လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အသင်းရဲ့ ကစားသမားသစ် သုံးဦးလုံးကို ကြိုဆိုကြောင်းနဲ့ လီဗာပူးကို ရွေးချယ်ပေးကြတာအတွက်လည်း ကျေးဇူးတင်ကြောင်းကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောလိုက်ပါတယ်။

ဟန်ဒိုက “ ကံကောင်းစွာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာရတာက ကစားပွဲတွေမှာ ပရိသတ်တစ်ယောက်လို ခံစားချက်တွေ ရှိနေမှာ မဟုတ်ဘူးဆိုတာက မမှန်ပါဘူး။ ကျနေ်ာတို့ကလည်း ဘောလုံးကစားရတာကို မြတ်နိုပြီး ကျနေ်ာတို့ ကိုယ်တိုင်လည်း ပရိသတ်တွေပါ။ အဲ့တာက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။

ကျနော်ဟာ ကစားသမား မဖြစ်လာခင်မှာ ဘောလုံးပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ဘောလုံးသမားဘဝ အဆုံးသတ်ပြီးရင်လည်း ပရိသတ်တစ်ဦး ဖြစ်နေဦးမှာပါ။

လီဗာပူးက လက်မှတ်ထိုးမှု တစ်ခုကို ကြေညာလိုက်တိုင်းမှာ ကျနေ်ာတို့ အဝတ်လဲခန်းကလည်း ပရိသတ်တွေနဲ့ ထူးမခြားနားပါဘဲ ကျနေ်ာတို့ စိတ်လှုပ်ရှားရပါတယ်။ ကြိုတင် မျှော်လင့်ခြင်းတွေနဲ့ သူတို့ကို မြင်ရဖို့ စောင့်မျှော်နေကြတယ် သူတို့ရဲ့ အသံတွေကို ကြားလိုကြပါတယ်။ ဒီကစားသမားသစ်တွေက အသင်းအတွက် လန်းဆန်းတဲ့ အင်အားနဲ့ အသင်းကို ပိုကောင်းမွန်မှုတွေ ယူဆောင်လာပေးမှာပါ။

အားလုံးလည်း သိကြတဲ့အတိုင်း ဘောလုံးရာသီ စတင်ကတည်းက ကျနေ်ာတို့က မျက်နှာသစ် သုံးဦးကို ကြိုဆိုထားနိုင်ပါတယ်။ ကိုစတက်က ပထမဆုံး ပူးပေါင်းခဲ့ပြီး ရာသီကြိုမှာ သူ့ကို သိထားခဲ့ပါပြီ သီယာဂိုနဲ့ ဂျိုတာတို့ကလည်း မကြာသေးခင်က ရောက်လာခဲ့ကြတယ်။

သုံးဦးလုံးက အသင်းအတွက် အရမ်းကို အရေးကြီးပါတယ်။ သူတို့ကို ကြိုဆိုရတာအတွက် အဝတ်လဲခန်းက အရမ်းကို တက်ကြွနေကြတယ်။ ကျနေ်ာတို့တွေ သူတို့ကို လိုပါတယ်။ လီဗာပူးကို ပြောင်းလာဖို့ ရွေးချယ်ခဲ့ကြတာအတွက်လည်း သူတို့ကို ကျေးဇူးတင်ပါတယ် ” လို့ နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အသင္းရဲ႕ ကစားသမားသစ္ သံုးဦးလံုးကို ၾကိဳဆိုေၾကာင္းနဲ႔ လီဗာပူးကို ေရြးခ်ယ္ေပးၾကတာအတြက္လည္း ေက်းဇူးတင္ေၾကာင္းကို အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာလိုက္ပါတယ္။

ဟန္ဒိုက “ ကံေကာင္းစြာပဲ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားျဖစ္လာရတာက ကစားပြဲေတြမွာ ပရိသတ္တစ္ေယာက္လို ခံစားခ်က္ေတြ ရွိေနမွာ မဟုတ္ဘူးဆိုတာက မမွန္ပါဘူး။ က်ေန္ာတို႔ကလည္း ေဘာလံုးကစားရတာကို ျမတ္ႏိုျပီး က်ေန္ာတို႔ ကိုယ္တိုင္လည္း ပရိသတ္ေတြပါ။ အဲ့တာက ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္ပါဘူး။

က်ေနာ္ဟာ ကစားသမား မျဖစ္လာခင္မွာ ေဘာလံုးပရိသတ္တစ္ဦး ျဖစ္ပါတယ္။ ေဘာလံုးသမားဘဝ အဆံုးသတ္ျပီးရင္လည္း ပရိသတ္တစ္ဦး ျဖစ္ေနဦးမွာပါ။

လီဗာပူးက လက္မွတ္ထိုးမႈ တစ္ခုကို ေၾကညာလိုက္တိုင္းမွာ က်ေန္ာတို႔ အဝတ္လဲခန္းကလည္း ပရိသတ္ေတြနဲ႔ ထူးမျခားနားပါဘဲ က်ေန္ာတို႔ စိတ္လႈပ္ရွားရပါတယ္။ ၾကိဳတင္ ေမွ်ာ္လင့္ျခင္းေတြနဲ႔ သူတို႔ကို ျမင္ရဖို႔ ေစာင့္ေမွ်ာ္ေနၾကတယ္ သူတို႔ရဲ႕ အသံေတြကို ၾကားလိုၾကပါတယ္။ ဒီကစားသမားသစ္ေတြက အသင္းအတြက္ လန္းဆန္းတဲ့ အင္အားနဲ႔ အသင္းကို ပိုေကာင္းမြန္မႈေတြ ယူေဆာင္လာေပးမွာပါ။

အားလံုးလည္း သိၾကတဲ့အတိုင္း ေဘာလံုးရာသီ စတင္ကတည္းက က်ေန္ာတို႔က မ်က္ႏွာသစ္ သံုးဦးကို ၾကိဳဆိုထားႏုိင္ပါတယ္။ ကိုစတက္က ပထမဆံုး ပူးေပါင္းခဲ့ျပီး ရာသီၾကိဳမွာ သူ႔ကို သိထားခဲ့ပါျပီ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကလည္း မၾကာေသးခင္က ေရာက္လာခဲ့ၾကတယ္။

သံုးဦးလံုးက အသင္းအတြက္ အရမ္းကို အေရးၾကီးပါတယ္။ သူတို႔ကို ၾကိဳဆိုရတာအတြက္ အဝတ္လဲခန္းက အရမ္းကို တက္ၾကြေနၾကတယ္။ က်ေန္ာတို႔ေတြ သူတို႔ကို လိုပါတယ္။ လီဗာပူးကို ေျပာင္းလာဖို႔ ေရြးခ်ယ္ခဲ့ၾကတာအတြက္လည္း သူတို႔ကို ေက်းဇူးတင္ပါတယ္ ” လို႔ ေႏြးေထြးစြာ ၾကိဳဆိုခဲ့ပါတယ္။