟာ ဘရူးစတားရဲ႕ နည္းျပေဟာင္းျဖစ္ကာ အငွားခ်ေပးရင္ ပံုမွန္ပြဲကစားခြင့္ ရေစရမယ္လို႔ အာမခံထားတာ ျဖစ္ပါတယ္။