Month

September 2020

အန်ဖီးမှာ ဟယ်ဗီး-မက်တယ် ပေါက်ကွဲမှုဖြင့် ချန်ပီယံခြေစွမ်းပြပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်တဲ့ လီဗာပူး

အန်ဖီးကွင်းမှာ လီဗာပူးက အာဆင်နယ်ကို ရင်ဆိုင်ကစားရာမှာ ရိုဘိုရဲ့ အမှားကနေ လာကာဇက်တီ ဦးဆောင်ဂိုး ရပေမယ့် ပထမပိုင်းမှာ မာနေးနဲ့ ရိုဘို ဒုတိယပိုင်းမှာ ဂျိုတာတို့က ဂိုးတွေ ပြန်သွင်းခဲ့တာကြောင့် ၃-၁ နဲ့ လီဗာပူးက အနိုင်ရခဲ့ပါတယ်။ မန်နေဂျာကလော့ပ်က ပွဲထွက်လူစာရင်းမှာ ဂိုးသမား အယ်လီဆန်ကို ထည့်ခဲ့ပေမယ့် သီယာဂိုကတော့ ဒဏ်ရာကြောင့် အရန်မှာပါ မပါနိုင်ခဲ့ပါဘူး။ ခံစစ်မှူး တစ်နေရာအတွက် ဂိုးမက်စ် ပြန်ပါလာပြီး ဖာဘင်ညို နံပါတ် ၆ နေရာကို ဝင်ကစားခဲ့ကာ မီနာမီနိုနဲ့ ဂျိုတာ… Continue Reading →

အာဆင်နယ်ပွဲကြို ထူးခြားကိစ္စတွေနဲ့ ညနေခင်း နောက်ဆုံးရ လီဗာပူးသတင်းများ

သီယာဂိုနဲ့ အယ်လီဆန်တို့ လီဗာပူးရဲ့ လေ့ကျင့်ရေးတွေ မပါနိုင်ခြင်းက ကိုဗစ်-၁၉ စစ်ဆေးမှုတွေကြောင့် ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ စစ်ဆေးချက် ရလဒ်က ဒီကနေ့မှာ ထွက်လာခဲ့ပြီး ပိုးမတွေ့တာကြောင့် နှစ်ဦးလုံးက အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အယ်လီဆန်က ဒီကနေ့ ပွဲကြိုမှာ အင်စတာဂရမ်အကောင့်က My Day ကနေ ပွဲနေ့ပုံကို တင်ခဲ့ပါတယ်။ အယ်လီဆန်ဟာ ပွဲနေ့တိုင်းမှာ သူ့ရဲ့ အကောင့်ကနေ ပွဲနေ့ပုံကို ပုံမှန်တင်လေ့ ရှိပါတယ်။ ဒီကနေ့ပွဲမှာ မန်နေဂျာကလော့ပ်က ဂျိုတာကို ထုတ်သုံးမယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က… Continue Reading →

လီဗာပူးကို ပြောင်းလာဖို့ ရွေးချယ်ပေးကြတာအတွက် အသင်းဖော်သစ်တွေကို ဟန်ဒို ကျေးဇူးတင်စကားဆို

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အသင်းရဲ့ ကစားသမားသစ် သုံးဦးလုံးကို ကြိုဆိုကြောင်းနဲ့ လီဗာပူးကို ရွေးချယ်ပေးကြတာအတွက်လည်း ကျေးဇူးတင်ကြောင်းကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောလိုက်ပါတယ်။ ဟန်ဒိုက “ ကံကောင်းစွာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာရတာက ကစားပွဲတွေမှာ ပရိသတ်တစ်ယောက်လို ခံစားချက်တွေ ရှိနေမှာ မဟုတ်ဘူးဆိုတာက မမှန်ပါဘူး။ ကျနေ်ာတို့ကလည်း ဘောလုံးကစားရတာကို မြတ်နိုပြီး ကျနေ်ာတို့ ကိုယ်တိုင်လည်း ပရိသတ်တွေပါ။ အဲ့တာက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျနော်ဟာ ကစားသမား မဖြစ်လာခင်မှာ ဘောလုံးပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ဘောလုံးသမားဘဝ အဆုံးသတ်ပြီးရင်လည်း ပရိသတ်တစ်ဦး… Continue Reading →

ဘရူးစတားအတွက် ယာဂင်ထံ ပုဂ္ဂိုလ်ရေး ချိတ်ဆက်မှုပါ လုပ်ထားတဲ့ ခရစ် ဝိုက်ဒါ

ရှက်ဖီးယူနိုက်တက် မန်နေဂျာ ဘရစ်ဝိုက်ဒါက ဘရူးစတားကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုထားပေမယ့် အချိန်တွေ ကုန်လာနေချိန်မှာ သဘောတူညီမှု မရသေးကြောင်းကို ဝန်ခံပါတယ်။ လီဗာပူး တိုက်စစ်မှူး ဘရူးစတားအတွက် ပေါင် ၂၅ သန်း ဝန်းကျင်ထိ တောင်းဆိုနေပြီး အလိုရှိရင် ပြန်လည် ဝယ်ယူခွင့် သဘောတူညီမှုကို ထည့်သွင်းလိုတယ်။ ဒါပေမယ့်လို့ လီဗာပူးရဲ့ တောင်းဆိုမှုတွေကို ပေးဖို့ကတော့ အခုချိန်ထိ သဘောတူညီမှု မရှိသေးဘူးလို့ ယူဆရတယ်။ ခရစ် ဝိုက်ဒါက ” အသင်းအပေါ်မှာပဲ ကျနော်က အာရုံစိုက်ထားပါတယ်။ ဒါပေမယ့်… Continue Reading →

လီဗာပူးရဲ့ လွှမ်းမိုးမှုကို တားဆီးဖို့အတွက် ရပ်တန့်ရမယ့် အသင်းသား နှစ်ဦးကို ကီယွန် ထုတ်ဖော်

ဂန်းနားဟောင်းကြီး မာတင်ကီယွန်က အာဆင်နယ်က လီဗာပူးရဲ့ လွှမ်းမိုးကစားမှုကို ရပ်လိုရင် ကစားသမား နှစ်ဦးကို သေချာပေါက် ရပ်တန့်နိုင်ရမယ်လို့ ပြောဆိုပါတယ်။ ယခင်တွေ့ဆုံမှုတွေမှာ အာဆင်နယ်က အနိုင်ရခဲ့တာက ဒီကစားသမား နှစ်ဦးရဲ့ ခြေစွမ်းကို အကောင်းဆုံး မပြသနိုင်အောင် ရပ်တန့်နိုင်ခြင်းကြောင့်လို့လည်း ကီယွန်က မြင်ပါတယ်။ ကီယွန်က ” လီဗာပူးကို ရင်ဆိုင်ကစား ဒီတလော အာဆင်နယ်အသင်း အသာရနေမှုတွေမှာ ရော်ဘတ်တို ဖာမင်နိုရဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ်ဖြစ်အောင် လုပ်နိုင်တာနဲ့ ဖာဘင်ညိုရဲ့ ပူးပေါင်းပါဝင်မှုကို တားဆီးနိုင်တာကြောင့် ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းက… Continue Reading →

လီဗာပူးက ပွဲတိုင်း အထင်ကြီးစရာ မကောင်းပေမယ့် အဲ့တာကိုက ကြောက်ဖို့ ကောင်းနေတယ်

ဥရောပဘောလုံး ဂျာနယ်လစ် တွမ်ဝီလီယမ်က စကိုင်းစပေါ့ရဲ့ ဘောလုံးအစီအစဉ်မှာ စကားပြောစဉ် လီဗာပူးရဲ့ အထင်ကြီးစရာကောင်းတဲ့ အားသာချက်ကို ထုတ်ပြောခဲ့ပါတယ်။ သူက ကုန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ လီဗာပူးက တိုးတက်မှုတွေ တဆင့်ခြင်း မြင့်တင်လာတဲ့ အသင်းဖြစ်ကာ ယခင်က ပေါက်ကွဲကစားတဲ့ ကစားဟန်ကနေ ပိုမို ညက်ညောတဲ့ ကစားဟန်ဖြစ်လာတာကို ထောက်ပြခဲ့တယ်။ ဒါ့အပြင် လီဗာပူးက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ပွဲကို အမြဲတမ်း အနိုင်မယူပေမယ့် အနိုင်ရတဲ့ အသင်းကတော့ လီဗာပူးဖြစ်သွားတာချည်းပဲလို့ ဆိုပါသေးတယ်။ တွမ်ဝီလီယမ်က ” လီဗာပူးက… Continue Reading →

အပြောင်းအရွှေ့ မပိတ်ခင် ခံစစ်မှူးသစ် ရောက်လာဖွယ် မရှိဘူးလို့ ကလော့ပ် သတင်းပေး

မန်နေဂျာယာဂင်ကလော့ပ်က အပြောင်းအရွှေ့ မပိတ်ခင်မှာ ခံစစ်မှူးတစ်ဦး အသင်းကို ရောက်လာတာမျိုး ဖြစ်လာဖွယ် မရှိကြောင်းကို သတင်းပေးလိုက်ပါတယ်။ ဒီနွေဈေးကွက်ကနေ လီဗာပူးအသင်းက ဘယ်အစွန်လူ ကိုစတက်၊ ကွင်းလယ်လူ သီယာဂိုနဲ့ တိုက်စစ်သမား ဂျိုတာတို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပါပြီ။ ဒါပေမယ့်လို့ လိုဗရန်ကို လက်လွတ်ထားရသလို မာတစ် မကြာခဏ ဒဏ်ရာရတတ်တဲ့ အနေအထားကြောင့် ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူပေးဖို့ အသင်းပရိသတ်တွေဘက်က မျှော်လင့်နေတာပါ။ ဈေးကွက်ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပြီး လီဗာပူးဘက်က ကစားသမား အဝင် ရှိတော့မှာ မဟုတ်သလို… Continue Reading →

လီဗာပူးအသင်းလည်း အနှေးနဲ့ အမြန် ရင်ဆိုင်လာရမယ့် အငြင်းပွားဖွယ် ဒိုင်ဆုံးဖြတ်ချက်များ

မနေ့ညကပွဲမှာ နယူးကာဆယ်နဲ့ စပါးတို့ ယှဉ်ပြိုင်ကစားစဉ် နောက်ဆုံးမိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီအတွက် နယူးကာဆယ်မန်နေဂျာ စတိဗ်ဘရုစ် ကိုယ်တိုင်ကော လီဗာပူးကစားသမားဟောင်း ကာရေဂါပါ စည်းမျဉ်းသစ်ကို ကန့်ကွက်မှု လုပ်ခဲ့ကြပါတယ်။ ဒိုင်ယာရဲ့ လက်ထိဘောကြောင့် အကျိုးအမြတ်ရခဲ့တဲ့ အသင်းက နယူးကာဆယ်ဖြစ်ပေမယ့် မန်နေဂျာ စတိဗ်ဘရုစ်က ဒီဆုံးဖြတ်ချက်ကို မပျော်ပါဘူးလို့ ဝန်ခံတယ်။ အန်ဒီကာရိုးရဲ့ ခေါင်းတိုက်မှုဟာ ဒိုင်ယာရဲ့ လက်နဲ့ ထိခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်မပါတဲ့ အနေအထားဖြစ်သလို ဂိုးလည်း မရနိုင်ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်ပေးခဲ့တာဖြစ်တယ်။ စတိဗ်ဘရုစ်ကိုယ်တိုင်က “ရခဲ့တဲ့ ပင်နယ်တီက အဓိပ္ပာယ်မရှိဘူး”… Continue Reading →

ဝဲလ်ဆန်အတွက် ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းမှုနဲ့ လီဗာပူး အပြောင်းအရွှေ့ သတင်းများ

ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းဟာ လီဗာပူးတိုက်စစ်သမား ဝဲလ်ဆန်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပေးပို့ထားပြီဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။ ဘန်လေဘက်က ကမ်းလှမ်းမှုက ကနဦး ပေါင် ၁၂ သန်းဖြစ်ကာ ထပ်တိုး ပေါင် ၄ သန်း ပါဝင်မှာဖြစ်တယ်။ လီဗာပူးအသင်းဟာ ဝဲလ်ဆန်ကို သေချာပေါက် ရောင်းထုတ်မှာ ဖြစ်ပေမယ့် လိုချင်တဲ့ ပြောင်းရွှေ့ကြေးတော့ မရဘဲ ဘန်လေရဲ့ ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းမှုဟာ လက်ရှိ အချိန်ထိ ရထားတဲ့ အမြင့်ဆုံး ကမ်းလှမ်းမှုဖြစ်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!