အန်ဖီးကွင်းမှာ လီဗာပူးက အာဆင်နယ်ကို ရင်ဆိုင်ကစားရာမှာ ရိုဘိုရဲ့ အမှားကနေ လာကာဇက်တီ ဦးဆောင်ဂိုး ရပေမယ့် ပထမပိုင်းမှာ မာနေးနဲ့ ရိုဘို ဒုတိယပိုင်းမှာ ဂျိုတာတို့က ဂိုးတွေ ပြန်သွင်းခဲ့တာကြောင့် ၃-၁ နဲ့ လီဗာပူးက အနိုင်ရခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က ပွဲထွက်လူစာရင်းမှာ ဂိုးသမား အယ်လီဆန်ကို ထည့်ခဲ့ပေမယ့် သီယာဂိုကတော့ ဒဏ်ရာကြောင့် အရန်မှာပါ မပါနိုင်ခဲ့ပါဘူး။ ခံစစ်မှူး တစ်နေရာအတွက် ဂိုးမက်စ် ပြန်ပါလာပြီး ဖာဘင်ညို နံပါတ် ၆ နေရာကို ဝင်ကစားခဲ့ကာ မီနာမီနိုနဲ့ ဂျိုတာ တို့ကိုတော့ အရန်စာရင်းမှာ ထည့်ခဲ့ပါတယ်။

ပွဲစကတည်းက လီဗာပူးအသင်းကပဲ လွှမ်းမိုးကစားခဲ့သလို ပိုင်ဆိုင်မှုနဲ့ ပေးချက်တွေမှာလည်း သာစီး ရယူနိုင်ခဲ့တယ်။ ပွဲအတွင်းကို မိနစ်တွေ စပြီး ဝင်ရောက်လာလေ လီဗာပူးရဲ့ လှုပ်ရှားမှုတွေက ပိုမို တက်ကြွလာလေဆိုတဲ့ အနေအထားဖြစ်တယ်။ လီဗာပူးက ဘောလုံး ဖြန့်ဝေမှုတွေ ကောင်းမွန်သလို ပြန်ဆယ်မှုတွေ သိပ်ကောင်းခဲ့ပြီး ခံစစ်ကနေ တိုက်စစ်ကို ချိတ်ဆက်မှုတင် မကဘဲ ကွင်းလယ်ကနေ တိုက်စစ်ကို ချိတ်ဆက်မှုပါ ကောင်းမွန်ပါတယ်။

မာနေးရဲ့ တိုးအား ဖာမင်နိုရဲ့ ဘောလုံး ထိန်းချုပ်မှုတွေအပြင် ဗန်ဒိုက်ရဲ့ ဆာလက်ကိုကော မာနေးကိုပါ တိကျတဲ့ ပေးပို့နိုင်မှုတွေက ပွဲစကတည်းက ကစားပုံကို မြိုင်စေခဲ့တယ်။ ပွဲအစောမှာပဲ မာနေး တွန်းတွန်းတိုက်တိုက် ကစားရာမှာ လက်ပါခဲ့တာကို ကွင်းလယ်ဒိုင်က အဝါကဒ်ပဲ ပေးတာကတော့ ပြိုင်ဘက်တွေအတွက် ပြောစရာဖြစ်ခဲ့နိုင်ပေမယ့် မာနေးကိုယ်တိုင်က လူကို ထိခိုက်လိုစိတ်ထက် သူ့ပုံစံအတိုင်း ခပ်မာမာ ကစားခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ အကောင်းဆုံး ကစားနေပေမယ့် ဂိုးစရတာက အာဆင်နယ် ဖြစ်ပါတယ်။ ခံစစ်ကို ပြန်ပြေးဆင်းလာတဲ့ ရော်ဘတ်ဆန် မမျှော်လင့်တဲ့ ဘောလုံး ထိချက် အမှားကနေ ဘောလုံးက ရှေ့ကို ထွက်ရမယ့်အစား ဂိုးသမားထံ နောက်ပြန်ပတ်သလိုဖြစ်ပြီး တိုက်စစ်လိုက်ရင်း ကျန်နေတဲ့ လာကာဇက်က ပိတ်သွင်းသွားခဲ့တာပါ။

ရော်ဘတ်ဆန်ရဲ့ မမျှော်လင့်တဲ့ အမှားကို မေ့ထားလိုက်မယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ၄၅ မိနစ်ကို မြင်ထားရတာ ဖြစ်ပါတယ်။ ဒီရာသီကို စတင်လာကတည်းက လီဗာပူး ကစားခဲ့တဲ့ ၄၅ မိနစ်လောက် ကောင်းကောင်းကစားပြနိုင်တဲ့အသင်း မရှိသေးပါဘူး။

ဂိုးပေးရပြီးနောက် လီဗာပူးရဲ့ ကစားပုံက ပိုပြီး ပြတ်သားလာခဲ့တယ်။ ရော်ဘတ်ဆန်က သူ့ကြောင့် ဂိုးပေးရခြင်းကြောင့် ကစားပုံ မီးတောက်ခဲ့သလို မာနေးကလည်း သားရိုင်းတစ်ကောင်လို မာထန်တဲ့ ကစားပုံတွေနဲ့ မွှေနောက်ခဲ့တယ်။ တီရာနေးတစ်ယောက် ဆာလက်ရဲ့ မြန်နှုန်းကို ထိန်းဖို့ ခက်နေတာကလည်း လီဗာပူးရဲ့ ကစားပုံကို ပိုမြိုင်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

ဦးဆောင်ဂိုး ပေးရပြီးကတည်းက လီဗာပူးကစားပုံ သိပ်ကောင်းခဲ့တယ်။ အဲ ထရန့်ရဲ့ အဝေးကန်ချက် သိပ်ကောင်းခဲ့ပေမယ့် လူထိပြီး ဘာတိုင်ထိထွက်ခဲ့တာ၊ မာနေးရဲ့ ပိတ်သွင်းမှု လီနို ကာကွယ်ပုံ သိပ်ကောင်းတာကိုလည်း ထည့်ပြောရပါမယ်။ အကောင်းဆုံး ထိုးဖောက်နေတဲ့ လီဗာပူးက ခပ်မြန်မြန် ကစားမှုတွေနဲ့ ၆ မိနစ်အတွင်း ခြေပဂိုးကော ဦးဆောင်ဂိုးကော ခပ်မြန်မြန် ပြန်သွင်းယူနိုင်ခဲ့တာကလည်း အားရစရာ ကောင်းပါတယ်။

ညာခြမ်းက ထရန့်ဟာ အူဘာကို ထိန်းနေရတာကြောင့် တိုက်စစ်ကို လွတ်လပ်စွာ မလိုက်နိုင်ပေမယ့် အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးတဲ့ ရိုဘိုအတွက် အကောင်းဆုံး ဖြတ်တင်ဘော လုပ်ပေးခဲ့ပါတယ်။ ရိုဘိုအတွက်ကတော့ အာဆင်နယ်ရဲ့ သွင်းဂိုးက သူ့အမှားဆိုပေမယ့် အသင်းအတွက် ဦးဆောင်ဂိုးက သူ့ကြောင့် ရလိုက်တာဖြစ်လို့ စိတ်သက်သာရာရပါလိမ့်မယ်။

ပထမဂိုး သွင်းပေးခဲ့တဲ့ မာနေးရဲ့ ကြိုးစားမှုနဲ့အတူ အဆိုပါဂိုးအတွက် ညာတောင်ပံက ဆာလက်ရဲ့ မြန်နှုန်းမြင့် ထိုးဖောက်မှုကလည်း လက်ဖျားခါစရာဖြစ်တယ်။ မာနေးရဲ့ သွင်းဂိုးဟာ လီဗာပူးရဲ့ တိုက်စစ် တွဲဘက် ကစားဟန်ကနေ ရတာလို့လည်း ပြောနိုင်ပါတယ်။ ပထမတစ်ပိုင်းလုံး အာဆင်နယ်ကို ဘောလုံးကိုင်ခွင့် မပေးသလို တရစပ်ကို တင်ကစားနေတာပါ။ လီဗာပူး ဘောလုံးပိုင်ဆိုင်မှု ၇၀% ကိုင်ထားပြီး ပေးချက်က အာဆင်နယ်အသင်းထက်လည်း အကြိမ် ၂၂၀ လောက် ပိုများပါတယ်။

လီဗာပူးက ကောင်းလွန်းပေမယ့် အာဆင်နယ်ကလည်း ဒီပွဲအတွက် အကောင်းဆုံး ပြင်ထားခဲ့တယ်။ အာဆင်နယ်က ကောင်းတာပြန်တိုက်ဖို့ ပြင်ဆင်ထားတဲ့ အသင်းဖြစ်ပြီး တစ်ကယ်လည်း အခွင့်အရေး နှစ်ကြိမ် သုံးကြိမ်လောက်ကို တိုက်ရိုက် ပေးမှုတွေနဲ့ ပြန်ဖောက်နေပါတယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ ဘောလုံးပေးသူတွေ မပြတ်သားခြင်းက လူကျွံဘောပဲ လေးကြိမ် ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လူစားလဲမှုတွေ မရှိဘဲ လီဗာပူးက ပွဲကို ထိန်းချုပ်ခဲ့တယ်။ လီဗာပူးက ထိုးဖောက်မှုတွေ လုပ်ဖို့ အရမ်း စိတ်ရှည်တယ်၊ ပြင်းပြင်းထန်ထန် အားထုတ်တယ်။ ဘောလုံးပိုင်ဆိုင်ချိန်ကော၊ မပိုင်ချိန်မှာပါ လှုပ်ရှားမှုတွေ သိပ်ကောင်းပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်ဘက်က ခံစစ်လိုင်းကို တင်လိုက် ချလိုက် ကစားကြည့်ပေမယ့် မအောင်မြင်ဘူး။ သူတို့ ဖိအားပေးမှုကို မြင့်လိုက်၊ ချလိုက် လုပ်ကြည့်ပေမယ့်လည်း မအောင်မြင်ပါဘူး။

ဒါပေမယ့်လို့ ပြောခဲ့တဲ့အတိုင်း အာဆင်နယ်က ကောင်တာကို ကြိုတင်ပြင်ဆင်လာတဲ့ အသင်းဖြစ်လို့ သူတို့ရဲ့ ပေးချက်တွေကလည်း တကယ်ကို ကောင်းလွန်းပါတယ်။ လီဗာပူးက ခံစစ်လိုင်းကို မြင့်မယ်ဆိုတာကို အာတီတာ အပိုင်တွက်ထားပြီး ဒီလိုင်းကို ကျော်ဖို့ တိုက်ရိုက် ပေးတဲ့ ဘောလုံးတွေက ပွဲကို အပြီးသတ်နိုင်လောက်တဲ့ ပေးချက်တွေပါပဲ။ ခပ်ရင့်ရင့်ပြောရရင် လာကာဖက် ဖျင်းလွန်းလို့တာ လီဗာပူး ကံကောင်းခဲ့တာပါ။

ဂိုးသမား အယ်လီဆန်ကလည်း ဒီပွဲမှာ နေရာယူမှု ဘောလုံးဖြန့်မှု အတော်ကောင်းခဲ့တယ်။ ဆာလက် ဂိုးမရပေမယ့် အာဆင်နယ် နောက်တန်းက သူ့ကို ထိန်းဖို့ အလုပ်ရှုပ်နေကာ ဖာမင်နို၊ မာနေး၊ ကိတ်တာနဲ့ ဝိုက်နယ်ဒမ်တို့ရဲ့ ဖိအားပေးမှုကလည်း ညီညာကာ အချက်ကျလွန်းပါတယ်။

ကလော့ပ်က မာနေးကို ဂျိုတာနဲ့ လူစားလဲခဲ့တယ်။ နည်းစနစ်ပိုင်းကြောင်း လူစားလဲတယ်လို့ ယူဆရပြီး ဂျိုတာ ဝင်လာပြီးနောက် ဘယ်ခြမ်း ကစားပုံက ကျသွားခြင်းမျိုး မရှိခဲ့ပါဘူး။ ဂျိုတာက လီဗာပူးအတွက် လာဘ်ကောင်လို့ ယူဆစရာရှိတာက သူက ကစားချိန် ၁၀ မိနစ်ကျော်မှာ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ထက်တောင် အခွင့်အရေး ပိုရပါသေးတယ်။

အကယ်လို့ အခွင့်အရေးတိုင်း သူ အသုံးချနိုင်ရင် hat-trick တောင် ကျော်သွားနိုင်ပါတယ်။ ဘာပဲပြောပြော ဂျိုတာကလည်း လီဗာပူးအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါပြီ။ ဒီပွဲမှာ ဖာဘင်ညို၊ ဗန်ဒိုက်၊ ရိုဘိုတို့ရဲ့ ဘောလုံးဖြန့်မှု၊ ဘောလုံးဖျက်မှုတွေကလည်း သိပ်ကောင်းခဲ့တာကို မြင်ခဲ့ရမှာပါ။

နောက်ဆုံးအနေနဲ့ ဒီပွဲပြီး သုံးသပ်ချက်က ကြည့်ခဲ့ရတဲ့ မိနစ် ၉၀ ပွဲကို ပွဲပြီးမှ လက်တန်း ပြန်ရေးတာဖြစ်လို့ အစီအစဉ်မကျတာ၊ ကျန်ခဲ့တာတွေ ရှိနိုင်ပါတယ်။ နားလည်ပေးကြဖို့ မျှော်လင့်ရင်း လီဗာပူးဟာ ရာသီစ ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်ဖြစ်ကြောင်းနဲ့ နိဂုံးချုပ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ လီဗာပူးက အာဆင္နယ္ကို ရင္ဆုိင္ကစားရာမွာ ရိုဘိုရဲ႕ အမွားကေန လာကာဇက္တီ ဦးေဆာင္ဂိုး ရေပမယ့္ ပထမပိုင္းမွာ မာေနးနဲ႔ ရိုဘို ဒုတိယပိုင္းမွာ ဂ်ိဳတာတို႔က ဂိုးေတြ ျပန္သြင္းခဲ့တာေၾကာင့္ ၃-၁ နဲ႔ လီဗာပူးက အႏုိင္ရခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ပြဲထြက္လူစာရင္းမွာ ဂိုးသမား အယ္လီဆန္ကို ထည့္ခဲ့ေပမယ့္ သီယာဂိုကေတာ့ ဒဏ္ရာေၾကာင့္ အရန္မွာပါ မပါႏိုင္ခဲ့ပါဘူး။ ခံစစ္မႉး တစ္ေနရာအတြက္ ဂိုးမက္စ္ ျပန္ပါလာၿပီး ဖာဘင္ညိဳ နံပါတ္ ၆ ေနရာကို ဝင္ကစားခဲ့ကာ မီနာမီႏိုနဲ႔ ဂ်ိဳတာ တို႔ကိုေတာ့ အရန္စာရင္းမွာ ထည့္ခဲ့ပါတယ္။

ပြဲစကတည္းက လီဗာပူးအသင္းကပဲ လႊမ္းမိုးကစားခဲ့သလို ပိုင္ဆိုင္မႈနဲ႔ ေပးခ်က္ေတြမွာလည္း သာစီး ရယူႏုိင္ခဲ့တယ္။ ပြဲအတြင္းကို မိနစ္ေတြ စျပီး ဝင္ေရာက္လာေလ လီဗာပူးရဲ႕ လႈပ္ရွားမႈေတြက ပိုမို တက္ၾကြလာေလဆိုတဲ့ အေနအထားျဖစ္တယ္။ လီဗာပူးက ေဘာလံုး ျဖန္႔ေဝမႈေတြ ေကာင္းမြန္သလို ျပန္ဆယ္မႈေတြ သိပ္ေကာင္းခဲ့ျပီး ခံစစ္ကေန တိုက္စစ္ကို ခ်ိတ္ဆက္မႈတင္ မကဘဲ ကြင္းလယ္ကေန တိုက္စစ္ကို ခ်ိတ္ဆက္မႈပါ ေကာင္းမြန္ပါတယ္။

မာေနးရဲ႕ တိုးအား ဖာမင္ႏိုရဲ႕ ေဘာလံုး ထိန္းခ်ဳပ္မႈေတြအျပင္ ဗန္ဒိုက္ရဲ႕ ဆာလက္ကိုေကာ မာေနးကိုပါ တိက်တဲ့ ေပးပို႔ႏုိင္မႈေတြက ပြဲစကတည္းက ကစားပံုကို ျမိဳင္ေစခဲ့တယ္။ ပြဲအေစာမွာပဲ မာေနး တြန္းတြန္းတိုက္တိုက္ ကစားရာမွာ လက္ပါခဲ့တာကို ကြင္းလယ္ဒိုင္က အဝါကဒ္ပဲ ေပးတာကေတာ့ ျပိဳင္ဘက္ေတြအတြက္ ေျပာစရာျဖစ္ခဲ့ႏုိင္ေပမယ့္ မာေနးကိုယ္တိုင္က လူကို ထိခိုက္လိုစိတ္ထက္ သူ႔ပံုစံအတိုင္း ခပ္မာမာ ကစားခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အေကာင္းဆံုး ကစားေနေပမယ့္ ဂိုးစရတာက အာဆင္နယ္ ျဖစ္ပါတယ္။ ခံစစ္ကို ျပန္ေျပးဆင္းလာတဲ့ ေရာ္ဘတ္ဆန္ မေမွ်ာ္လင့္တဲ့ ေဘာလံုး ထိခ်က္ အမွားကေန ေဘာလံုးက ေရွ႔ကို ထြက္ရမယ့္အစား ဂိုးသမားထံ ေနာက္ျပန္ပတ္သလိုျဖစ္ျပီး တိုက္စစ္လိုက္ရင္း က်န္ေနတဲ့ လာကာဇက္က ပိတ္သြင္းသြားခဲ့တာပါ။

ေရာ္ဘတ္ဆန္ရဲ႕ မေမွ်ာ္လင့္တဲ့ အမွားကို ေမ့ထားလိုက္မယ္ဆိုရင္ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ၄၅ မိနစ္ကို ျမင္ထားရတာ ျဖစ္ပါတယ္။ ဒီရာသီကို စတင္လာကတည္းက လီဗာပူး ကစားခဲ့တဲ့ ၄၅ မိနစ္ေလာက္ ေကာင္းေကာင္းကစားျပႏိုင္တဲ့အသင္း မရွိေသးပါဘူး။

ဂိုးေပးရျပီးေနာက္ လီဗာပူးရဲ႕ ကစားပံုက ပိုျပီး ျပတ္သားလာခဲ့တယ္။ ေရာ္ဘတ္ဆန္က သူ႔ေၾကာင့္ ဂိုးေပးရျခင္းေၾကာင့္ ကစားပံု မီးေတာက္ခဲ့သလို မာေနးကလည္း သားရိုင္းတစ္ေကာင္လို မာထန္တဲ့ ကစားပံုေတြနဲ႔ ေမႊေနာက္ခဲ့တယ္။ တီရာေနးတစ္ေယာက္ ဆာလက္ရဲ႕ ျမန္ႏႈန္းကို ထိန္းဖို႔ ခက္ေနတာကလည္း လီဗာပူးရဲ႕ ကစားပံုကို ပိုျမိဳင္ေစတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။

ဦးေဆာင္ဂိုး ေပးရျပီးကတည္းက လီဗာပူးကစားပံု သိပ္ေကာင္းခဲ့တယ္။ အဲ ထရန္႔ရဲ႕ အေဝးကန္ခ်က္ သိပ္ေကာင္းခဲ့ေပမယ့္ လူထိျပီး ဘာတိုင္ထိထြက္ခဲ့တာ၊ မာေနးရဲ႕ ပိတ္သြင္းမႈ လီႏို ကာကြယ္ပံု သိပ္ေကာင္းတာကိုလည္း ထည့္ေျပာရပါမယ္။ အေကာင္းဆံုး ထိုးေဖာက္ေနတဲ့ လီဗာပူးက ခပ္ျမန္ျမန္ ကစားမႈေတြနဲ႔ ၆ မိနစ္အတြင္း ေျခပဂိုးေကာ ဦးေဆာင္ဂိုးေကာ ခပ္ျမန္ျမန္ ျပန္သြင္းယူႏုိင္ခဲ့တာကလည္း အားရစရာ ေကာင္းပါတယ္။

ညာျခမ္းက ထရန္႔ဟာ အူဘာကို ထိန္းေနရတာေၾကာင့္ တိုက္စစ္ကို လြတ္လပ္စြာ မလိုက္ႏုိင္ေပမယ့္ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းေပးတဲ့ ရိုဘိုအတြက္ အေကာင္းဆံုး ျဖတ္တင္ေဘာ လုပ္ေပးခဲ့ပါတယ္။ ႐ိုဘိုအတြက္ကေတာ့ အာဆင္နယ္ရဲ႕ သြင္းဂိုးက သူ႔အမွားဆိုေပမယ့္ အသင္းအတြက္ ဦးေဆာင္ဂိုးက သူ႔ေၾကာင့္ ရလိုက္တာျဖစ္လို႔ စိတ္သက္သာရာရပါလိမ့္မယ္။

ပထမဂိုး သြင္းေပးခဲ့တဲ့ မာေနးရဲ႕ ၾကိဳးစားမႈနဲ႔အတူ အဆိုပါဂိုးအတြက္ ညာေတာင္ပံက ဆာလက္ရဲ႕ ျမန္ႏႈန္းျမင့္ ထိုးေဖာက္မႈကလည္း လက္ဖ်ားခါစရာျဖစ္တယ္။ မာေနးရဲ႕ သြင္းဂိုးဟာ လီဗာပူးရဲ႕ တိုက္စစ္ တြဲဘက္ ကစားဟန္ကေန ရတာလို႔လည္း ေျပာႏုိင္ပါတယ္။ ပထမတစ္ပိုင္းလံုး အာဆင္နယ္ကို ေဘာလုံးကိုင္ခြင့္ မေပးသလို တရစပ္ကို တင္ကစားေနတာပါ။ လီဗာပူး ေဘာလုံးပိုင္ဆိုင္မႈ ၇၀% ကိုင္ထားၿပီး ေပးခ်က္က အာဆင္နယ္အသင္းထက္လည္း အႀကိမ္ ၂၂၀ ေလာက္ ပိုမ်ားပါတယ္။

လီဗာပူးက ေကာင္းလြန္းေပမယ့္ အာဆင္နယ္ကလည္း ဒီပြဲအတြက္ အေကာင္းဆံုး ျပင္ထားခဲ့တယ္။ အာဆင္နယ္က ေကာင္းတာျပန္တိုက္ဖို႔ ျပင္ဆင္ထားတဲ့ အသင္းျဖစ္ၿပီး တစ္ကယ္လည္း အခြင့္အေရး ႏွစ္ႀကိမ္ သုံးႀကိမ္ေလာက္ကို တိုက္႐ိုက္ ေပးမႈေတြနဲ႔ ျပန္ေဖာက္ေနပါတယ္။ ဒါေပမယ့္လို႔ သူတို႔ရဲ႕ ေဘာလံုးေပးသူေတြ မျပတ္သားျခင္းက လူကၽြံေဘာပဲ ေလးၾကိမ္ ျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း လူစားလဲမႈေတြ မရွိဘဲ လီဗာပူးက ပြဲကို ထိန္းခ်ဳပ္ခဲ့တယ္။ လီဗာပူးက ထိုးေဖာက္မႈေတြ လုပ္ဖို႔ အရမ္း စိတ္ရွည္တယ္၊ ျပင္းျပင္းထန္ထန္ အားထုတ္တယ္။ ေဘာလုံးပိုင္ဆိုင္ခ်ိန္ေကာ၊ မပိုင္ခ်ိန္မွာပါ လႈပ္ရွားမႈေတြ သိပ္ေကာင္းပါတယ္။ ဒါေၾကာင့္လည္း အာဆင္နယ္ဘက္က ခံစစ္လိုင္းကို တင္လိုက္ ခ်လိုက္ ကစားၾကည့္ေပမယ့္ မေအာင္ျမင္ဘူး။ သူတို႔ ဖိအားေပးမႈကို ျမင့္လိုက္၊ ခ်လိုက္ လုပ္ၾကည့္ေပမယ့္လည္း မေအာင္ျမင္ပါဘူး။

ဒါေပမယ့္လို႔ ေျပာခဲ့တဲ့အတုိင္း အာဆင္နယ္က ေကာင္တာကို ၾကိဳတင္ျပင္ဆင္လာတဲ့ အသင္းျဖစ္လုိ႔ သူတို႔ရဲ႕ ေပးခ်က္ေတြကလည္း တကယ္ကို ေကာင္းလြန္းပါတယ္။ လီဗာပူးက ခံစစ္လိုင္းကို ျမင့္မယ္ဆိုတာကို အာတီတာ အပိုင္တြက္ထားျပီး ဒီလိုင္းကို ေက်ာ္ဖို႔ တိုက္ရိုက္ ေပးတဲ့ ေဘာလံုးေတြက ပြဲကို အျပီးသတ္ႏုိင္ေလာက္တဲ့ ေပးခ်က္ေတြပါပဲ။ ခပ္ရင့္ရင့္ေျပာရရင္ လာကာဖက္ ဖ်င္းလြန္းလို႔တာ လီဗာပူး ကံေကာင္းခဲ့တာပါ။

ဂိုးသမား အယ္လီဆန္ကလည္း ဒီပြဲမွာ ေနရာယူမႈ ေဘာလံုးျဖန္႔မႈ အေတာ္ေကာင္းခဲ့တယ္။ ဆာလက္ ဂိုးမရေပမယ့္ အာဆင္နယ္ ေနာက္တန္းက သူ႔ကို ထိန္းဖို႔ အလုပ္ရႈပ္ေနကာ ဖာမင္ႏို၊ မာေနး၊ ကိတ္တာနဲ႔ ဝိုက္နယ္ဒမ္တို႔ရဲ႕ ဖိအားေပးမႈကလည္း ညီညာကာ အခ်က္က်လြန္းပါတယ္။

ကေလာ့ပ္က မာေနးကို ဂ်ိဳတာနဲ႔ လူစားလဲခဲ့တယ္။ နည္းစနစ္ပိုင္းေၾကာင္း လူစားလဲတယ္လုိ႔ ယူဆရျပီး ဂ်ိဳတာ ဝင္လာျပီးေနာက္ ဘယ္ျခမ္း ကစားပံုက က်သြားျခင္းမ်ိဳး မရွိခဲ့ပါဘူး။ ဂ်ိဳတာက လီဗာပူးအတြက္ လာဘ္ေကာင္လို႔ ယူဆစရာရွိတာက သူက ကစားခ်ိန္ ၁၀ မိနစ္ေက်ာ္မွာ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ထက္ေတာင္ အခြင့္အေရး ပိုရပါေသးတယ္။

အကယ္လို႔ အခြင့္အေရးတိုင္း သူ အသံုးခ်ႏုိင္ရင္ hat-trick ေတာင္ ေက်ာ္သြားႏုိင္ပါတယ္။ ဘာပဲေျပာေျပာ ဂ်ိဳတာကလည္း လီဗာပူးအတြက္ အဖြင့္ဂိုး သြင္းယူႏုိင္ခဲ့ပါျပီ။ ဒီပြဲမွာ ဖာဘင္ညိဳ၊ ဗန္ဒိုက္၊ ရိုဘိုတို႔ရဲ႕ ေဘာလံုးျဖန္႔မႈ၊ ေဘာလံုးဖ်က္မႈေတြကလည္း သိပ္ေကာင္းခဲ့တာကို ျမင္ခဲ့ရမွာပါ။

ေနာက္ဆံုးအေနနဲ႔ ဒီပြဲျပီး သံုးသပ္ခ်က္က ၾကည့္ခဲ့ရတဲ့ မိနစ္ ၉၀ ပြဲကို ပြဲျပီးမွ လက္တန္း ျပန္ေရးတာျဖစ္လို႔ အစီအစဥ္မက်တာ၊ က်န္ခဲ့တာေတြ ရွိႏုိင္ပါတယ္။ နားလည္ေပးၾကဖို႔ ေမွ်ာ္လင့္ရင္း လီဗာပူးဟာ ရာသီစ ၃ ပြဲကစား ၃ ပြဲႏုိင္ ၉ မွတ္ျဖစ္ေၾကာင္းနဲ႔ နိဂံုးခ်ဳပ္ပါတယ္။