ဂန်းနားဟောင်းကြီး မာတင်ကီယွန်က အာဆင်နယ်က လီဗာပူးရဲ့ လွှမ်းမိုးကစားမှုကို ရပ်လိုရင် ကစားသမား နှစ်ဦးကို သေချာပေါက် ရပ်တန့်နိုင်ရမယ်လို့ ပြောဆိုပါတယ်။

ယခင်တွေ့ဆုံမှုတွေမှာ အာဆင်နယ်က အနိုင်ရခဲ့တာက ဒီကစားသမား နှစ်ဦးရဲ့ ခြေစွမ်းကို အကောင်းဆုံး မပြသနိုင်အောင် ရပ်တန့်နိုင်ခြင်းကြောင့်လို့လည်း ကီယွန်က မြင်ပါတယ်။

ကီယွန်က ” လီဗာပူးကို ရင်ဆိုင်ကစား ဒီတလော အာဆင်နယ်အသင်း အသာရနေမှုတွေမှာ ရော်ဘတ်တို ဖာမင်နိုရဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ်ဖြစ်အောင် လုပ်နိုင်တာနဲ့ ဖာဘင်ညိုရဲ့ ပူးပေါင်းပါဝင်မှုကို တားဆီးနိုင်တာကြောင့် ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းက ပိုင်ဆိုင်မှုတွေမှာ လွှမ်းမိုးနိုင်ပြီး ပွဲကြည့်စင် အောက်ခြေကနေ စတင်တဲ့ ကောင်းမွန်တဲ့ စနစ်နဲ့အတူ ဖန်တီးမှုတွေ လုပ်နေနိုင်တာဖစ်တယ်။ အကယ်လို့ ခံစစ်က ပွဲကြည့်စင် အောက်ခြေဆိုရင် ကွင်းလယ်က ပထမထပ်၊ တိုက်စစ်က ဒုတိယထပ်ဖြစ်တယ်။ ဖာမင်နိုနဲ့ ဖာဘင်ညိုက အောက်ခြေနဲ့ ဒုတိယအထပ်ကြား ပေါင်းကူးပေးနေသူတွေဖြစ်တယ်။

ဖာဘင်ညိုက ခံစစ်နဲ့ ကွင်းလယ်ကြားကို တာဝန်ယူပြီး ဖာမင်နိုက ကွင်းလယ်နဲ့ တိုက်စစ်ကြားကို တာဝန်ယူတယ်။ အကယ်လို့ သူတို့ နှစ်ဦးကို မပိတ်နိုင်ဘူးဆိုရင် ပွဲစဉ်ရဲ့ အချိန်အများအပြားမှာ လီဗာပူးက ဘောလုံးနဲ့အတူ စိုးမိုးကစားနေတာကိုပဲ မြင်ရပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အာဆင်နယ်ဟာ မနှစ်ကရာသီ နောက်ဆုံး ၉ ပွဲမှာ လီဗာပူးကို အနိုင်ယူနိုင်ခဲ့တဲ့ အသင်း ၂ သင်းထဲက တစ်သင်းဖြစ်တယ်။ သူတို့က ကွန်မြူနတီဒိုင်းမှာလည်း အနိုင်ရထားတဲ့အသင်းဖြစ်တယ်။ ဒီရာသီကိုတော့ လီဗာပူးကော အာဆင်နယ်ပါ အကောင်းဆုံး စတင်လာနိုင်ပြီး ဒီကနေ့ အနိုင်ရတဲ့အသင်းဟာ ရာနှုန်းပြည့် နိုင်ပွဲရတဲ့ ကလပ်သုံးသင်း စာရင်းထဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ZAWGYI

ဂန္းနားေဟာင္းၾကီး မာတင္ကီယြန္က အာဆင္နယ္က လီဗာပူးရဲ႕ လႊမ္းမိုးကစားမႈကို ရပ္လိုရင္ ကစားသမား ႏွစ္ဦးကို ေသခ်ာေပါက္ ရပ္တန္႔ႏုိင္ရမယ္လို႔ ေျပာဆိုပါတယ္။

ယခင္ေတြ႔ဆံုမႈေတြမွာ အာဆင္နယ္က အႏုိင္ရခဲ့တာက ဒီကစားသမား ႏွစ္ဦးရဲ႕ ေျခစြမ္းကို အေကာင္းဆံုး မျပသႏုိင္ေအာင္ ရပ္တန္႔ႏုိင္ျခင္းေၾကာင့္လို႔လည္း ကီယြန္က ျမင္ပါတယ္။

ကီယြန္က ” လီဗာပူးကို ရင္ဆိုင္ကစား ဒီတေလာ အာဆင္နယ္အသင္း အသာရေနမႈေတြမွာ ေရာ္ဘတ္တို ဖာမင္ႏိုရဲ႕ စြမ္းေဆာင္ရည္ကို အကန္႔အသတ္ျဖစ္ေအာင္ လုပ္ႏုိင္တာနဲ႔ ဖာဘင္ညိဳရဲ႕ ပူးေပါင္းပါဝင္မႈကို တားဆီးႏုိင္တာေၾကာင့္ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက ပိုင္ဆိုင္မႈေတြမွာ လႊမ္းမိုးႏုိင္ျပီး ပြဲၾကည့္စင္ ေအာက္ေျခကေန စတင္တဲ့ ေကာင္းမြန္တဲ့ စနစ္နဲ႔အတူ ဖန္တီးမႈေတြ လုပ္ေနႏုိင္တာဖစ္တယ္။ အကယ္လို႔ ခံစစ္က ပြဲၾကည့္စင္ ေအာက္ေျခဆိုရင္ ကြင္းလယ္က ပထမထပ္၊ တိုက္စစ္က ဒုတိယထပ္ျဖစ္တယ္။ ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳက ေအာက္ေျခနဲ႔ ဒုတိယအထပ္ၾကား ေပါင္းကူးေပးေနသူေတြျဖစ္တယ္။

ဖာဘင္ညိဳက ခံစစ္နဲ႔ ကြင္းလယ္ၾကားကို တာဝန္ယူျပီး ဖာမင္ႏိုက ကြင္းလယ္နဲ႔ တိုက္စစ္ၾကားကို တာဝန္ယူတယ္။ အကယ္လို႔ သူတို႔ ႏွစ္ဦးကို မပိတ္ႏုိင္ဘူးဆိုရင္ ပြဲစဥ္ရဲ႕ အခ်ိန္အမ်ားအျပားမွာ လီဗာပူးက ေဘာလံုးနဲ႔အတူ စိုးမိုးကစားေနတာကိုပဲ ျမင္ရပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အာဆင္နယ္ဟာ မႏွစ္ကရာသီ ေနာက္ဆံုး ၉ ပြဲမွာ လီဗာပူးကို အႏုိင္ယူႏိုင္ခဲ့တဲ့ အသင္း ၂ သင္းထဲက တစ္သင္းျဖစ္တယ္။ သူတို႔က ကြန္ျမဴနတီဒိုင္းမွာလည္း အႏုိင္ရထားတဲ့အသင္းျဖစ္တယ္။ ဒီရာသီကိုေတာ့ လီဗာပူးေကာ အာဆင္နယ္ပါ အေကာင္းဆံုး စတင္လာႏုိင္ျပီး ဒီကေန႔ အႏုိင္ရတဲ့အသင္းဟာ ရာႏႈန္းျပည့္ ႏုိင္ပြဲရတဲ့ ကလပ္သံုးသင္း စာရင္းထဲ ပါဝင္သြားမွာ ျဖစ္ပါတယ္။