ရှက်ဖီးယူနိုက်တက် မန်နေဂျာ ဘရစ်ဝိုက်ဒါက ဘရူးစတားကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုထားပေမယ့် အချိန်တွေ ကုန်လာနေချိန်မှာ သဘောတူညီမှု မရသေးကြောင်းကို ဝန်ခံပါတယ်။

လီဗာပူး တိုက်စစ်မှူး ဘရူးစတားအတွက် ပေါင် ၂၅ သန်း ဝန်းကျင်ထိ တောင်းဆိုနေပြီး အလိုရှိရင် ပြန်လည် ဝယ်ယူခွင့် သဘောတူညီမှုကို ထည့်သွင်းလိုတယ်။ ဒါပေမယ့်လို့ လီဗာပူးရဲ့ တောင်းဆိုမှုတွေကို ပေးဖို့ကတော့ အခုချိန်ထိ သဘောတူညီမှု မရှိသေးဘူးလို့ ယူဆရတယ်။

ခရစ် ဝိုက်ဒါက ” အသင်းအပေါ်မှာပဲ ကျနော်က အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် အချိန်တွေက ကုန်ဆုံးနေတာပါ။ ဒါကိုလည်း ကျနော် သိပါတယ် ” လို့ လီဗာပူးအသင်းက ဘရူးစတားကို ခေါ်ယူဖို့ကိစ္စ နှောင့်နှေးနေခြင်းအပေါ် အဖြေပေးပါတယ်။

ရှက်ဖီးမန်နေဂျာက ” ဘုတ်အဖွဲ့ကို ကျနော် လိုချင်တဲ့ ကစားသမား ၂ ဦးနဲ့ ပက်သက်ပြီး ပြောထားပါတယ်။ ကျနေ်ာတို့ ကစားသမားသစ် အချို့ကို ရမှဖြစ်ပါမယ်။ ဒီကိစ္စကို ဂရုစိုက်နိုင်ဖို့နဲ့ ကျနော်ရဲ့ ဆန္ဒအတိုင်း အင်အားဖြည့်ဖို့ လိုအပ်နေမှုကို လုပ်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်တယ်။

ဝိုက်ဒါဟာ လီဗာပူးတိုက်စစ်သမားလေးကို ရနိုင်ဖို့ မန်နေဂျာ ယာဂင်ကလော့ပ်နဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုမှုတောင် လုပ်ထားတယ်လို့ သိရတယ်။

လီဗာပူးက ဘရူးစတားရဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးမသတ်နိုင်သလိုပဲ ပေါင် သန်း ၂၀ ရလိုနေတဲ့ ဝဲလ်ဆန်အတွက်လည်း ဘန်လေအသင်းထံက ကနဦး ပေါင် ၁၂ သန်းဖြစ်ကာ ထပ်တိုး ပေါင် ၄ သန်း ဆိုတဲ့ ကမ်းလှမ်းမှုကိုပဲ ရထားပါတယ်။

ZAWGYI

ရွက္ဖီးယူႏုိက္တက္ မန္ေနဂ်ာ ဘရစ္ဝိုက္ဒါက ဘရူးစတားကို ေခၚယူေပးဖို႔ ဘုတ္အဖြဲ႔ကို ေတာင္းဆိုထားေပမယ့္ အခ်ိန္ေတြ ကုန္လာေနခ်ိန္မွာ သေဘာတူညီမႈ မရေသးေၾကာင္းကို ဝန္ခံပါတယ္။

လီဗာပူး တိုက္စစ္မွဴး ဘရူးစတားအတြက္ ေပါင္ ၂၅ သန္း ဝန္းက်င္ထိ ေတာင္းဆိုေနျပီး အလိုရွိရင္ ျပန္လည္ ဝယ္ယူခြင့္ သေဘာတူညီမႈကို ထည့္သြင္းလိုတယ္။ ဒါေပမယ့္လို႔ လီဗာပူးရဲ႕ ေတာင္းဆိုမႈေတြကို ေပးဖို႔ကေတာ့ အခုခ်ိန္ထိ သေဘာတူညီမႈ မရွိေသးဘူးလို႔ ယူဆရတယ္။

ခရစ္ ဝိုက္ဒါက ” အသင္းအေပၚမွာပဲ က်ေနာ္က အာရံုစိုက္ထားပါတယ္။ ဒါေပမယ့္ အခ်ိန္ေတြက ကုန္ဆံုးေနတာပါ။ ဒါကိုလည္း က်ေနာ္ သိပါတယ္ ” လို႔ လီဗာပူးအသင္းက ဘရူးစတားကို ေခၚယူဖို႔ကိစၥ ေႏွာင့္ေႏွးေနျခင္းအေပၚ အေျဖေပးပါတယ္။

ရွက္ဖီးမန္ေနဂ်ာက ” ဘုတ္အဖြဲ႔ကို က်ေနာ္ လိုခ်င္တဲ့ ကစားသမား ၂ ဦးနဲ႔ ပက္သက္ျပီး ေျပာထားပါတယ္။ က်ေန္ာတို႔ ကစားသမားသစ္ အခ်ိဳ႔ကို ရမွျဖစ္ပါမယ္။ ဒီကိစၥကို ဂရုစိုက္ႏုိင္ဖို႔နဲ႔ က်ေနာ္ရဲ႕ ဆႏၵအတိုင္း အင္အားျဖည့္ဖို႔ လိုအပ္ေနမႈကို လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္တယ္။

ဝိုက္ဒါဟာ လီဗာပူးတိုက္စစ္သမားေလးကို ရႏုိင္ဖို႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔ ပုဂၢိဳလ္ေရး ေျပာဆိုမႈေတာင္ လုပ္ထားတယ္လို႔ သိရတယ္။

လီဗာပူးက ဘရူးစတားရဲ႕ အေျပာင္းအေရႊ႔ကိစၥ အျပီးမသတ္ႏုိင္သလိုပဲ ေပါင္ သန္း ၂၀ ရလိုေနတဲ့ ဝဲလ္ဆန္အတြက္လည္း ဘန္ေလအသင္းထံက ကနဦး ေပါင္ ၁၂ သန္းျဖစ္ကာ ထပ္တိုး ေပါင္ ၄ သန္း ဆိုတဲ့ ကမ္းလွမ္းမႈကိုပဲ ရထားပါတယ္။