လီဗာပူးအသင်းက ဒီနွေဈေးကွက်မှာ အန်းဒါးလက် လူငယ်တိုက်စစ်သမား ဒိုကူကို ခေါ်ယူဖို့ ပြန်ကမ်းလှမ်းမယ်ဆိုရင် ဘယ်ဂျီယံကလပ်က ရောင်းထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘယ်ဂျီယံလက်ရွေးစင်အတွက် ပါဝင်ကစားပေးပြီး ဂိုးသွင်းယူပေးနိုင်တဲ့နောက်မှာ ဒိုကူနဲ့ လီဗာပူးကြား ချိတ်ဆက်မှု သတင်းတွေကို သိလာရတာပါ။ အန်းဒါးလက်ဘက်က ဒိုကူကို ဒီနွေမှာ ရောင်းထုတ်ပြီးရင်လည်း ၎င်းတို့အသင်းကို ပြန်အငှားချပေးဖို့ သဘောတူရင် ရောင်းထုတ်ပေးမယ်လို့ အသံပစ်လာခြင်း ဖြစ်တယ်။

အန်းဒါးလက်က သူတို့အသင်းရဲ့ အလားအလာအရှိဆုံး လူငယ်တိုက်စစ်မှူးကို မရောင်းထုတ်လိုဘူး။ ဒါပေမယ့်လို့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်နေရခြင်းကြောင့် ပေါင် ၁၀ သန်း လောက် ရမယ်ဆိုရင် ရောင်းထုတ်သွားလိုကြောင်း ဈေးကွက်တင်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဒိူကူရဲ့ ဖခင်ဖြစ်သူက ” ဆာလက်က ဒိုကူ ဂျာစီလက်ဆောင် ပေးခဲ့ပါသေးတယ်။ ကျနေ်ာတို့နဲ့ ကလော့ပ်ကြား ဆွေးနွေးမှုလည်း အချိန်အကြာကြီး လုပ်ခဲ့တယ်။ ကလော့ပ်က ဒိုကူက မာနေးနေရာ ရေရှည် အစားဝင်နိုင်တဲ့ ကစားသမားပဲ လို့ ပြောပြခဲ့သေးတယ် ” ဆိုပြီး ဘယ်ဂျီယံ သတင်းဌာနတွေကို ထုတ်ပြောခဲ့တယ်။

လီဗာပူးအသင်းဟာ ဒိုကူကို အန်ဖီးကွင်းနဲ့ လေ့ကျင့်ရေးကွင်းတွေထံ ခေါ်ဆောင်ခဲ့ကာ ဆာလက်၊ မာနေးလို ကစားသမားတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီး ကလော့ပ်နဲ့ တွေ့ဆုံ စကားပြောစေခဲ့တယ်။ ထိုစဉ်တုန်းကတော့ အပြောင်းအရွှေ့က အပြီးသတ်တဲ့ထိ မရောက်ခဲ့ပါဘူး။ ဒီရက်ပိုင်းမှာ လီဗာပူးနဲ့ ဒိုကူကြား သတင်းတွေ ပြန်တက်လာခဲ့တာဖြစ်ပြီး အန်းဒါးလက်ကတော့ အပြီးသတ် ရောင်းထုတ်ပေးဖို့ စိတ်ဝင်စားတယ်လို့ သတင်းလွှင့်လာခဲ့ခြင်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက ဒီေႏြေစ်းကြက္မွာ အန္းဒါးလက္ လူငယ္တိုက္စစ္သမား ဒိုကူကို ေခၚယူဖို႔ ျပန္ကမ္းလွမ္းမယ္ဆိုရင္ ဘယ္ဂ်ီယံကလပ္က ေရာင္းထုတ္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဘယ္ဂ်ီယံလက္ေရြးစင္အတြက္ ပါဝင္ကစားေပးျပီး ဂိုးသြင္းယူေပးႏုိင္တဲ့ေနာက္မွာ ဒိုကူနဲ႔ လီဗာပူးၾကား ခ်ိတ္ဆက္မႈ သတင္းေတြကို သိလာရတာပါ။ အန္းဒါးလက္ဘက္က ဒိုကူကို ဒီေႏြမွာ ေရာင္းထုတ္ျပီးရင္လည္း ၄င္းတို႔အသင္းကို ျပန္အငွားခ်ေပးဖို႔ သေဘာတူရင္ ေရာင္းထုတ္ေပးမယ္လို႔ အသံပစ္လာျခင္း ျဖစ္တယ္။

အန္းဒါးလက္က သူတုိ႔အသင္းရဲ႕ အလားအလာအရွိဆံုး လူငယ္တိုက္စစ္မွဴးကို မေရာင္းထုတ္လိုဘူး။ ဒါေပမယ့္လို႔ ဘ႑ာေရးဆုိင္ရာ အခက္အခဲေတြကို ရင္ဆိုင္ေနရျခင္းေၾကာင့္ ေပါင္ ၁၀ သန္း ေလာက္ ရမယ္ဆိုရင္ ေရာင္းထုတ္သြားလိုေၾကာင္း ေစ်းကြက္တင္လာခဲ့ျခင္း ျဖစ္ပါတယ္။

ဒိူကူရဲ႕ ဖခင္ျဖစ္သူက ” ဆာလက္က ဒိုကူ ဂ်ာစီလက္ေဆာင္ ေပးခဲ့ပါေသးတယ္။ က်ေန္ာတို႔နဲ႔ ကေလာ့ပ္ၾကား ေဆြးေႏြးမႈလည္း အခ်ိန္အၾကာၾကီး လုပ္ခဲ့တယ္။ ကေလာ့ပ္က ဒိုကူက မာေနးေနရာ ေရရွည္ အစားဝင္ႏုိင္တဲ့ ကစားသမားပဲ လို႔ ေျပာျပခဲ့ေသးတယ္ ” ဆိုျပီး ဘယ္ဂ်ီယံ သတင္းဌာနေတြကို ထုတ္ေျပာခဲ့တယ္။

လီဗာပူးအသင္းဟာ ဒိုကူကို အန္ဖီးကြင္းနဲ႔ ေလ့က်င့္ေရးကြင္းေတြထံ ေခၚေဆာင္ခဲ့ကာ ဆာလက္၊ မာေနးလို ကစားသမားေတြနဲ႔ မိတ္ဆက္ေပးခဲ့ျပီး ကေလာ့ပ္နဲ႔ ေတြ႔ဆံု စကားေျပာေစခဲ့တယ္။ ထိုစဥ္တုန္းကေတာ့ အေျပာင္းအေရႊ႔က အျပီးသတ္တဲ့ထိ မေရာက္ခဲ့ပါဘူး။ ဒီရက္ပိုင္းမွာ လီဗာပူးနဲ႔ ဒိုကူၾကား သတင္းေတြ ျပန္တက္လာခဲ့တာျဖစ္ျပီး အန္းဒါးလက္ကေတာ့ အျပီးသတ္ ေရာင္းထုတ္ေပးဖို႔ စိတ္ဝင္စားတယ္လို႔ သတင္းလႊင့္လာခဲ့ျခင္း ျဖစ္ပါတယ္။