Month

September 2020

တနင်္ဂနွေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးထံ ကမ်းလှမ်းမှု လုပ်နေတယ်လို့ သိထားရပေမယ့် အခုချိန်ထိ ဘရူးစတားကို ခေါ်ယူမှု မပြီးမြောက်သေးတာအတွက် ရှက်ဖီးပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က လူငယ်ကြယ်ပွင့်လေး ကာတစ်ဂျုံးရဲ့ ယုံကြည်မှု ရှိနေမှုကို နှစ်သက်နေကာ ဆယ်ကျော်သက် ကွင်းလယ်လေးဟာ စီနီယာအဆင့်အတွက် တံခါးပွင့်နေပါပြီလို့ ဝန်ခံပြောဆိုပါတယ်။ လိဂ်ဝမ်းကို ဦးဆောင်ထားတဲ့ ဟူးစီးတီးက လီဗာပူး ယူ-၂၃ အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကွင်းလယ်လူ ဘမ်ဝုဒ်ဘမ်းကို အငှားခေါ်ယူဖို့အတွက် စတင်ကာ စကားပြောနေပြီဖြစ်ပါတယ်။ လီဗာပူးအသင်းသားတွေဖြစ်တဲ့ အယ်လီဆန်နဲ့ သီယာဂိုတို့ဟာ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိဘူးဆိုတဲ့… Continue Reading →

လီဗာပူးရဲ့ မျှော်လင့်ချက် ကြယ့်ပွင့်လေး ဂျုံးကို နေရာပေးဖို့နဲ့ ပက်သက်လို့ ကလော့ပ် ထုတ်ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က လူငယ်ကြယ်ပွင့်လေး ကာတစ်ဂျုံးဟာ စီနီယာအဆင့်အတွက် တံခါးပွင့်နေပါပြီလို့ ဝန်ခံပြောဆိုပါတယ်။ ဂျုံးဟာ ထရန့်နောက်ပိုင်း လီဗာပူးရဲ့ အထွန်းတောက်ဆုံး လူငယ်ကစားသမားအဖြစ် နာမည်ရနေသူဖြစ်တယ်။ သူ့ကိုတော့ မနှစ်က ရာသီမှာ စတင်ကာ ပွဲထုတ်ခဲ့ကကာ ဒီရာသီမှာလည်း ဖလားပွဲတွေနဲ့ လူစားဝင် ကစားသမားအသုံးပြုကာ ပွဲတွေကို မိတ်ဆက်ပေးလာဖို့ ရှိနေပါတယ်။ မန်နေဂျာကလော့ပ်က “ ဘောလုံးမှာ ယုံကြည်မှုက အရမ်းကို အရေးကြီးပါတယ်။ လူ ၃၀၊ ၄၀ ရဲ့ရှေ့မှာ ကစားရတာဖြစ်စေ လူပေါင်း ၇၀၀၀၀ လောက်ရဲ့ ရှေ့မှာ… Continue Reading →

လီဗာပူးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်ကို ခေါ်ယူနိုင်ဖို့ ဟူးစီးတီးက ချိတ်ဆက်

လိဂ်ဝမ်းကို ဦးဆောင်ထားတဲ့ ဟူးစီးတီးက လီဗာပူးကွင်းလယ်လူ ဘမ်ဝုဒ်ဘမ်းကို အငှားခေါ်ယူဖို့အတွက် စတင်ကာ စကားပြောနေပြီဖြစ်ပါတယ်။ မနှစ်ကရာသီ အော့ဖိုဒ် ယူနိုက်တက်ကို အငှားထွက်ကစားခဲ့ပြီး ၁၆ ပွဲပဲ ကစားခဲ့ရကာ play-off ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့တဲ့ ဝုဒ်ဘမ်းဟာ လက်ရှိမှာ ယူ-၂၃ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ကစားနေသူပါ။ ဝေလ်းလက်ရွေးစင်ဟာ အနာဂတ်ကို သေချာမသိရသေးဘဲ လူငယ်အသင်းမှာ ဆက်ရှိနေတာဖြစ်တယ်။ ဒီလအစောတုန်းက နယ်သာလန်အဆင့်မြင့်တန်းလိဂ်ကို ပြောင်းဖို့ ရှိခဲ့ပေမယ့် နယ်သာလန်ကလပ် Sparta Rotterdam အသင်းနဲ့ စကားပြောမှုတွေက ဆက်လက်ပြီး တိုးတက်လာခဲ့ခြင်း… Continue Reading →

အာဆင်နယ်နဲ့ပွဲမှာ ဂိုးသမား အယ်လီဆန်နဲ့ ကွင်းလယ်လူ သီယာဂိုတို့ ပါဝင်ပေးဖို့ မသေချာ

လီဗာပူးအသင်းသားတွေဖြစ်တဲ့ အယ်လီဆန်နဲ့ သီယာဂိုတို့ဟာ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိဘူးဆိုတဲ့ အသံတွေ ကျယ်ပြန့်နေပါတယ်။ ဒီသတင်းတွေကို ပေးလာသူတွေက Paul Joyce အပါအဝင် လီဗာပူးသတင်းထောက်တွေပဲဖြစ်ကာ အာဆင်နယ်ပွဲကြို လေ့ကျင့်ရေးအပြည့် လုပ်ဆောင်မှုမှာ သူတို့နှစ်ဦးလုံး ပါဝင်ခဲ့ကြခြင်း မရှိပါဘူး။ ပွဲမကစားခင် နောက်ဆုံး ၄၈ နာရီဟာ အရေးပါတဲ့ လေ့ကျင့်ရေးတွေ အတူတကွ စတင်ရတာဖြစ်ပြီး နှစ်ဦးလုံးက ဒဏ်ရာ ပြဿနာတွေကြောင့် လွဲချော်ခဲ့တယ်လို့ ယူဆနေကြတယ်။ အတည်ပြုသတင်းတွေ ထွက်မလာသေးပေမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းက လေ့ကျင့်မှုတစ်ကြိမ် ထပ်လုပ်မှာဖြစ်ပြီး ပိုမိုရှင်းလင်းတဲ့… Continue Reading →

တောရက်စ်နဲ့ ဆွာရက်စ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာအတွက် အံ့အားသင့်နေတဲ့ မာနေး

လီဗာပူးတိုက်စစ်မှူး မာနေးဟာ အန်ဖီးပရိသတ်တွေရဲ့ အချစ်တော် တိုက်စစ်သမားဟောင်းတွေ ဖြစ်ခဲ့တဲ့ ဖာနန်ဒို တောရက်စ်နဲ့ လူးဝစ် ဆွာရက်စ်တို့ရဲ့ ဂိုးသွင်း မှတ်တမ်းကို ကျော်ဖြတ်သွားခဲ့ပါပြီ။ သတိမထားမိခဲ့ကြပေမယ့် စတမ်းဖိုဒ့်ဘရစ်မှာ သွင်းဂိုး ၂ ဂိုး ရယူခဲ့တာကြောင့် မာနေးဟာ အဆိုပါ တိုက်စစ်မှူးဟောင်း နှစ်ဦးရဲ့ ဂိုးသွင်းမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါ့အပြင် လက်ရှိမှာတော့ မာနေးက လီဗာပူးရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား စာရင်းရဲ့ ထိပ်ဆုံး ၂၀ ထဲကိုပါ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးကစားသမားဘဝ ပွဲပေါင်း… Continue Reading →

အာဆင်နယ်၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကို ဘယ်တော့မှ မထင်မသေးဖို့ ယာဂင်ကလော့ပ် သတိပေး

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က မနှစ်တုန်းက အဆင့် ၈ နေရာက အာဆင်နယ်ကို ရမှတ် ၄၃ မှတ်ထိ အသာရထားခဲ့ပေမယ့် အာဆင်နယ်ကို ဇယားအလယ်က အသင်းတစ်သင်းအဖြစ် ပြောဆိုတာတွေ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။ မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က တားမြစ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ အမ်မရီနဲ့ အာတီတာ အပြောင်းအလဲမှာ အလုပ်တွေ လုပ်နေရတာကြောင့် ရလဒ် ထိခိုက်ခဲ့ပေမယ့် အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလို့ ချီးကျူးပါတယ်။ လီဗာပူးမန်နေဂျာက ” အာဆင်နယ်က မနှစ်က အဆင့် ၈ မှာပဲ… Continue Reading →

တာကူမီဟာ အလီ ဟာဗက်နဲ့ တူညီတဲ့ အရည်အချင်းရှိကြောင်း ဆဲလ်ဘတ်ဒါရိုက်တာ ဖွင့်ဟ

လက်ရှိ ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်ကာ ဘွန်ဒက်လီဂါ မန်နေဂျာဟောင်းလည်းဖြစ်တဲ့ Ralf Rangnick က မီနာမီနိုက လီဗာပူးအတွက် သိပ်ကောင်းတဲ့ ခေါ်ယူမှုလို့ ချီးကျူးပါတယ်။ လက်ရှိ လီဗာပူးမှာ Ralf Rangnick ရဲ့ အသင်းသားဟောင်း ၅ ဦးထိ ရှိထားခဲ့ပြီး မီနာမီနိုက သူတို့ထဲက တစ်ဦးဖြစ်တယ်။ Ralf Rangnick က သူနဲ့ ကလော့ပ်ဟာ တူညီတဲ့ ဘောလုံးစတိုင်တွေ ရှိခြင်းကြောင့် လီဗာပူး ခေါ်ယူတဲ့ ကစားသမားတွေထဲမှာ သူ့အသင်းသားတွေ များရခြင်းလို့ ဆိုပါသေးတယ်။ Ralf… Continue Reading →

ပရိသတ်မရှိတဲ့ အန်ဖီးကွင်းမှာ ရလဒ်ကောင်းအတွက် စိန်ခေါ်လိုက်တဲ့ အာတီတာ

အာဆင်နယ်မန်နေဂျာ အာတီတာက လီဗာပူးက အိမ်ကွင်းအား သိပ်ကောင်းတဲ့အသင်းဖြစ်ကြောင်း ချီးကျူးပေမယ့် အဲ့လို လွှမ်းမိုးမှုကောင်းတာက ပရိသတ်တွေကြောင့်လို့ ဆိုပါတယ်။ လီဗာပူးရဲ့ အိမ်ကွင်းရလဒ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ကာ ၂၀၁၇ ခုနှစ် ဧပရယ်လက ပဲလေစ့်ကို ၁-၂ နဲ့ အရေးနိမ့်ပြီးနောက်ပိုင်း ရံှူးပွဲမရှိရလဒ်ကို ပိုင်ဆိုင်လာခဲ့တာ ၃ နှစ်ကို ကျော်လွန်လာခဲ့ပါပြီ အာတီတာက “ ပရိသတ်တွေကပဲ လီဗာပူးကို ပိုမို အင်အားတောင့်တင်းစေတာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က အန်ဖီးကွင်းကို ပြိုင်ဘက်ကင်းတဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ အသင်းဖြစ်အောင်… Continue Reading →

အန်ဖီးကွင်းမှာ အရံှူးဆိုတဲ့ ခံစားချက် ဘယ်တော့မှ မရှိကြောင်း ယာဂင် ပြော

တနင်္လာနေ့မှာတော့ လီဗာပူးက အာဆင်နယ်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာဖြစ်တယ်။ ပရိသတ် မပါဘဲ ကစားရတဲ့ပွဲဖြစ်ပေမယ့် အန်ဖီးကွင်းကတော့ လီဗာပူးရဲ့ ခံတပ်ကြီး ဖြစ်နေဆဲပါပဲ။ အန်ဖီးကွင်းမှာ နောက်ဆုံးအကြိမ် ရံှူးပွဲတွေ့ထားတာက လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၁၇ ခုနှစ် ဧပရယ်လမှာပဲ ဖြစ်ပါတယ်။ ယာဂင်က ” ဒီကိန်းဂဏန်းတွေအကြောင်း ကျနော် စဉ်းစားချိန်က တစ်ယောက်ယောက်က လာမေးမှ ဖြေပေးဖို့ပါ။ အဲ့အမေးတွေကို ဖြေပြီးသာနဲ့ ကျနော်ကတော့ ချက်ခြင်း မေ့လိုက်တာပါပဲ။ ” လို့ အိမ်ကွင်း ရံှူးပွဲမရှိ စံချိန်နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!