သီယာဂိုနဲ့ အယ်လီဆန်တို့ လီဗာပူးရဲ့ လေ့ကျင့်ရေးတွေ မပါနိုင်ခြင်းက ကိုဗစ်-၁၉ စစ်ဆေးမှုတွေကြောင့် ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ စစ်ဆေးချက် ရလဒ်က ဒီကနေ့မှာ ထွက်လာခဲ့ပြီး ပိုးမတွေ့တာကြောင့် နှစ်ဦးလုံးက အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

အယ်လီဆန်က ဒီကနေ့ ပွဲကြိုမှာ အင်စတာဂရမ်အကောင့်က My Day ကနေ ပွဲနေ့ပုံကို တင်ခဲ့ပါတယ်။ အယ်လီဆန်ဟာ ပွဲနေ့တိုင်းမှာ သူ့ရဲ့ အကောင့်ကနေ ပွဲနေ့ပုံကို ပုံမှန်တင်လေ့ ရှိပါတယ်။

ဒီကနေ့ပွဲမှာ မန်နေဂျာကလော့ပ်က ဂျိုတာကို ထုတ်သုံးမယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောလိုက်ပါတယ်။ ပွဲနေ့ လူစာရင်းထဲမှာ ပါမလား၊ ပွဲထွက်စာရင်းကနေ ပါရမလား စောင့်ကြည့်ရမှာပါ။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အသင်းရဲ့ ကစားသမားသစ် သုံးဦးလုံးကို ကြိုဆိုကြောင်းနဲ့ လီဗာပူးကို ရွေးချယ်ပေးကြတာအတွက်လည်း ကျေးဇူးတင်ကြောင်းကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီ ပထမဆုံး လေးပွဲမှာတင် ဂိုးသွင်းတဲ့ အသင်းသား ၈ ဦးထိ ရှိထားပါတယ်။ ဒါက လီဗာပူးအတွက်တော့ အဖွင့်လေးပွဲအတွင်း စံချိန်တင် မှတ်တမ်းသစ် ဖြစ်ပါတယ်။

လီဗာပူးက ဂရုဂျစ်ကို အပြီးသတ် ရောင်းထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ယူနီရန် ဘာလင်ကို အငှားပဲ ထွက်မှာဖြစ်တယ်။ ဒီရာသီ အငှားချမှုက လာမယ့်ရာသီ ကားရီးယက်စ်ကို ကမ်းလှမ်းမယ့်အသင်း ထွက်ပေါ်စေဖို့ အကျိုးသက်ရောက်မှု ရှိမယ်လို့ လီဗာပူးက မျှော်လင့်ထားပါတယ်။

ရှက်ဖီးယူနိုက်တက် မန်နေဂျာ ဘရစ်ဝိုက်ဒါက ဘရူးစတားကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုထားပေမယ့် အချိန်တွေ ကုန်လာနေချိန်မှာ သဘောတူညီမှု မရသေးကြောင်းကို ဝန်ခံပါတယ်။

ဂန်းနားဟောင်းကြီး မာတင်ကီယွန်က အာဆင်နယ်က လီဗာပူးရဲ့ လွှမ်းမိုးကစားမှုကို ရပ်လိုရင် ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ နှစ်ဦးကို သေချာပေါက် ရပ်တန့်နိုင်ရမယ်လို့ ပြောဆိုပါတယ်။

ဥရောပဘောလုံး ဂျာနယ်လစ် တွမ်ဝီလီယမ်က စကိုင်းစပေါ့ရဲ့ ဘောလုံးအစီအစဉ်မှာ စကားပြောစဉ် လီဗာပူးရဲ့ အထင်ကြီးစရာကောင်းတဲ့ အားသာချက် အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ပွဲကို အမြဲတမ်း အနိုင်မယူပေမယ့် ဘယ်လိုနေနေ ပွဲမှာ အနိုင်ရတဲ့ အသင်းကတော့ လီဗာပူးဖြစ်သွားတာချည်းပဲလို့ ထုတ်ဖော်လိုက်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က အပြောင်းအရွှေ့ မပိတ်ခင်မှာ ခံစစ်မှူးတစ်ဦး အသင်းကို ရောက်လာတာမျိုး ဖြစ်လာဖွယ် မရှိကြောင်းကို အသင်းပရိသတ်တွေကို သတင်းပေးလိုက်ပါတယ်။

ZAWGYI

သီယာဂိုနဲ႔ အယ္လီဆန္တို႔ လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြ မပါႏိုင္ျခင္းက ကိုဗစ္-၁၉ စစ္ေဆးမႈေတြေၾကာင့္ ျဖစ္တယ္လို႔ သတင္းထြက္ေနပါတယ္။ စစ္ေဆးခ်က္ ရလဒ္က ဒီကေန႔မွာ ထြက္လာခဲ့ၿပီး ပိုးမေတြ႕တာေၾကာင့္ ႏွစ္ဦးလုံးက အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ခြင့္ရမွာ ျဖစ္ပါတယ္။

အယ္လီဆန္က ဒီကေန႔ ပြဲၾကိဳမွာ အင္စတာဂရမ္အေကာင့္က My Day ကေန ပြဲေန႔ပံုကို တင္ခဲ့ပါတယ္။ အယ္လီဆန္ဟာ ပြဲေန႔တိုင္းမွာ သူ႔ရဲ႕ အေကာင့္ကေန ပြဲေန႔ပံုကို ပံုမွန္တင္ေလ့ ရွိပါတယ္။

ဒီကေန႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ဂ်ိဳတာကို ထုတ္သုံးမယ္လို႔ လီဗာပူးသတင္းေထာက္ ဂ်ိမး္ပီရက္စ္က ထုတ္ေျပာလိုက္ပါတယ္။ ပြဲေန႔ လူစာရင္းထဲမွာ ပါမလား၊ ပြဲထြက္စာရင္းကေန ပါရမလား ေစာင့္ၾကည့္ရမွာပါ။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အသင္းရဲ႕ ကစားသမားသစ္ သံုးဦးလံုးကို ၾကိဳဆိုေၾကာင္းနဲ႔ လီဗာပူးကို ေရြးခ်ယ္ေပးၾကတာအတြက္လည္း ေက်းဇူးတင္ေၾကာင္းကို အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးဟာ ဒီရာသီ ပထမဆံုး ေလးပြဲမွာတင္ ဂိုးသြင္းတဲ့ အသင္းသား ၈ ဦးထိ ရွိထားပါတယ္။ ဒါက လီဗာပူးအတြက္ေတာ့ အဖြင့္ေလးပြဲအတြင္း စံခ်ိန္တင္ မွတ္တမ္းသစ္ ျဖစ္ပါတယ္။

လီဗာပူးက ဂရုဂ်စ္ကို အျပီးသတ္ ေရာင္းထုတ္ဖို႔ ၾကိဳးစားေပမယ့္ မေအာင္ျမင္ဘဲ ယူနီရန္ ဘာလင္ကို အငွားပဲ ထြက္မွာျဖစ္တယ္။ ဒီရာသီ အငွားခ်မႈက လာမယ့္ရာသီ ကားရီးယက္စ္ကို ကမ္းလွမ္းမယ့္အသင္း ထြက္ေပၚေစဖို႔ အက်ိဳးသက္ေရာက္မႈ ရွိမယ္လို႔ လီဗာပူးက ေမွ်ာ္လင့္ထားပါတယ္။

ရွက္ဖီးယူႏုိက္တက္ မန္ေနဂ်ာ ဘရစ္ဝိုက္ဒါက ဘရူးစတားကို ေခၚယူေပးဖို႔ ဘုတ္အဖြဲ႔ကို ေတာင္းဆိုထားေပမယ့္ အခ်ိန္ေတြ ကုန္လာေနခ်ိန္မွာ သေဘာတူညီမႈ မရေသးေၾကာင္းကို ဝန္ခံပါတယ္။

ဂန္းနားေဟာင္းၾကီး မာတင္ကီယြန္က အာဆင္နယ္က လီဗာပူးရဲ႕ လႊမ္းမိုးကစားမႈကို ရပ္လိုရင္ ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ ႏွစ္ဦးကို ေသခ်ာေပါက္ ရပ္တန္႔ႏုိင္ရမယ္လို႔ ေျပာဆိုပါတယ္။

ဥေရာပေဘာလံုး ဂ်ာနယ္လစ္ တြမ္ဝီလီယမ္က စကိုင္းစေပါ့ရဲ႕ ေဘာလံုးအစီအစဥ္မွာ စကားေျပာစဥ္ လီဗာပူးရဲ႕ အထင္ၾကီးစရာေကာင္းတဲ့ အားသာခ်က္ အရမ္းေကာင္းတဲ့ စြမ္းေဆာင္ရည္နဲ႔ ပြဲကို အျမဲတမ္း အႏုိင္မယူေပမယ့္ ဘယ္လိုေနေန ပြဲမွာ အႏုိင္ရတဲ့ အသင္းကေတာ့ လီဗာပူးျဖစ္သြားတာခ်ည္းပဲလို႔ ထုတ္ေဖာ္လိုက္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အေျပာင္းအေရႊ႔ မပိတ္ခင္မွာ ခံစစ္မွဴးတစ္ဦး အသင္းကို ေရာက္လာတာမ်ိဳး ျဖစ္လာဖြယ္ မရွိေၾကာင္းကို အသင္းပရိသတ္ေတြကို သတင္းေပးလိုက္ပါတယ္။